မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က ကိုးပင်-သာဂရလမ်းပိုင်းမှာ ဂိတ်အချိန်းအပြောင်းလုပ်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စောင့်ကြိုမိုင်းဆွဲခံရပြီး ဗိုလ်ကြီးအဆင့်ရှိအပါ ၈ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ ၁၁ယောက်အထိရှိခဲ့ကြောင်း ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၇ရက်၊ မနက်ပိုင်းက ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်-သာဂရလမ်းပိုင်းအတွင်းမှာရှိတဲ့ သာစည်ဂိတ်နဲ့ သပြေစမ်းဂိတ်က စစ်ကောင်စီတပ်သားတွေ ဂိတ်အချိန်းအပြောင်းလုပ်ချိန်မှာ တော်လှန်ရေးတပ်တွေက ပဒေသာမိုင်းတွေနဲ့ ၂ကြိမ်တိတိ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“ကိုးပင်-သာဂရလမ်းပိုင်းက ပဲခူးရိုးမဖြတ်လမ်းပါ။ စစ်ကောင်စီဂိတ်တွေ အဲ့လမ်းပိုင်းမှာ အများကြီးရှိတယ်။ အရင်ကလည်း ဂိတ်အချိန်းအပြောင်းလုပ်ရင် တိုက်ခိုက်နေကျပါ။ အခုလည်း သာစည်ဂိတ်နဲ့ သပြေစမ်းဂိတ်က နှစ်ဂိတ်ပေါင်း အင်အား ၃၀ လောက် ရှိတယ်။ သေသွားတဲ့ ဗိုလ်နာမည်တော့ မသိရသေးပါဘူး” လို့ ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ကိုးပင်ရွာဟာ ရန်ကုန်-မ​န္တလေး အမှတ် (၂) လမ်းဟောင်းပေါ်မှာ ရှိပြီး နေပြည်တော်ကို အမြန်ဆုံးသွားရောက်နိုင်တဲ့ နေပြည်တော်-ရေတာရှည်လမ်းပိုင်း တစ်နည်း စစ်သုံးလမ်းပေါ်မှာတော့ သာဂရရွာ ရှိတာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကို သရက်ခရိုင် အမှတ် ၅ တပ်ရင်း (ဆင်ပေါင်ဝဲမြို့နယ်) နဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ (တောင်တွင်းကြီး)

တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ဇွန်လ၂၉ ရက်နေ့ကလည်း တောင်တွင်းကြီးမြို့နယ်၊ အိုးပေါက်ရွာအုပ်စု အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် ဗိုလ်ကွီ (ခ) ခင်မောင်လတ်ကို ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးတပ်(တောင်တွင်းကြီး) နဲ့ မဟာမိတ်တွေက နေအိမ်အထိ သွားရောက်ပစ်ခတ် ရှင်းလင်းခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ကျေးရွာအုပ်စုနှင့် ရပ်ကွက်ပေါင်း ၂၉၃၁ ခုတွင် အတုအယောင် ရွေးကောက်ပွဲ မလုပ်နိုင်တော့ကြောင်း စစ်ကော်မရှင် ထုတ်ပြန်

အတုအယောင် ရွေးကောက်ပွဲနီးကပ်လာချိန် တိုင်းနဲ့ပြည်နယ်အသီးသီးက မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာအုပ်စုပေါင်း ၂၉၃၁ ခုမှာ အခြေအနေတွေကြောင့် ရွေးကောက်ပွဲအတု လုပ်နိုင်တော့မှာမဟုတ်ဘူးလို့ အကြမ်းဖက်စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာလ ၆ရက်နဲ့ ၇ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ စစ်အုပ်စုလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် UEC ရဲ့ ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲကျင်းပမယ့် မြို့နယ် ၂၀၂ မြို့နယ်ထဲက ရပ်ကွက်ပေါင်း ၁၆၁ ခုနဲ့ ကျေးရွာအုပ်စုပေါင်း ၂၇၇၀ မှာ ရွေးကောက်ပွဲလုပ်ဆောင်နိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။
Read More

စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၂ယောက် Loikaw Local PDF ထံ အလင်းဝင်

လွိုင်ကော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF) ထံကို စစ်မှုထမ်းသင်တန်းဆင်း စစ်ကောင်စီတပ်သား ၂ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပန်ရပ်ကျေးရွာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၇နှစ်အရွယ် ကလေးများ အပါအဝင် ၅ ဦး သေဆုံး 

မွန်ပြည်နယ် ကျိုက်မရောနဲ့ ကရင်ပြည်နယ် ကော့ကရိတ် အစပ်မှာရှိတဲ့ ပန်ရပ်ကျေးရွာမှာ ကလေးတွေစာသင်နေတဲ့ နေအိမ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အသက် ၇နှစ်အရွယ် ကလေး ၂ယောက် အပါအဝင် ၅ယောက် သေဆုံးသွားတယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ထံက သိရပါတယ်။ 
Read More

ကျပ်ဘီလီယံနှင့်ချီ မူးယစ်ဆေးဝါးအမှုတွင် ပါဝင်သက်ဆိုင်ခြင်းမရှိဟု AA ထုတ်ပြန်၊ စစ်ရှုံးကောင်စီ၏ ရှက်ရမ်းရမ်းကာ အငြိုးအတေးကြီးစွာ စွပ်စွဲချက်သာဖြစ်သည်ဟု ဆို

စစ်ကောင်စီက အာရက္ခတပ်တော် (AA) ကို ရန်ကုန်မြို့မှာ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးအမှုမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲထားမှုဟာ စစ်အစိုးရအဆက်ဆက် လုပ်လေ့လုပ်ထရှိတဲ့ နိုင်ငံရေးယုတ်မာမှုသာ ဖြစ်တယ်လို့ AA က ထုတ်ပြန်လိုက်ပါတယ်။
Read More

အတုအယောင် ရွေးကောက်ပွဲအတွက် ပြည်သူများအား အစည်းဝေးခေါ် မဲဆွယ်စည်းရုံးပေးသော အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

"ကျည်သုံးချက်ထိမှန်ပြီး နေရာမှာပဲ သေသွားတာ၊ ခုခံချိန်မရလိုက်ဘူး၊ သူ့အိတ်ထဲက အသီးကို နှိုက်ရင်း မောင်းပြေးတာ၊ ညပိုင်း‌မှာတော့ ဒိုက်ဦး ရခ ငါးယောက်ရောက်လာတယ်" လို့ 9 Stats Underground Force , Bago Region တပ်ဖွဲ့တာဝန်ခံ မြေပွေးက မောင်းကိုပြောပါတယ်။
Read More

အလွမ်းကဖီးရဲ့ ဒေါင့်လေးမှာ ဂျေညီညီ မရှိတော့ပါ

၁၉၈၀ ခုနှစ် ရေဒီယိုခေတ်တွေမှာ တချိန်ကနာမည်ကြီးခဲ့တဲ့ တေးသံရှင် ဂျေညီညီဟာ ဒီနေ့ မတ်လ ၃၁ ရက် မနက်အစောပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။