မကွေးတိုင်း ချောက်မြို့နယ် မြေပဒုံနဲ့ တောင်သာရွာကြား စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေတိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ မြိုင်ပကဖ က သတင်းထုတ်ပြန်ထားပါ တယ်။

ဇူလိုင် ၂ ရက်က စလေမြို့ ခလရ ၄၁၆ မှ ထွက်လာတဲ့ အင်အား ၈၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ချောက်မြို့နယ် မြေပဒုံနဲ့ တောင်သာရွာကြားအရောက် စတင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ မိနစ် ၉၀ ကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံးကာ အရာရှိ ၁ ယောက် အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီက လေကြောင်းကနေ ပစ်ကူ ၃ ကြိမ်ပေးခဲ့ပြီး တော်လှန်ရေးပူးပေါင်း တပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေ ပြန်လည်ဆုတ်ခွာသွားကြတယ်လို့ သိရ ပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ ၊ ပေါက်ပကဖ ၊ ချောက်မြို့နယ်တော်လှန်ရေးတပ် (CRA) ၊ မကွေး ခရိုင် တပ်ရင်း(၁) ၊ ချောက် ပကဖ နဲ့ ဒေသခံ မဟာမိတ်တပ်ပေါင်းစုတွေက ပူးပေါင်းလုပ်ဆောင် ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာမှ ထွက်လာသည့် စစ်တပ်ယာဉ်နှင့် ကာကင်းယူထားသည့် စစ်သားများကို တိုက်ခိုက်မှု ၃ ယောက် သေ (ရုပ်/သံ)

တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာမှ ချောင်းနှစ်ပေါက်ကျေးရွာဘက် ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်နဲ့ ကာကင်းယူထားတဲ့ အကြမ်းဖက်စစ်သားတွေကို မတ်လ ၈ ရက် မနေ့က မနက်ပိုင်းမှာ အလစ်အငိုက် တိုက်ခိုက်ခဲ့တယ်လို့  မြိတ်ခရိုင်တပ်ရင်း ၂ ထံက သိရပါတယ်။
Read More

ငါန်းဇွန်မြို့နယ်အတွင်း အင်အားအလုံးအရင်း ဝင်လာသည့် စစ်တပ်စစ်ကြောင်းကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းကနေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Zin Yaw Ni Sniper packing Guerrilla forces က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဘုတလင်တိုက်ပွဲက အောင်ပွဲရ ရဲဘော်တွေကို ဂုဏ်ပြု ဆုငွေများချီးမြှင့် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီ  စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်နိုင်ခဲ့တဲ့ရဲဘော်တွေကို ဂုဏ်ပြုဆုငွေချီးမြှင့်ပေးခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သား နေအိမ်တွေကို မီးရှို့ဖျက်ဆီးလျက်ရှိတယ်လို့  Karenni Nationalities Defence Force (KNDF) ထံက သိရပါတယ်။
Read More

၂၀၂၅ နှစ်စပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၇၀ ခန့် သေဆုံးစေခဲ့သည့် တိုက်ပွဲမှတ်တမ်း ရေးပြောက်ကျားတပ် ထုတ်ပြန် (ရုပ်/သံ)

၂၀၂၅ နှစ်စပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၇၀ ခန့်သေဆုံးခဲ့တဲ့  ဒေါနစစ်ကြောင်း(၂)၊ရေးပြောက်ကျားတပ်(YGF) ရဲ့ စစ်ရေးလှုပ်ရှားမှုမှတ်တမ်းရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။