ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အမှတ် ၂ ရပ်ကွက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒီနေ့ မနက် ၁ နာရီဝန်းကျင်ခန့်က ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အမှတ် ၂ ရပ်ကွက် စျေးလမ်း၊ ဖူလီလိုက်ဟိုတယ်နဲ့ ရထိုက်ဟိုတယ်တွေ ဗုံးဒဏ်ကြောင်ြ ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ ၁ ယောက်သေဆုံးခဲ့ကာ ၉ ‌ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဟာ လားရှိုးမြို့ လူနေရပ်ကွက်အတွင်းကို ဩဂုတ်လ ၃၀ ရက်နေ့၊ စက်တင်ဘာလ ၉ ရက်နေ့၊ စက်တင်ဘာလ ၁၀ ရက်နေ့၊ စက်တင်ဘာလ ၂၁ ရက်နေ့နဲ့ စက်တင် ဘာလ ၂၄ ရက်နေ့တွေမှာလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ကန့်ဘလူမြို့နယ် ယမနေရွာက စစ်တပ်အထိုင်စခန်း ဒရုန်းနဲ့ ဗုံးသီးကြဲခံရပြီး မီးလောင်ပေါက်ကွဲမှုဖြစ်ပွား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ယမနေရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ဇန်နဝါရီ ၂ ရက် မနေ့ညပိုင်းက ကန့်ဘလူခရိုင်တပ်ရင်း ၄ က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ဒရုန်းဖြင့် ဗုံးကြဲခံရပြီး စစ်ကောင်စီတပ်သားများ ထိုင်းနိုင်ငံဘက်ခြမ်းကို ရေကူးထွက်ပြေးသည့် မှတ်တမ်း (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်မှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတွေ ထိုင်းနိုင်ငံဘက်ခြမ်းကို ရေကူးထွက်ပြေးကြတဲ့ ရုပ်သံဖိုင်ကို Federal Wings က ထုတ်ပြန်လိုက်ပါတယ်။
Read More

သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပတ်စဥ်(၁)သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ (ရုပ်/သံ)

သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပတ်စဥ်(၁)သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင်ကို ပုတီးတစ်လုံး ပြောက်ကျားတပ်ဖွဲ့ မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

မိုးကြိုးစစ်ကြောင်း တိုက်နယ် ၃၊ အပတ်စဉ် ၆ စစ်သင်တန်းဆင်းပွဲ (ရုပ်/သံ)

မိုးကြိုးစစ်ကြောင်း တိုက်နယ် ၃၊ အပတ်စဉ် ၆ စစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၁ ရက်မှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်တယ်လို့ မိုးကြိုးစစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ပုလဲမြို့နယ်အတွင်း ပစ်ချခံရသည့် စစ်ကောင်စီ ဂျက်ဖိုက်တာ အပျက်အစီးများ PLA ထုတ်ပြန် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း ပစ်ကူလာပေးရင်း ပစ်ချခံခဲ့ရတဲ့ စစ်ကောင်စီ ဂျက်ဖိုက်တာ အပျက်အစီးတွေကို ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်သံကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်  (PLA) က ထုတ်ပြန်လိုက်ပါတယ်။
Read More

မန္တလေးမြို့ ဘီကျင်းဟိုတယ် အဆောက်အအုံအောက်မှာ ပိတ်မိနေတဲ့ သားအမိ ၂ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၈၄x၂၉ လမ်းထောင့်ရှိ ဘီကျင်းဟိုတယ် အဆောက်အအုံပြိုကျမှုအတွင်း ပိတ်မိနေတဲ့ မိခင်နဲ့ ကလေးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။