မန္တလေးတိုင်း တံတားဦးမြို့နယ်ကနေ ငါန်းဇွန်မြို့နယ်ဘက် လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ Special Task Force ngazun က သတင်းထုတ်ပြန်ထားပါတယ်။

တံတားဦးမြို့နယ်ကနေ ငါန်းဇွန်မြို့နယ်ဘက်ကို ၁၂ ဘီးကား ၁ စီး၊ ဖောကား ၃ စီး၊ လိုက်ထရပ်ကား ၁ စီး၊ မက်တူးကား ၂ စီး၊ စုစုပေါင်း ကား ၇ စီးနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဂွေးကုန်းဂိတ်နဲ့ စက်မှုဇုန်ကြားအရောက် ယာဉ်တွေကို ရပ်ထားပြီး ခြေလျင်စစ်ကြောင်းထိုးလာတဲ့အတွက် မိုင်းကွင်းအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ကင်းပုန်းဝပ်ပြီး အသင့်စောင့်ဆိုင်းနေတဲ့ တော်လှန်ရေးရဲဘော်တွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အရာရှိဗိုလ်ကြီး ၁ ယောက်၊ ဗိုလ်လေး ၂ ယောက်အပါအဝင် စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ အနီးနားရွာတွေက ရွာသူရွာသားတွေကို ဓားစာခံအဖြစ် ခေါ်ဆောင်ပြီး မြို့သာစက်မှုဇုန်ကို ဝင်ရောက်သွားကြောင်း သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ်(၆) တပ်ရင်း တပ်ခွဲ(၃)၊ မြင်းခြံခရိုင် အမှတ်(၆) တပ်ရင်း တပ်ခွဲ(၂) နဲ့ TGYR Youth Guerrilla Counter Revolution Ngazun အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးရဲဘော် ၁ ယောက် ၆၀ မမ အစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video – Special Task Force ngazun

0 Shares:
You May Also Like
Read More

ခင်ဦးမြို့နယ်၊ မဒေါင်းလှ ပျူစောထီးရွာကို PDF တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက် သိမ်းပိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မဒေါင်းလှ ပျူစောထီးရွာကို PDF တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို Dragon Urban Guerrilla အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

၁၁ လအတွင်း စစ်ကောင်စီတပ်ရဲ့ ဒုဗိုလ်မှူးကြီးအဆင့်၊ ဒုရဲမှူးအဆင့် အပါအဝင် တပ်သား ၄၇၅ ယောက်အလင်းဝင်ခဲ့ဟု NUG ထုတ်ပြန် (ရုပ်/သံ)

၂၀၂၄ နှစ်စကနေ နိုဝင်ဘာလအထိ ၁၁ လတာအတွင်း စစ်ကောင်စီတပ်ရဲ့ ဒုဗိုလ်မှူးကြီးအဆင့်၊ ဒုရဲမှူးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၄၇၅ ယောက် အလင်းဝင်ရောက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ဝန်ကြီးချုပ်ရုံး‌ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြည်သူလူထုနှင့် နိုင်ငံတကာသို့ စကား‌ပြောကြားခြင်း(Press Briefing) အစီအစဉ် ၄/၂၀၂၄ မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
Read More

ဝမ်ပေါင်ကြေးနီယာဉ်တန်းအတွက် လမ်းလုံခြုံရေးပေးထားတဲ့ စစ်သားကင်းပုန်းကို မိုင်းဆွဲတိုက်ခိုက်မှု ၂ ယောက် ထိခိုက်မှုရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦး-မုံရွာလမ်းပိုင်းမှာ တွဲကား ၆၈ စီး ယာဉ်တန်းကို လမ်းလုံခြုံရေးယူထားတဲ့ အကြမ်းဖက်စစ်သားကင်းပုန်းတွေကို ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 peoples defense force အဖွဲ့ထံက သိရပါတယ်။
Read More

အောင်လံမြို့နယ်မှာ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ လိုက်ထရပ်ယာဉ်မိုင်းဆွဲခံရပြီး ၇ ယောက်သေကာ အများအပြားဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း အောင်လံမြို့နယ်မှာ အောက်တိုဘာ ၂၇ ရက်က အကြမ်းဖက်စစ်သား ၂၅ ယောက် လိုက်ပါစီးနင်းလာတဲ့ လိုက်ထရပ်ယာဉ်ကို ကြူဝပ်/ကျောက်ပုံကျေးရွာနဲ့ သံပုရာခုံကျေးရွာအကြားမှာ တော်လှန်ရေးအင်အားစုတွေက မိုင်းဆွဲပြီး လက်နက် ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၇ ယောက်သေပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ် လို့ သရက်ခရိုင် အမှတ် - ၁ တပ်ရင်းထံက သိရပါတယ်။
Read More

ပွင့်ဖြူမြို့နယ် ဆင်းလူးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မြေပြင် ဝေဟင် ပူးတွဲတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင် မင်းဘူးခရိုင် အမှတ်-၄တပ်ရင်းထုတ်ပြန် (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆင်းလူးရွာက အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မြေပြင်‌ ဝေဟင် ပူးတွဲစစ်ဆင်ရေး ဖော်ဆောင်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

ကင်မ် ကီလို ၈၀ ပြေးသည့် Challenge တွင် ယူကေရောက်မြန်မာများ ပါဝင်အားဖြည့် (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့ အထိမ်းအမှတ် Challenge အနေနဲ့ သားဖြစ်သူ ကင်မ်က ကီလို ၈၀ ပြည့်အောင် ပြေးနေပါတယ်။