ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့အချင်းချင်း လက်နက်ကြီးမှားယွင်း ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၇ ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်၊ ညနေ ၅ နာရီအချိန်မှာ မင်းလှမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက တော်လှန်ရေးတပ်တွေရှိရာ ရိုးမပေါ်ကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် အဆိုပါ လက်နက်ကြီးဟာ တော်လှန်ရေးရဲဘော်တွေ ရှိရာကို မကျရောက်ဘဲ အင်အား ၄၀- ၅၀ ဝန်းကျင်ခန့်နဲ့ ကျွဲမကိုင်းရွာမှာရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၇ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ထိသွားတဲ့ စစ်ကြောင်းက အရင်ရက်တွေကတည်းက ရိုးမထဲ စစ်ကြောင်းထိုးနေတာ၊ သံချပ်ကာကား  ၃ စီးလည်း ပါတယ်။ သူတို့က တောလမ်းကို ပတ်ထိုးနေတာ။ သူတို့က ထမင်းတွေလည်း ငတ်နေပြီ။ “ထမင်း မစားရတာ ၃ ရက် ရှိနေပြီ။ လက်နက်ကြီးပစ်တဲ့သူကလည်း မျက်စိမပါဘူးလား၊ ဘာညာ ပြီးတော့ တပ်ပြေးလုပ်တော့မယ်” ဆိုပြီးလည်း ဆဲဆို ပြောနေတာတွေ ကြားခဲ့ရတယ်” လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ခလရ ၁ ဗျူဟာမှူးအမိန့်နဲ့ ရိုးမထဲက PDF တပ်တွေကို လိုက်ရှာဖွေနေရတာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက် ည ၇ နာရီဝန်းကျင်အချိန်မှာလည်း မင်းလှမြို့နယ်၊ စမ်းဘုတ်ရွာကို စစ်ကောင်စီတပ်တွေ မီးရှို့နေချိန်မှာပဲ ဂွေးကုန်းရွာမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတစ်ယောက် အရက်မူးပြီး လက်နက်ကြီး မှားယွင်းပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ MSFC ထုတ်ပြန်

အာဏာသိမ်း စစ်ကောင်စီကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကော်မတီ (MSFC’s Anti-Sham Election Committee) ကနေ ထုတ်ပြန်လိုက်ပါတယ်။
Read More

ကြို့ပင်ကောက်တွင် စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ဒေသခံ ၁၀၀ ကျော် တိမ်းရှောင်ထွက်ပြေးနေရ 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာတာကြောင့် ရာနဲ့ချီတဲ့ ဒေသခံတွေဟာ စစ်ရှောင် ထွက်ပြေးနေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

စစ်ကောင်စီလက်အောက်ခံ အနက်ရောင် သေမင်းတမန်အဖွဲ့ ပြည်သူ ၂ ဦးကို ထပ်မံသတ်ဖြတ်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ရှားစေဘိုးကျေးရွာထိပ်မှာ ပြည်သူ ၂ယောက်ရဲ့ သတ်ဖြတ်ခံထားရတဲ့အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

မြဝတီမြို့ အမှတ် ၅ ရပ်ကွက်က စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့အချင်းချင်း စကားများရာက ပစ်ခတ်မှုဖြစ်ပြီး တစ်ယောက် သေကာ တစ်ယောက် အပြင်းအထန် ဒဏ်ရာရရှိ…

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်မှာ အုပ်ချုပ်ရေးအဖွဲ့ အချင်းချင်း စကားများရာက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရာအိမ်မှူး မြင့်စိုး (ခ) စိုးငယ်ဆိုသူမှာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးကာ ရာအိမ်မှူး ဝင်းကိုဆိုသူ အပြင်းထန်ဒဏ်ရာရရှိကာ အရေးပေါ်ဆေးကုသမှု ပြုလုပ်နေရတယ်လို့ မြဝ​တီမြို့ခံတွေဆီက သိရပါတယ်။
Read More

စစ်ရေးမငြိမ်သက်နေတဲ့ ဆင်ဖြူကျွန်းမြို့က စစ်ရှောင် ၁၀၀ နီးပါးကို PDF က ကူညီစောင့်​ရှောက်ပေးထား

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ဆင်ဖြူကျွန်းမြို့မှာ ထိတွေ့တိုက်ပွဲအခြေအနေတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ အရပ်သားတွေကို လက်ခံစောင့်ရှောက်ထားတယ်လို့ မင်းဘူးခရိုင်၊ အမှတ် ၅တပ်ရင်း တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။ 
Read More

TNLA က အကျင့်စာရိတ္တပြုပြင်ရေးကျောင်း ဖွင့်လှစ်ပြီး ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေ

TNLA က သူတို့ထိန်းချုပ်ထားတဲ့ မြို့ရွာတွေမှာ အကျင့်စာရိတ္တပြုပြင်ရေးကျောင်း ဖွင့်လှစ်ပြီး မူးယစ်ဆေး ရောင်းဝယ်သုံးစွဲသူတွေကို ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ကာ ပြုပြင်ပေးနိုင်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က အသိပေးထုတ်ပြန်ပါတယ်။