စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ လက်နက်တွေနဲ့ ထွက်ပြေးလာတဲ့ အဓမ္မစစ်မှုထမ်း စေခိုင်းခံရသူတွေကို အလင်းဝင်ရောက်နိုင်ဖို့ သွားရောက်ခေါ်ဆောင်ခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇူလိုင်လ ၃ ရက် ဒီနေ့မနက်ပိုင်းမှာ မုံရွာ နမခကနေ ထွက်ပြေးလာတဲ့ အဓမ္မစေခိုင်းခံရသူ စစ်မှုထမ်းတပ်သား ၄ ယောက်ကို တိုက်နယ် ၂ ပကဖတိုက်ခိုက်ရေး အဖွဲ့ဝင်တွေက စစ်ကောင်စီ စိုးမိုးရာ ကျေးရွာနားအထိ သွားရောက်ခေါ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်လာသူတွေဟာ မြန်မာနိုင်ငံအောက်ပိုင်းဇာတိဖြစ်ကြပြီး ကျေးရွာအာဏာပိုင်တွေရဲ့ ငွေကြေးအကျိုးစီးပွားအတွက် အစားထိုး စစ်မှုထမ်းစေခိုင်းခံရသူတွေဖြစ်တယ်လို့ မုံရွာပကဖ တာဝန်ရှိသူက ပြောပါတယ်။

“ပိုက်ဆံရှိတဲ့သူတွေက သူတို့သားသမီးတွေပါမှာစိုးလို့ ရပ်ရွာအာဏာပိုင်တွေကို ငွေနဲ့လာဘ်ထိုးလို့ အစားထိုးနာမည်နဲ့ စစ်မှုထမ်းခံရတဲ့သူတွေပါ။ အဲ့ဒါ နမခရောက်ပြီး လပိုင်းအတွင်းမှာပဲ ထွက်ပြေးနိုင်ခဲ့တယ်ပေါ့။ သူတို့ စစ်တပ်ထဲရှိစဥ်ကလည်း PDF တွေဆီရောက်ရင် မင်းတို့ကိုသတ်ပြီး ပစ္စည်းတွေယူမှာလို့ ခြိမ်းခြောက်ထားတယ်တဲ့။ အဲ့ဒါကြောက်ကြောက်နဲ့ အရဲစွန့်ပြေးလာကြတာ။ ဒီရောက်မှ စစ်တပ်က လိမ်ထားမှန်း သူတို့သိသွားတာ။ ကျနော်တို့ရဲဘော်တွေက စကစကင်းချတဲ့ ရွာနားအထိ သွားခေါ်ခဲ့ရတာပါ။ အဲ့အတွက် ဂုဏ်ယူပါတယ်” လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အလင်းဝင်ရောက်လာသူတွေဟာ MA1 သေနတ် ၁ လက်၊ MA3 သေနတ် ၂ လက်နဲ့ လက်ပစ်ဗုံးတွေ၊ ကျည်ဘောက်တွေလည်း ယူဆောင်လာတဲ့အတွက် ဆုကြေးငွေပေးအပ်သွားဖို့ရှိတယ်လို့ မုံရွာ ပကဖ က ပြောပါတယ်။

“သူတို့ထဲ ၂ယောက်ကတော့ စကစကို ပြန်တိုက်ချင်တယ်ပြောတယ်။ ကျန် ၂ယောက်ကတော့ သာမန်အရပ်သားလိုပဲ အပျောက်နေချင်တာတဲ့။ ဘာပဲဖြစ်ဖြစ် သူတို့ဖြစ်ချင်တဲ့ ဆန္ဒအတိုင်း အတတ်နိုင်ဆုံး ကြိုးစားပေးမှာပါ။ အခုဆို ကျနော်တို့ဆီကို အလင်းဝင်လာတဲ့လူတွေ အယောက် ၃၀ နီးပါးရှိနေပါပြီ။ စကစကို ပြန်တိုက်နေတဲ့လူတွေရှိသလို အရပ်သားလိုနေနေတဲ့လူတွေလည်း ရှိပါတယ်။ ပြောချင်တာက စကစ ဆိုက်ဝါးထည့်တိုင်းမခံဘဲ ယုံယုံကြည်ကြည်နဲ့ အမှောင်ထဲကနေ အလင်းကိုဝင်ခဲ့လိုက်ပါလို့ ပြောချင်တယ်” လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောခဲ့ပါတယ်။

မုံရွာ ပကဖ တာဝန်ရှိသူများနှင့်အတူ တွေ့ရသည့် အလင်းဝင်ရောက်လာသူများ (ဓာတ်ပုံ မုံရွာပကဖ)

0 Shares:
You May Also Like
Read More

မန္တလေးနှင့် ဝမ်းတွင်းတွင် စစ်မှုထမ်းမဲပေါက်သူများ အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်ခံနေရ

မန္တလေးမြို့နဲ့ ဝမ်းတွင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကော်မရှင်က စစ်မှုထမ်းစာရင်းပါဝင်သူတွေကို ဆက်တိုက်ဆိုသလို တစ်အိမ်တက်ဆင်း ဖမ်းဆီးနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ငလျင်ကြောင့် နိုင်ငံတစ်ဝန်း လူပေါင်း ၁၆၀၀ ကျော် သေဆုံးထားဟု NUG အသိပေး

ပြင်းထန်ဆိုးရွားတဲ့ ငလျင်ကြောင့် နိုင်ငံတစ်ဝန်း လူပေါင်း ၁၆၀၀ ကျော် သေဆုံးပြီး ၁၄၀၀ နီးပါး ပျောက်ဆုံးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။
Read More

ကြေးနီသယ်ဆောင်လာတဲ့ ယာဉ်တွေကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

မနေ့က ဇန်နဝါရီလ ၂၅ ရက်နေ့ မနက်ပိုင်းလောက်မှာ ကြေးနီတွေ သယ်ဆောင်လာတဲ့ ယာဉ်တန်းနဲ့အတူ လုံခြုံရေး လိုက်ပါလာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲက မောင်းကို အတည်ပြုပြောဆိုပါတယ်။
Read More

နေပြည်တော်မှာ အမေရိကန်ဆေးပညာရှင်အဖွဲ့ အရေးပေါ်ဆေးရုံဖွင့်လှစ်ပြီး ငလျင်ဒဏ်သင့်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု စတင်…

အမေရိကန်ပြည်ထောင်စုအခြေစိုက် ဆေးပညာရှင်အဖွဲ့ Samaritan’s Purse အဖွဲ့က နေပြည်တော်မှာ အရေးပေါ်ဆေးရုံ ဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်နေပြီလို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

တစ်နိုင်ငံလုံးလျှပ်စစ်မီး အပြည့်အ၀မပေးနိုင်တဲ့ နိုင်ငံမှာ လျှပ်စစ်ရထားပြေးဆွဲဖို့က ဦးစားပေးလို့ မင်းအောင်လှိုင်ဆိုပြန်

တစ်နိုင်ငံလုံးကို လျှပ်စစ်မီးအပြည့်အ၀ မပေးနိုင်သော်လည်း လျှပ်စစ်ရထားတွေ ပြေးဆွဲဖို့ ကအရေးကြီးဆုံးဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောပါတယ်။
Read More

စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ယုတ္တိမရှိကြောင်း ထိုင်းလွှတ်တော် အဆောက်အအုံမှာ ဆွေးနွေး

စစ်အာဏာသိမ်းမှုကြောင့် နေ့စဉ် အခြေအနေတွေ ဆိုးရွားနေတဲ့ မြန်မာ့အရေးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က လွှတ်တော်အဆောက်အအုံမှာ ၂ ရက်တာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။