ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ် အစပ်က မိုးဗြဲမြို့ကို စစ်ကာင်စီတပ်တွေ ပြန်လည်သိမ်းယူလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းကတည်းက မိုးဗြဲတစ်မြို့လုံးနီးပါးကို ကရင်နီတပ်ပေါင်းစုက ထိန်းချုပ်နိုင်ခဲ့ပြီးနောက်မှာ စစ်ကောင်စီတပ်တွေက မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက်  ၂၀၂၄ ခုနှစ်  ဒီဇင်ဘာလပိုင်းကတည်းက ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာပါ။ 

စစ်ကောင်စီက မိုးဗြဲမြို့ကို လေကြောင်းတိုက်ခိုက်ရေးတွေ အပါအဝင် သာလွန်အင်အားနဲ့ အပြင်းအထန် ထိုးစစ်ဆင်နေသလို တော်လှန်ရေးပူးပေါင်းတပ်တွေကလည်း မိုးဗြဲမြို့ မကျရေးအတွက် ခုခံတိုက်ခိုက်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေကနေ ဖော်ပြထားပါတယ်။ 

အခုလို မိုးဗြဲမြို့ကို စစ်ကော်စီက ပြန်လည်သိမ်းပိုက်လိုက်ပြီဆိုတဲ့အပေါ်  ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက “မိုးဗြဲကတော့ စစ်ကောင်စီတပ်တွေ မိုးဗြဲမြို့ပေါ် ရပ်ကွက်တွေထဲအထိ ထိုးဖောက် ဝင်ရောက်လာနိုင်သွားပြီပေါ့နော်၊ ဒါပေမယ့် တိုက်ပွဲတွေကတော့ ဖြစ်ပွားနေတုန်းပဲ ဖြစ်ပါတယ်” လို့ မောင်းကို ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လ ၃၀ မှာ ရှမ်းတောင်နဲ့ ကရင်နီပြည်နယ် အစပ်က  မိုးဗြဲမြို့အတွင်းကို စစ်ကောင်စီတပ်တွေ အင်အား အဆမတန်သုံးကာ ထိုးဖောက်ဝင်ရောက်လာနေတာကြောင့် ပြည်သူတွေအနေနဲ့ မိုးဗြဲမြို့က အဓိက မိန်းလမ်းမကြီးကို လုံးဝ ဖြတ်သန်းသွားလာခြင်းမပြုဖို့ ရှမ်းတောင်ကရင်နီတပ်ပေါင်းစုကနေ သတင်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နွေဦးဘဏ်မှာ ရင်းနှီးမြှုပ်နှံသူ အစုရှယ်ယာ အမေရိကန်ဒေါ်လာ ၅သန်းကျော်အထိ စံချိန်တင်ပြည့်မှီ

NUG ရဲ့နွေဦးဘဏ်က ရင်းနှီးမြှုပ်နှံသူ အစုရှယ်ယာ အမေရိကန်ဒေါ်လာ ၅ သန်းကျော်စံချိန်တင်ပြည့်မှီခဲ့ကြောင်း Spring Development Bankက ဒီနေ့ နို၀င်ဘာ ၂၅ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ငလျင်ကြောင့် ကွယ်လွန်ခဲ့သည့် ပြည်သူများအတွက် ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ ကုသိုလ်ပြု

မြန်မာနှစ်ဆန်း (၁)ရက်နေ့မှာ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က စစ်ကိုင်းပြတ်ရွေ့ ငလျင်‌ကပ်ဘေးကြီးအတွင်း ကွယ်လွန်သွားတဲ့ ပြည်သူတွေအတွက် ရည်စူးပြီး ရန်ကုန်မြို့မှာ ကုသိုလ်ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီ ထပ်မံဗုံးကြဲ၊ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသမီး (၃) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား (၃၉) ဦး သေဆုံး

မြန်မာနိုင်ငံတဝန်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ မတ်လ ၂၅ ရက် ဒီနေ့အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃၉) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

PDF ဆိုပြီး စစ်ကောင်စီတပ်တွေက ရွှေတောင်မြို့နယ်က ဒေသခံ ပြည်သူတစ်ယောက်ကို ဖမ်းဆီး…

ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်၊ ယင်းမှုကုန်းအုပ်စု၊ ယင်းမှုကုန်းရွာ အောင်ချမ်းသာရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံပြည်သူ ၁ ယောက်ကို PDF ဆိုပြီး စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးဦးဆောင်ကာ စစ်သား ၈ ယောက်က လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
Read More

လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်က ၁၂ ယောက်ထက်မနည်း သေပြီး ၁၀ ယောက်နဲ့အထက် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း  အောက်တိုဘာလ (၁၂) ရက်ကစလို့ စစ်ကြောင်းထိုး ၀င်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ချေမှုန်းရာ စစ်ကောင်စီတပ်က ၁၂ ယောက်ထက်မနည်း သေပြီး ၁၀ ယောက်နဲ့အထက် ဒဏ်ရာရခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။