လာမယ့် အောက်တိုဘာမှာ တီမောလက်စ်တီက အာဆီယံထဲဝင်‌ရောက်ခွင့်ကို မြန်မာအနေနဲ့ ကန့်ကွက်ကြောင်း စစ်ကောင်စီက လက်ရှိအာဆီယံဥက္ကဋ္ဌ မလေးရှားကို အကြောင်းကြားလိုက်တယ်လို့ သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး Thai PBS World မှာ ဖော်ပြထားပါတယ်။

အာဆီယံရဲ့ ပဋိညာဉ်မှာ ဖော်ပြထားတဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရေးမူကို တီမောအနေနဲ့ လိုက်နာဖို့ ပျက်ကွက်ကြောင်း စစ်ကောင်စီကိုယ်စားလှယ်က အာဆီယံဥက္ကဋ္ဌကို အကြောင်းကြားခဲ့တာပါ။

သတင်းရင်းမြစ်တွေအရ စစ်ကောင်စီဟာ တီမောကို တော်လှန်ရေးအဖွဲ့တွေ ဒါမှမဟုတ် အာဆီယံအဖွဲ့ဝင်တွေရဲ့ ရပ်တည်ချက်နဲ့ ပဋိပက္ခဖြစ်တဲ့ အဖွဲ့အစည်းတွေကို ထိတွေ့ဆက်ဆံတာတွေ ရှောင်ကြည်ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

တီမောလက်စ်တီ အစိုးရဟာ မြန်မာ့ပြည်တွင်းရေးမှာ ဝင်ရောက်မစွက်ဖက်ရေးမူကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေရင် “တီမောလက်စ်တီကို အာဆီယံအဖွဲ့ဝင်ဖြစ်ခွင့်ပေးဖို့ စဉ်းစားချက်တွေကို ပြတ်ပြတ်သားသား ပယ်ချမှာဖြစ်တယ်” လို့ စစ်ကောင်စီခန့် အာဆီယံ-မြန်မာ အထွေထွေ အကြီးတန်း အရာရှိများ အစည်းအဝေး (SOM) ခေါင်းဆောင် ဟန်ဝင်းအောင် လက်မှတ်ရေးထိုးထားတဲ့ အဲဒီစာမှာ ဖော်ပြထားပါတယ်။

ပုံစာ – တီမောသမ္မတ ဟိုဆေးရာမို့စ်ဟော်တာနှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တွေ့ဆုံခဲ့စဥ်

လာမယ့် အောက်တိုဘာလနှောင်းပိုင်းမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်အနေနဲ့ တီမောကို အသိအမှတ်ပြုကြဖို့ မေလနှောင်းပိုင်းမှာကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ သဘောတူညီခဲ့ကြပါတယ်။

“တီမောလက်စတီက သူ့ရဲ့ချဉ်းကပ်ပုံကို ပြန်လည်သုံးသပ်ပြီး မြန်မာနိုင်ငံအပေါ် သူ့ရဲ့မူဝါဒကို ပြန်လည်ပြင်ဆင်ဖို့ ပြတ်သားတဲ့ ကတိကဝတ်မျိုး မပြမချင်း (အဖွဲ့ဝင်အဖြစ် ခန့်အပ်မှုရဲ့) ဆက်စပ်လုပ်ထုံးလုပ်နည်းဆိုင်ရာ ထည့်သွင်းစဉ်းစားမှုတွေအားလုံး ဆိုင်းငံ့ထားဖို့ အာဆီယံဥက္ကဋ္ဌနဲ့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးကို စစ်ကောင်စီက တိုက်တွန်းထားကြောင်း” Thai PBS World က မြင်တွေ့ရတဲ့ စာထဲမှာ ဖော်ပြထားပါတယ်။

မေလအတွင်းကလည်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာ လူသားချင်းစာနာမှု အကူအညီပေးရေးနဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စတွေ ဆွေးနွေးဖို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ခေါင်းဆောင်တွေနဲ့ အွန်လိုင်းက တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ အဲဒီမတိုင်ခင်ကလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဘန်ကောက်မှာ လူချင်းတွေ့ဆုံခဲ့ကြပါတယ်။

အဆိုပါ ဆွေးနွေးပွဲဟာ NUG နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတို့အကြား ပထမဆုံးအကြိမ် တရားဝင် လူသိရှင်ကြား အသိအမှတ်ပြု တွေ့ဆုံမှု ဖြစ်ပါတယ်။

လာမယ့် ဇူလိုင်လ ၉ ရက်ကနေ ၁၁ ရက်အထိ ကျင်းပမယ့် အာဆီယံဝန်ကြီးများအစည်းအဝေးမှာ တီမောကို အဖွဲ့ဝင်အဖြစ်ကြိုဆိုဖို့ မြန်မာရဲ့ ပံ့ပိုးမှုကို ရယူရဦးမယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။

မေလထိပ်သီးအစည်းအဝေးမှာတော့ စစ်ကောင်စီရဲ့ မြန်မာကိုယ်စားလှယ် အောင်ကျော်မိုးက တီမောရဲ့ အဖွဲ့ဝင်ဖြစ်ရေးအပေါ် မှတ်ချက်မပေးခဲ့ကြောင်း သူတို့က ပြောပါတယ်။

News – ThaiPBS
0 Shares:
You May Also Like
Read More

ပိတ်ဆို့ခံ စစ်ဗိုလ်ချုပ်များဖြင့် ဖွဲ့စည်းထားသည့် စစ်ကော်မရှင် အရေးယူဒဏ်ခတ်မှုမှ ကင်းလွတ်နေသေးကြောင်း JFM သတိပေး

စစ်ကော်မရှင်လို့ အများကြခေါ်ကြတဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ “နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် (SSPC)” အဖွဲ့အစည်းကို နိုင်ငံတကာက အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ မချမှတ်ရသေးကြောင်း Justice For Myanmar (JFM) က ဒီနေ့မှာ သတိပေး ထုတ်ပြန်ပါတယ်။
Read More

ပြင်သစ်သမ္မတမှ ဒေါ်အောင်ဆန်းစုကြည်ထံ ပုဂ္ဂိုလ်ရေးစာ ပေးပို့ပြီး ကျန်းမာရေးအတွက် စိုးရိမ်ကြောင်းပြော၊ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ကျဥ်းအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆို

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံး လွတ်မြောက်ရေးအတွက် အမြဲတောင်းဆို အားပေးနေတဲ့ ပြင်သစ်သမ္မတ၊ ပြင်သစ်အစိုးရနဲ့ ပြင်သစ်ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်းလင်းက ပြောပါတယ်။
Read More

ငလျင်ဘေးသင့်စဉ် အကူအညီပေးအပ်ခဲ့သည့် အမေရိကန်အစိုးရကို ကျေးဇူးတင်ကြောင်း မင်းအောင်လှိုင် ပြော

နိုင်ငံတစ်ဝန်း ငလျင်ဘေးသင့်စဉ် အကူအညီတွေ ပေးအပ်ခဲ့တဲ့ အမေရိကန်အစိုးရကို ကျေးဇူးတင်ရှိတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ကော့ဖငန်ကျွန်းတွင် တရားမဝင် ကန်ထရိုက်ဆောက်နေသည့် မြန်မာ ၉ ဦး အဖမ်းခံရ 

ထိုင်းနိုင်ငံ၊ ကော့ဖငန်ကျွန်းမှာ အစ္စရေး စီးပွားရေးလုပ်ငန်းရှင်တယောက်အတွက် တရားမဝင် ကန်ထရိုက်ယူ အိမ်ဆောက်ပေးနေတဲ့ မြန်မာနိုင်ငံသား ၉ ယောက် ဖမ်းဆီးခံလိုက်ရကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။ 
Read More

သက်ဆင်ကို အာဆီယံအလွတ်တန်းအကြံပေးအဖြစ် ခန့်အပ်ကြောင်း မလေးဝန်ကြီးချုပ်ကြေညာ

မလေးရှားအနေနဲ့ လာမယ့်နှစ်မှာ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို အာဆီယံ အလွတ်တန်းအကြံပေးအဖြစ် ခန့်အပ်တယ်လို့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က ဒီဇင်ဘာလ ၁၆ ရက်မှာ ပြောပါတယ်။
Read More

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး နှင့် Special Advisory Council for Myanmar (SAC-M) အဖွဲ့ဝင် Professor Yanghee Lee တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက Special Advisory Council for Myanmar (SAC-M) အဖွဲ့ဝင် Professor Yanghee Lee နဲ့ တောင်ကိုးရီးယားသမ္မတနိုင်ငံမှာ မေလ ၁၄ ရက် မနေ့က တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။