မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်က သူစိုးကျေးရွာနဲ့ မာန်လည်ကျေးရွာတို့ကို စစ်‌ကောင်စီက လေကြောင်းတိုက်ခိုက်ရာ ပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်တချို့လည်း ပျက်စီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်‌က အဆိုပါ ရွာ ၂ ရွာကို တချိန်တည်း ဗုံးကြဲ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“တစ်ရွာကို တစ်ကြိမ်စီ အကြောင်းအရင်း မရှိဘဲ လာပစ်သွားတာပါ။ လာပစ်သွားတာက ဂျက်ဖိုက်တာနဲ့ပါ” လို့ ဒေသခံပြည်သူတစ်ယောက်က မောင်းကို ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် သူစိုးကျေးရွာက ပြည်သူ ၃ ယောက် စိုးရိမ်ဒဏ်ရာရရှိကာ နေအိမ် ၉ လုံး ပျက်စီးသွားတယ်လို့ သိရပါတယ်။

အလားတူ မာန်လည်ကျေးရွာမှာလည်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှု‌ကြောင့် ကန်ကျောင်း၊ ဂို‌ထောင်နဲ့ ကားတွေ ထိမှန်ပျက်စီးခဲ့ပေမယ့် လူထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။

“လက်ရှိကျေးရွာက ဒေသခံတွေက ပုံမှန် ပြန်နေနေကြတယ်။ ဒဏ်ရာရတဲ့ထဲ အမျိုးသမီးနှစ်ဦးက ဒဏ်ရာ ပြင်းထန်တယ်။ ပြီးတော့ အခု လေကြောင်းတိုက်ခိုက်မှုက သူစိုးရွာက ပထမဆုံးအကြိမ်၊ မာန်လည်ကတော့ ဒုတိယကြိမ်မြောက်ပါ” လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

စစ်ကောင်စီ လေ‌ကြောင်းတိုက်ခဲ့တဲ့ သူစိုးကျေးရွာနဲ့ မာန်လည်ကျေးရွာဟာ ၂ မိုင်ခန့်သာ ကွာဝေးတဲ့ ကျေးရွာတွေ ဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

နတ်မောက်တွင် ရွာထဲဝင် တပ်စွဲပြီး နေအိမ်များကို မီးရှို့ဖိုလုပ်သည့် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးဖို့ကြိုးစားတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ငါးပြေမပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငါးခူက မောင်းကို ပြောပါတယ်။
Read More

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ကို ပြည်သူတွေ အနွေးအင်္ကျီတွေအပါ အဝတ်အထည်တွေ လှူဒါန်းထောက်ပံ့ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ကို တော်လှန်ပြည်သူတွေက အနွေးအင်္ကျီအပါအဝင် အဝတ်အထည်တွေ ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငလျင်ကြောင့် ကျိုက်ထော်ကျေးရွာ ဆုတောင်းပြည့်စေတီ စိန်ဖူးတော် မြေခ

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ကျိုက်ထော်ကျေးရွာမှာရှိတဲ့ ဆုတောင်းပြည့်စေတီရဲ့ စိန်ဖူးတော်ဟာ ငလျင်လှုပ်ခတ်မှုကြောင့် ကျိူးကျပျက်စီးခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ရေဖြူမြို့နယ် အမှတ် ၄၀၇ တပ်ရင်းမှ ထွက်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၂ ဦးအပါ ၁၅ ဦး သေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ် အမှတ် ၄၀၇ တပ်ရင်းကနေထွက်လာသည့် စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေ‌ဆုံးသူတွေ ရှိခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်ထံက သိရပါတယ်။
Read More

နောင်ချိုရှိ ရှဲဆန်သတ္တုကုမ္ပဏီကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့

တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ နောင်ချိုမြို့နယ်အတွင်းက ရှဲဆန်သတ္တုကုမ္ပဏီကို ဟန်ပြအပစ်ရပ်ကြေညာထားတဲ့ အကြမ်းဖက် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်ကြဲချခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
Read More

NUG က ငလျင်ဒဏ်သင့် စိုးမိုးနယ်မြေများတွင် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေ၊ ငလျင်ဒဏ်သင့်ဒေသများကို နိုင်ငံတကာ ကူညီပေးဖို့ တောင်းဆို

အမျိုးသားညီညွတ်ရေးအစိုးရ NUG က နိုင်ငံတဝန်း အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုနဲ့ ပတ်သက်ပြီး အရေးပေါ်ကြေညာချက်တစ်ရပ် ထုတ်ပြန် လိုက်ပါတယ်။