ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ခမရ ၅၉၈ တပ်ရင်းနဲ့ ‌ဝေါမြို့နယ် သူရဲသူမိန်ကျေးရွာရှိ  စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်တဲ့နေရာကို တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့  ပဲခူးခရိုင် ပကဖက သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂၉ ရက် နေ့လယ်ပိုင်းက ရွှေကျင်မြို့နယ် ခမရ ၅၉၈ တပ်ရင်းမှာ ဘန်ကာနဲ့ ကတုတ်ကျင်းတွေ ပြန်လည်တည်ဆောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တချိန်တည်းမှာပဲ ဝေါမြို့နယ် သူရဲသူမိန်ကျေးရွာရှိ စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်ရာနေရာကို စနိုက်ပါနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေး ၂ ခုအတွင်း စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးပြီး ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို KNU/KNLA တပ်မဟာ (၃)၊ ရင်း (၇)နဲ့ ပူးပေါင်းတပ်တွေဖြစ်တဲ့ ပဲခူးခရိုင် ပကဖ၊ ဗျူဟာ (၃၆)  ဒေါနတပ်ရင်းတို့ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Bago District People’s Defense Organization

0 Shares:
You May Also Like
Read More

ချောင်းဦးမြို့နယ်အတွင်း ပြည်သူများထံ အဓမ္မပိုက်ဆံတောင်းနေသည့် အကြမ်းဖက်စစ်အုပ်စုကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ‌ချောင်းဦးမြို့နယ်အတွင်း ပြည်သူတွေထံက အဓမ္မပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက် စစ်အုပ်စုကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ Royal Tiger Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်မှာ ပင်လုံရင်ပြင်ကို ငါတို့ပြန်လာပြီ လှုပ်ရှားမှု (ရုပ်/သံ)

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ပင်လုံရင်ပြင်ကဗိုလ်ချုပ်ကြေးရုပ် ရှေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးသီချင်းဖြစ်တဲ့ “အလိုမရှိ” သီချင်းကို ဘလူးတုဘောက်နဲ့ ဖွင့်လှစ်ခဲ့ပြီး စစ်အဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ်ကိုပြုလုပ်ခဲ့ပါတယ်။
Read More

မင်းကင်းမြို့နယ် သင်တောရွာအနီး စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား၊ စစ်သား ၄ ယောက်သေပြီး ၁ ယောက် အရှင်ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် သင်တောရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားနဲ့ ပျူစောထီး ၄ ယောက်သေကာ ၁ ယောက် ဖမ်းမိခဲ့တယ်လို့ ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုထံက သိရပါတယ်။
Read More

မြင်းခြံမြို့နယ် ဆုံရွာပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆုံရွာပျူစခန်းကို အောက်တိုဘာ ၁ ရက် နေ့လယ်ပိုင်းက ဒရုန်းတွေနဲ့ 1KG ဗုံးသီး ၃၁ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TGYR-Youth Guerrilla Counter Revolution-NZ အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ်တွေ ထွက်မပြေးအောင် အပျော်အပါးများနဲ့ ဆွဲဆောင်ကာ စစ်မှုထမ်းစေခိုင်း (ရုပ်/သံ)

ပဲခူးတိုင်း သာယာဝတီခရိုင်အတွင်း ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်က အပျော်အပါးများနဲ့ ဆွဲဆောင်ကာ စစ်မှုထမ်းစေခိုင်းလျက်ရှိတယ်လို့ သိရပါတယ်။
Read More

မုံရွာ GTC တွင် တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားများ ဝင်‌ရောက်ပစ်ခတ်ခံရပြီး ၄ ဦး သေ၊ ၇ ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် နည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဒေါင်းမျိုးဆက်က သတင်းထုတ်ပြန်ထားပါတယ်။