မန္တလေးတိုင်း ညောင်ဦးမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တောင်သာမြို့နယ် ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၂၆ ရက်က ညောင်ဦးမြို့နယ် ငါ့သရောက်တိုက်နယ်‌‌ကျေးရွာကနေ စစ်ကြောင်းထိုးထွက်လာတဲ့ အင်အား ၁၅၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းဟာ ကမ္မရွာ၊ ဈေးမကြီးရွာ၊ ဆင်သားမွေးရွာ၊ တောပြားရွာ၊ သနပ်ပင်ရွာရှိ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး တောင်သာမြို့နယ် အနောက်ခြမ်း ကျေးရွာတွေကို စစ်ကြောင်းထွက်လာတဲ့အတွက် တော်လှန်ရေးတပ်တွေက ကာကွယ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီစစ်ကြောင်းအတွက် တောင်သာမြို့ ထန်းပင်ကန်ရွာရှိ စစ်သားနဲ့ ပျူစောထီးတွေက လက်နက်ကြီးပစ်ကူပေးခဲ့ပြီး တောင်သာမြို့နယ် သီးကုန်းကျေးရွာရှိ ပြည်သူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲကာ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၂ ယောက် သေဆုံးခဲ့သလို အခြား ပြည်သူ ၂ ယောက်လည်း ထိခိုက်ဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ညောင်ဦး-တောင်သာ နယ်စပ်မျဉ်းအတိုင်း ဆက်လက်ချီတက်ခဲ့ကာ တောင်သာမြို့နယ် ကင်းဇလုပ်ကျေးရွာသို့ ရောက်ရှိချိန် တော်လှန်ရေးတပ်တွေက စစ်ကြောင်း ၃ ကြောင်းခွဲပြီး လက်နက်ကြီး လက်နက်ငယ်၊ ဒရုန်းတွေနဲ့ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် Mi-35 ရဟတ်ယာဉ် ၂ စီး လာရောက်ပစ်ကူပေးခဲ့ပြီး စစ်ကောင်စီတပ်သားတွေက ကင်းဇလုပ်ရွာရှိ ပြည်သူနေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးကာ ဇူလိုင် ၂၈ ရက်မှာ ညောင်ဦးမြို့နယ် ငါ့သရောက် ရဲစခန်းသို့ ပြန်လည်ဆုတ်ခွာသွားကြတယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်မှုမှာ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့အတူ နေပြည်တော်(၈၀၁)၊ မိတ္ထီလာတော်လှန်ရေးအင်အားစု၊ DSNDA ပြည်သူ့ကာကွယ်ရေးတပ်တော်၊ မြင်းခြံခရိုင် တပ်ရင်း အမှတ်(၃)တို့ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

Video – ပကဖ၊ တောင်သာမြို့နယ်၊ NUG

0 Shares:
You May Also Like
Read More

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို အင်အား ၂၀၀ နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ် ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၉ ယောက်သေ၊ ၂၀ ကျော်ဒဏ်ရာရရှိပြီး ၉ ယောက်ဖမ်းဆီးရမိ (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ် ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသို့ စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၀၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းက တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ Myingyan Black Tiger - MBT တပ်ဖွဲ့ထံက သိရပါတယ်။
Read More

တီးတိန်မြို့နယ်တွင် စားကျက်မြေအတွင်း ဝင်ရောက်လာသည့် အင်းကျား ၂ ကောင် သေဆုံး (ရုပ်/သံ)

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ပိမ်းပိကျေးရွာမှာ ဒေသခံတွေရဲ့ တောင်ယာလုပ်ငန်းအနီး ရောက်ရှိလာတဲ့ အင်းကျား ၂ ကောင် တူမီးနဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ရေယာဉ်ကို ကြားဖြတ်တိုက်ခိုက်မှု ဒုတပ်ကြပ် ၁ ဦး သေဆုံး (ရုပ်/သံ)

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ရေယာဉ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ  ဒုတပ်ကြပ် ၁ ယောက် သေဆုံးခဲ့တယ်လို့ ရေစကြိုပကဖ ကထုတ်ပြန်ထားပါတယ်။
Read More

မြန်မာ့ဒီမိုကရေစီအရေး ကူညီပေးရန် ကိုရီးယားရောက် မြန်မာများ သမ္မတထရမ့်ထံ တောင်းဆိုဆန္ဒပြ (ရုပ်/သံ)

အောက်တိုဘာ ၂၉ ရက် ဒီနေ့မှာ ကိုရီးယားနိုင်ငံ ရောက်ရှိလာတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ကိုရီးယားရောက် မြန်မာတွေက အကြမ်းဖက်စစ်တပ် ဗုံးကြဲသတ်ဖြတ်နေတဲ့ လုပ်ရပ်တွေကို သိရှိစေဖို့နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး ကူညီပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ဆားလင်းကြီးမြို့ကနေ ရိက္ခာပို့ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီအမြန်ရေယာဉ် ၂ စီးကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့ကနေ ဆားလင်းကြီးမြို့သို့ တပ်အချိန်အပြောင်းနဲ့ ရိက္ခာပို့ပြန်လာတဲ့ အကြမ်း ဖက်စစ်ကောင်စီအမြန်ရေယာဉ် ၂ စီးကို စက်တင်ဘာ ၂၇ ရက် နေ့လည်ပိုင်းက စတင်ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ်၄တပ်ရင်း _ Chindwin Attack Force ထံက သိရပါတယ်။
Read More

KIO/KIA ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ်ဂိတ်အားလုံးကို တရုတ် ပြန်ဖွင့် (ရုပ်/သံ)

တရုတ်အစိုးရနဲ့ KIO ခေါင်းဆောင်တွေရဲ့ ဆွေနွေးမှုရလဒ်အဖြစ် တရုတ်ဘက်ခြမ်းနဲ့ KIO/KIA ထိန်းချုပ်ထားတဲ့ မြန်မာနယ်စပ်က ဂိတ်အားလုံးကို ဒီနေ့ ဒီဇင်ဘာ ၁၃ ရက်မှာ ပြန်လည်ဖွင့်လှစ် လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။