မန္တလေးတိုင်း၊ အိုးဘိုအကျဥ်းထောင်ကို ပြောင်းရွှေ့ချိန် အာဏာပိုင်တွေရဲ့ ရိုက်နှက်နှိပ်စက်တာကို ခံခဲ့ရတဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ဟာ လက်ရှိအချိန်အထိ ဆေးကုသခွင့်မရသေးဘဲ သံခြေချင်းခတ် သီးခြားတိုက်ပိတ်ခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ၁၂ရက်နေ့ မနက်ပိုင်းက မုံရွာအကျဉ်းထောင်အတွင်း ကျခံနေရတဲ့ အကျဥ်းသား ၂၀၀နီးပါးကို စစ်ကောင်စီက မန္တ‌လေးအိုးဘိုအကျဉ်းထောင်ဆီ ကားတွေနဲ့ လွှဲပြောင်းပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလိုပြောင်းရွှေ့ခံရတဲ့အထဲ ပါဝင်လာတဲ့ ကိုဝေမိုးနိုင်နဲ့ နိုင်ငံရေးအကျဥ်းသားတွေကို အာဏာပိုင်တွေက ထောင်ဗူးဝရှေ့မှာပဲ ရိုက်နှက်နှိပ်စက်တာတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ပြောပြချက်အရ အကျဉ်းဦးစီးဝန်ထမ်းအရာရှိတစ်ယောက်က ကိုဝေမိုးနိုင်ကို သံတုတ်နဲ့ စတင်ရိုက်နှက်ရာကနေ စတင်ပြီး တခြားနိုင်ငံရေးအကျဉ်းသားတွေကိုလည်း ရိုက်နှက်ခဲ့တာလို့ သိရပါတယ်။

အဲ့ဒီလို ရိုက်နှက်ခံရပြီး နဖူးကွဲဒဏ်ရာနဲ့ သွေးထွက်လွန် သတိမေ့မျောသွားတဲ့ ကိုဝေမိုးနိုင်ကို အာဏာပိုင်တွေက ထောင်တွင်းဆေးရုံဆီ ပို့ဆောင်တာမျိုးမရှိဘဲ သတိပြန်လည်ရရှိတာနဲ့ တပြိုင်နက် ခြေကျင်းခတ် သီးခြားတိုက်ဆီ ပို့ဆောင်ကာ တိုက်ပိတ်ပြစ်ဒဏ်ပေးထားခဲ့သလို ပါဆယ်နဲ့ ထောင်ဝင်စာဧည့်တွေ့ခွင့်တွေပါ ကန့်သတ်ထားခဲ့တယ်လို့ PPNM က ပြောပါတယ်။

“ကိုဝေမိုးနိုင်လို လူသိများတဲ့ လူထုသပိတ်ခေါင်းဆောင်တစ်ဦးကိုတောင် အကျဥ်းဦးစီးက ညှင်းပန်းနှိပ်စက်မှု ပေါ်ပေါ်တင်ထင်နဲ့ ချိုးဖောက်နေတာဆိုတော့ အခြားနိုင်ကျဥ်းတွေလည်း ဒီထက်ပိုပြီး ခံရနိုင်တယ်။ ကိုဝေမိုးနိုင်ရဲ့ လက်ရှိလုံခြုံရေး၊ ကျန်းမာရေးတွေက အများကြီးစိုးရိမ်နေရတယ်။ ကိုဝေမိုးနိုင်ကို ပုဂ္ဂိုလ်ရေးမုန်းတီးမှုနဲ့ ရိုက်နှက်ခဲ့တာဆိုတော့ အခုလို သတင်းတွေထုတ်ပြန်တဲ့အပေါ် သူ့ကိုထိခိုက်မှုဖြစ်မှာ စိုးရိမ်မိပါတယ်။ ဒါပေမယ့်လည်း ပြည်သူတွေသိသင့်လို့ ထုတ်ပြန်ခဲ့တာပါ။” လို့ PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက မောင်းကိုပြောပါတယ်။

ကိုဝေမိုးနိုင်နဲ့အတူ ချောင်းဦးလူထုသပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်လည်း ထောင်ပြောင်းရွှေ့ခံရတဲ့အထဲ ပါဝင်ခဲ့ပြီး အကျဥ်းထောင်အာဏာပိုင်တွေရဲ့ သံကြိုးတွေ၊ တုတ်တွေနဲ့ ရိုက်နှက်နှိပ်စက်မှုတွေခံခဲ့ရကာ လက်ရှိအချိန်အထိ သံခြေချင်းခတ် တိုက်ပိတ်ခံထားရကြောင်း သိရပါတယ်။

ဒီအပေါ် သပိတ်ခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဥ်းသားတွေရဲ့ အသက်ရှင်သန်မှုနဲ့ ကျန်းမာရေးအခြေအနေတွေကို စစ်ကောင်စီက တာဝန်ခံရမှာဖြစ်သလို ညှင်းပန်းနှိပ်စက်ထားမှုတွေကို မှတ်တမ်းတင်ကာ မဝေးတော့တဲ့အချိန်အတွင်း ပြည်သူလူထုက တရားစီရင် အပြစ်ပေးသွားမှာဖြစ်တယ်လို့လည်း စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ပြောထားပါတယ်။

0 Shares:
You May Also Like
Read More

မြစ်ကြီးနား-တနိုင်းလမ်းရှိ ခွန်စိုင်ယာန်စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၇ ယောက်သေပြီး ၃ ယောက် အရှင်ဖမ်းမိ…

ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းလမ်းရှိ ခွန်စိုင်ယာန်စစ်တပ်ဂိတ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ယောက်သေဆုံးပြီး ၃ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်မှူးသင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ ၁/၂၀၂၄ တပ်မှူးသင်တန်းဆင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးနယ်မြေတစ်နေရာမှာ မတ်လ ၈ ရက်က ပြုလုပ်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီတိုင်း ဒရုန်းလက်ရုံးတပ်ဖွဲ့ Dragon Squad TNI (UAV Force)ရဲ့ အပတ်စဥ်(၃) ဒရုန်းသင်တန်းဆင်းပွဲ…

တနင်္သာရီတိုင်းအခြေစိုက် ဒရုန်းလက်ရုံးတပ်ဖွဲ့ Dragon Squad TNI (UAV Force)ရဲ့ အပတ်စဥ်(၃) ဒရုန်းသင်တန်းကို ပြုလုပ်ပြီးစီးခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့သည့် ABSDF စစ်ကြောင်း(၁) မှ ရဲဘော်များ၏ မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတပ်မတော် ABSDF ရဲ့ စစ်ကြောင်း (၁) က ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို ABSDF က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

၅၀၅ (က) လွတ်ငြိမ်းခွင့်နှင့် အမှုပိတ်သိမ်းမှုများအပေါ် စစ်ကော်မရှင်ကို စစ်လော်ဘီများ ဝေဖန်ပြစ်တင်

အတုအယောင် ရွေးကောက်ပွဲပုံရိပ်အတွက် ပုဒ်မ ၅၀၅ (က) နဲ့ ကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသားတွေနဲ့ တရားစွဲဆိုခံထားရသူတွေကို ပြန်လွှတ်ပေးခဲ့မှုအတွက် အကြမ်းဖက်စစ်တပ်လော်ဘီတွေကြား စစ်တပ်အပေါ် ပြစ်တင်ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
Read More

ခန္တီးတွင် ပေါ်တာဆွဲ ဖမ်းဆီးခံရမှု အန္တရာယ်ကြုံနေရသည့် အရပ်သားများကို ပကဖ ကူညီကယ်ထုတ်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်မှုထမ်း ပေါ်တာဆွဲစုဆောင်းမှု တိမ်းရှောင်လိုတဲ့ အရပ်သားတွေကို စိုးမိုးနယ်မြေအထိရောက်အောင် သွားရောက်ကူညီခေါ်ထုတ်ပေးခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။