စစ်ကိုင်းတိုင်း၊ မင်းကွန်းတိုက်နယ်မှာ စစ်ကြောင်းထိုးမီးရှို့နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရင်း လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၂၇ရက်နေ့က မင်းကွန်းတောင်ရွာမှာရှိတဲ့ နဂါးပတ်တောင် စစ်ကောင်စီစခန်းကုန်းကို ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့နဲ့ No More Dictatorship တပ်ဖွဲ့ဝင်တွေက အလစ်အငိုက် ဝင်ရောက်ချေမှုန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အင်အား ၃၀ နီးပါးနဲ့ တပ်စွဲထားတဲ့ အထက်ပါ စခန်းကုန်းကိုတိုက်ခိုက်မှုမှာ စစ်ကောင်စီအလောင်း ၄ လောင်းနဲ့အတူ G3 ၄ လက်၊ MA1 ၂ လက်နဲ့ ခဲယမ်းပစ္စည်းတွေ သိမ်းဆည်းရရှိပြီး ၄ယောက်ကိုလည်း သုံ့ပန်းအဖြစ် တော်လှန်ရေးတပ်တွေက အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။

အဲ့ဒီနောက်မှာ စစ်ကောင်စီတပ်သားတွေစွန့်ခွာသွားတဲ့ နဂါးပတ်တောင် စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့ပေမယ့် မင်းကွန်းရဲစခန်းကနေ စစ်ကူအများအပြား ထွက်ခွာလာသလို စခန်းကုန်းဟာ ဘုန်းကြီးကျောင်းဖြစ်နေတာကြောင့် မီးရှို့ရှင်းလင်းမှု မလုပ်ဆောင်ခဲ့ဘူးလို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

မင်းကွန်းဒေသတိုက်ပွဲမှ သိမ်းဆည်းရရှိသည့် လက်နက်များ

ဒါ့အပြင် နောက်တစ်နေ့ ဇွန်လ ၂၈ ရက်မှာလည်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက်တပ်စွဲနေတဲ့ ချောင်းမကြီးနဲ့ ကင်းကျေးရွာကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်တစ်ခုလုံး စစ်ကြောင်းပျက်ပြီး တပ်ဆုတ်သွားတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အလောင်းနဲ့ လက်နက်တွေ ရရှိခဲ့သလို တော်လှန်ရေးတပ်တွေဘက်အမှာလည်း ထိခိုက်ကျဆုံးမှု ရှိခဲ့တယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

ဇွန်လ ဒုတိယပတ်လောက်ကစလို့ စစ်ကိုင်းတပ်မ ၃၃နဲ့ မင်းကွန်းဒေသအတွင်းက စစ်ကောင်စီတပ်တွေဟာ မင်းကွန်းကတဆင့် မြောက်ဘက်ကကျေးရွာတွေဆီ တောင်ရိုးအတိုင်း အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သလို စစ်ကိုင်း၊ ဆားတောင်ဘက်ကိုလည်း စစ်ကြောင်းထိုးဝင်ရောက်နေခဲ့တယ်လို့ သိရပါတယ်။

” မင်းကွန်းဒေသထဲဝင်နေတာ ၁၉ရက်လောက်ရှိနေတဲ့ စစ်ကြောင်းကို ကျနော်တို့နဲ့ တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ပြီး ခုခံခဲ့ပါတယ်။ အလျဥ်းသင့်သလို ကာကင်းတွေလုပ်တာ၊ အားဖြည့်တာမျိုးတွေလုပ်တယ်။ ကျနော်တို့က နဂါးပတ်တောင်စခန်းကုန်းကို ဝင်တိုက်တာမှာ ယူနီကွန်းပြောက်ကျားနဲ့အတူ ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။” လို့ No More Dictatorship (NMD) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၅ရက်နေ့ကလည်း မင်းကွန်းဒေသ၊ ကင်းရွာနဲ့ ချောင်းမကြီးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ ကျောင်းထိုင်ဆရာတော်အပါဝင် အရပ်သား၄ယောက်ကို သတ်ဖြတ်ခဲ့သလို နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

မင်းကွန်းဒေသတိုက်ပွဲမှ ဖမ်းဆီးရမိသည့် သုံ့ပန်းများ
0 Shares:
You May Also Like
Read More

အညာဒေသအခြေစိုက် Rocket Fighter တပ်ဖွဲ့၏ ခဲယမ်းသိုလှောင်စခန်း မီးလောင်ပျက်စီးမှု ကျပ်သိန်း ၅၀၀ ခန့် တန်ဖိုးရှိ ခဲယမ်းများ ပျက်စီးဆုံးရှုံးခဲ့

အညာဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် တစ်ခုဖြစ်တဲ့ Rocket Fighter တပ်ဖွဲ့ရဲ့ ခဲယမ်းသိုလှောင်စခန်း မီးလောင်မှုဖြစ်ပွားကာ ကျပ်သိန်း ၅၀၀ ခန့် တန်ဖိုးရှိ ခဲယမ်းတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ တော်လှန်ရေးခရီး ‘ဆက်လျှောက်’ ကြဖို့ တိုက်တွန်းလှုပ်ရှားမှု

၂၀၂၄ ခုနှစ် ကုန်ဆုံးလို့ ၂၀၂၅ ကို ရောက်လာချိန်မှာလည်း အကြမ်းဖက် စစ်အုပ်စုရဲ့ ဖိနှိပ်မှုတွေကို ခေါင်းငုံ့မခံဘဲ အာဏာရှင်တွေကို ဆန့်ကျင်ကြဖို့ Keep Moving On - ဆက်လျှောက် ဆိုတဲ့ လှုပ်ရှားမှုတစ်ခုကို နှစ်သစ်ရဲ့အစ ဒီနေ့ ဇန်နဝါရီ ၁ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

မုံရွာမြို့၊ နဝရတ်ရွှေဆိုင် ဓားပြမှုမှာ ကျူးလွန်ခဲ့သူတွေထဲက ၃ ယောက်ကို တော်လှန်ရေးအဖွဲ့တွေ ဖမ်းဆီးထား

စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ နဝရတ်ရွှေဆိုင် ဓားပြမှုနဲ့ ပတ်သက်လို့ ပါဝင်ကျူးလွန်သူ ၃ယောက်ကို ကနဦးဖမ်းဆီးရမိထားတယ်လို့ မုံရွာမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့က ဒီနေ့ အောက်တိုဘာ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ဗန်းမော်မြို့နဲ့ အင်းတော်မြို့ အလုံးစုံ သိမ်းပိုက်နိုင်ရေး ကြိုးပမ်းတိုက်ခိုက်နေသည်ဟု KIA ထုတ်ပြန်၊ ဗန်းမော်က အမြောက်တပ် ၃၆၆ တပ်ရင်း ၊ ကန်တော်စာသင်ကျောင်း၊ အမြောက်တပ် ၇၀၀၆ တပ်ရင်း၊ လေတပ်စခန်းတို့ကို KIA သိမ်းပိုက်ထား

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ ၂၁ အပါအဝင် ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းပြန်ကြားရေးဌာနက ဖေဖော်ဝါရီ ၁၇ ရက် မနေ့က ညပိုင်းမှာ သတင်းဖော်ပြထားပါတယ်။
Read More

မဟာဗျူဟာကျတဲ့ လမ်းကြောင်း ၁၅ ခု အပါအဝင် တစ်နိုင်ငံလုံးရဲ့ ၄၄ ရာခိုင်နှုန်းကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထား

နိုင်ငံတစ်ဝန်း မဟာဗျူဟာကျပြီး အရေးပါတဲ့  ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်း ၁၅ ခုလောက်ကို စိုးမိုးထိန်းချုပ်ထားနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းမှ ထွက်ပြေးလာသည့် တပ်သား ၂ ဦး တော်လှန်ရေးတပ်များနှင့် ပေါင်းပြီး စစ်ကောင်စီကို ပြန်တိုက်မည် ဟု ဆို

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာအကြမ်းဖက်စစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သား ၂ ယောက် လက်နက်ကိုယ်စီနဲ့ အလင်းဝင်ခိုလှုံလာကြောင်း သာယာဝတီခရိုင် အမှတ် (၁) တပ်ရင်း P23801 တာဝန်ရှိသူက မောင်းကို ပြောပါတယ်။