မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်သားတွေက ဘောလုံးကန်ဖို့ထွက်လာတဲ့ အသက် ၁၇ နှစ်အရွယ် လူငယ် ၁ ယောက်ကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၁ ထံက သိရပါတယ်။

ဇွန်လ ၂၈ ရက် နေ့လယ်ပိုင်းက ဆိပ်ဖြူမြို့နယ်၊ ငါးချဥ်ချောင်းကျေးရွာကို အရှေ့၊ အနောက်၊ တောင် စတဲ့ နေရာ ၃ ခုကနေ ခွဲပြီး ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ရွာအပြင်ဘက် ဘောလုံးကွင်းထဲမှာ ဘောလုံးကန်နေတဲ့ လူငယ်တွေနဲ့တွေ့ပြီး ဖုန်းသိမ်းစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ အထက်ပါ တပ်ခွဲတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အဲ့ဒီနောက် ဘောလုံးကွင်းကို ဆိုင်ကယ်နဲ့ ထပ်မံရောက်ရှိလာတဲ့ အသက် ၁၇ နှစ်အရွယ် မောင်အောင်သူထွန်းကိုလည်း ဆိုင်ကယ်နောက်ပြန်လှန်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့အတူ အနောက်ကနေ သေနတ်နဲ့  ၂ ချက် လိုက်လံပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

“အဲ့နေ့က ငါးချဥ်ချောင်းရွာမှာ ဘုရားပွဲရှိတယ်။ အဲ့မှာကလေးတွေက ဘောလုံးကန်ဖို့ နီးစပ်တဲ့ ရွာတွေနဲ့ ချိန်းထားတာ။ စစ်ကြောင်းက အင်အား ၅၀ လောက်နဲ့ အရှေ့ဘက်ကတစ်ကြောင်း၊ တောင်ဘက်ကတစ်ကြောင်း၊ အနောက်ဘက်က တစ်ကြောင်းဆိုပြီး ၃ ခု ခွဲဝင်လာတာ။ ကလေးတွေနဲ့ဆုံတာ.. ရွာအနောက်ဘက်ကနေ ဝင်လာတဲ့ စစ်ကြောင်းနဲ့ပါ။ ငါးချဥ်ချောင်းနဲ့ ကျစ်ပြင်ရွာက ကလေးတွေနဲ့ တွေ့တော့ကလေးတွေကို ဖုန်းတွေသိမ်းပြီး ခေါ်သွားဖို့လုပ်တယ်။ အဲ့မှာ ဆိုင်ကယ်နဲ့ရောက်လာတဲ့ မောင်အောင်သူထွန်းဆိုတဲ့ ကောင်လေးက သူတို့ကို မြင်လို့ကြောက်လန့်ပြီး ဆိုင်ကယ်အတင်းမောင်းပြေးဖို့ လုပ်တာ။ ဖုန်းကကျကျန်နေလို့ ပြန်လှည့်ကောက်နေတဲ့ အချိန်မှာ ပစ်ခံလိုက်ရတာပါ။ ပထမ တစ်ချက်က ခြေထောက်ကိုပဲမှန်တယ်။ နောက်တစ်ချက် ထပ်ပစ်တာကျမှ နောက်ကျောဘက်ကိုမှန်ပြီး နေရာတင်ဆုံးသွားတာပါ” လို့ ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၁ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်သားများ ပစ်သတ်ခဲ့သည့် မောင်အောင်သူထွန်း

စစ်ကောင်စီတပ်သားတွေက သေဆုံးသွားတဲ့ မောင်အောင်သူထွန်းရဲ့ အလောင်းကို ပုဆိုးနဲ့ ထုပ်ပြီး ယူဆောင်ကာ လမ်းတစ်နေရာမှာ စွန့်ပစ်ထားခဲ့တယ်လို့လည်း သိရပါတယ်။ သေဆုံးသူ မောင်အောင်သူထွန်းရဲ့ ရုပ်အလောင်းကို ဇွန်လ ၃၀ ရက်နေ့မှာ သဂြိုလ်ပြီးစီးခဲ့ပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းဟာ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့မှုမရှိဘဲ ဆိပ်ဖြူမြို့နယ်အတွင်းက ကျေးရွာတွေဆီ အကြောင်းမဲ့ စစ်ကြောင်းထိုးဝင်ရောက်နေတာ ဖြစ်တယ်လို့လည်း ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၁ တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာ ဆိပ်ဖြူ-ဆောလမ်းပိုင်းနဲ့ ပုသိမ်-မုံရွာလမ်းကြားက ငါးချဥ်ချောင်း၊ ကျောင်းရွာ၊ ကုန်းရွာနဲ့ ကျစ်ပြင်ကျေးရွာတွေမှာ အကြမ်းဖက်စစ်ကြောင်း ဝင်ရောက်နေသလို ဆက်သွယ်ရေး အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတုန်းကလည်း ငါးချဥ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ဖျက်ဆီးလို့ နေအိမ်၂၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပါသေးတယ်။

 

0 Shares:
You May Also Like
Read More

စတင်တာဝန်ထမ်းချိန်မှ ကျဆုံးချိန်အထိ အနစ်နာခံ တာဝန်ကျေပွန်ခဲ့သည့် အသက် (၂၄)နှစ်အရွယ် ရဲဘော် ဂတုံး

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်း ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖာပွန်ခရိုင် တပ်ရင်း ၁ (တပ်ရင်း-၇၀၀၁) - Spring Warriors Column က ရဲဘော်တစ်ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

SSNDF/KNDF ဗျူဟာအမှတ် ၉ ၊ တပ်ရင်း ၁၀၃ မှ တွေ့ဆုံပွဲ ပြုလုပ်

ရှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် SSNDF / ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗျူဟာအမှတ် ၉ ၊ တပ်ရင်း ၁၀၃ က ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၇) ရက်မှာ တွေ့ဆုံပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

VPN ဝန်ဆောင်မှုပေးခြင်းကို ထောင် ၆လအထိ အရေးယူနိုင်မည့် ဆိုင်ဘာလုံခြုံရေးဥပဒေ စစ်ကောင်စီ ပြဋ္ဌာန်း အသက်သွင်း

ခွင့်ပြုချက်မရှိဘဲ VPN ၀န်ဆောင်မှုပေးခြင်း အပါအဝင် အင်တာနက်အသုံးပြုရာမှာ ပိတ်ဆို့ကန့်သတ်အရေးယူနိုင်မယ့် ဆိုင်ဘာလုံခြုံရေးဥပဒေကို စစ်ကောင်စီက မနေ့က ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင် အသက်သွင်း အတည်ပြုလိုက်ပြီဖြစ်ပါတယ်။
Read More

ရွှေကျင်-သံဆိပ် ကားလမ်းပိုင်းတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ကို ဝင်ရောက်ပစ်ခတ်၊ စစ်သား ၃ ဦး ပွဲချင်းပြီး သေဆုံး

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ ကင်းပုန်းဝပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၃ ယောက် သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၃၇၀၃ (မီးနဂါးတပ်ဖွဲ့) က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စလင်းနှင့်ချောက်တွင် ရက်ပိုင်းအတွင်း လူငယ်လူလတ်ပိုင်း အမျိုးသား ၂၀ ကျော် ပေါ်တာဆွဲဖမ်းဆီးခံရ

ကွေးတိုင်း၊ စလင်းနဲ့ ချောက်မြို့နယ်တို့မှာ အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်လာရာ ရက်ပိုင်းအတွင်း အမျိုးသားလူငယ် အယောက် ၂၀ ကျော်အထိ ဖမ်းဆီးခံထားရကြောင်း ပြည်သူ့ညီနောင်-စလင်းတပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ပေါက်ခေါင်းမှာ ကင်းပုန်းဝပ်ရန် ထွက်လာသည့် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ ကင်းပုန်းဝပ်ဖို့ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ပြည်ခရိုင် တပ်ရင်း ၃၆၀၂ က သတင်းထုတ်ပြန်ထားပါတယ်။