တနင်္သာရီတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် ၃ တပ်ရင်းနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ ဇွန်လအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ၃ ယောက်သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ​မြိတ်ခရိုင် အမှတ် ၃ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇွန်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၃) တပ်ရင်းတို့ဟာ ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လ ၅ ရက် နေ့လယ်ပိုင်းမှာ ချောင်းနှစ်ပေါက်ကျေးရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ မြိတ်ခရိုင် တပ်ရင်း (၃) တို့ မိနစ် ၃၀ ခန့် အပြန်လှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က ၂ ယောက် သေဆုံးကာ  တစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၁၆ ရက်နေ့မှာလည်း ညောင်ပင်ကွင်းကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ ခ.မ.ရ (၅၆၁) တပ်ရင်းအနီး မြိတ်ခရိုင် တပ်ရင်း (၃) နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ ၂ နာရီနီးပါး ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့သလို မြိတ်ခရိုင် တပ်ရင်း (၃) ကလည်း လက်နက်ငယ်အပြင် ၄၀ မမ ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား တစ်ယောက် ထိခိုက်ဒဏ်ရာရရှိပြီး တစ်ယောက် သေဆုံးခဲ့ကာ မြိတ်ခရိုင် တပ်ရင်း (၃) က ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ကြောင့် ကျိုက်ထော်ကျေးရွာ ဆုတောင်းပြည့်စေတီ စိန်ဖူးတော် မြေခ

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ကျိုက်ထော်ကျေးရွာမှာရှိတဲ့ ဆုတောင်းပြည့်စေတီရဲ့ စိန်ဖူးတော်ဟာ ငလျင်လှုပ်ခတ်မှုကြောင့် ကျိူးကျပျက်စီးခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

မော်လမြိုင်တွင် ကျောင်းဆရာမ တဦး အသတ်ခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ အငြိမ်စားကျောင်းဆရာမ တယောက်နေအိမ်အတွင်းထဲ အသတ်ခံရပြီး သေဆုံးနေတာကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ မော်လမြိုင်မြို့ခံတွေဆီက သိရပါတယ်။
Read More

နောင်ချို PDF တပ်ဖွဲ့မှာ တာဝန်ထမ်း‌ဆောင်နေတဲ့ CDM စစ်သားနဲ့ ရဲတွေကို ပြည်သူ့ပန်းတိုင်က ငွေကြေး ထောက်ပံ့ကူညီ

ရှမ်းပြည်မြောက်ပိုင်းက နောင်ချို ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ (နောင်ချို PDF) မှာ တာဝန်ထမ်းဆောင်နေတဲ့ CDM စစ်သားနဲ့ ရဲတွေကို ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ဆေးမှုကို လက်မခံဘဲ ထွက်ပြေးသည့် တပ်ကြပ်ကြီးဟောင်းတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ ရေစကြိုမြို့အထွက်မှာ စစ်ဆေးမှုကိုလက်မခံဘဲ ထွက်ပြေးတဲ့ စစ်ကောင်စီ တပ်ကြပ်ဟောင်းတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် ပကဖ ဆီက သိရပါတယ်။
Read More

နိုင်ကျဉ်း ၆၀၀ လွှတ်တယ်ဟုဆိုကာ မြေပြင်မှာ ၃၀၀ ကျော်သာ လွတ်မြောက်လို့ လွတ်ငြိမ်းကို စစ်ကောင်စီ နိုင်ငံရေးအရ အမြတ်ထုတ်ခြင်းသာ ဖြစ်

လွတ်လပ်ရေးနေ့က  စစ်ကောင်စီ ပေးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ လွတ်မြောက်မယ်လို့ ပြောထားတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်ထက် ထက်ဝက် လျော့နည်းနေတာကြောင့် စစ်ကောင်စီဟာ လွတ်ငြိမ်းကို အမြတ်ထုတ်သွားတယ်လို့  နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ဇန်နဝါရီ ၆ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
Read More

ဆက်သွယ်ရေး ဥပဒေနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံထားရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော် ပြန်လည် လွတ်မြောက်…

အကြမ်းဖက်စစ်ကောင်စီက အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃ (က)နဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခံခဲ့ရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ ဇန်နဝါရီ ၄ ရက် ဒီနေ့မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတယ်လို့ သူမနဲ့ နီးစပ်တဲ့ အနုပညာအသိုင်းအဝိုင်းဆီက သိရပါတယ်။