တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေရှိသလို နေအိမ်တွေလည်း ထိမှန်ပျက်စီးသွားတယ်လို့  ကျောက်မဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) ထံက သိရပါတယ်။

ဇွန်လ ၂၉ ရက် မနေ့က နေ့လယ်လောက်မှာ စစ်ကောင်စီတပ်ဟာ ကျောက်မဲမြို့ပေါ် ကမ္ဘောဇရှမ်းကျောင်းနားကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက် အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၄ ယောက်  ထိမှန်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ၂၀ ဝန်းကျင်လည်း ထိမှန်ပျက်စီးသွားခဲ့ပါတယ်။ အလားတူ ညပိုင်းမှာလည်း စစ်ကောင်စီတပ်က မြောက်ကုန်း၊ တိုက်လေးလုံး နဲ့ တောင်နောက်ဘက်ကို ထပ်မံလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပေမယ့် ထိခိုက်သူတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဇွန် ၂၆ ရက်နေ့တွင် ကျောက်မဲမြို့ကို စစ်အုပ်စု လေကြောင်းဗုံးကြဲခဲ့စဥ်

“နေအိမ်တွေတော့ တော်တော်ထိခိုက်တယ်ဗျ၊ အလုံး ၂၀ တော့ အနည်းဆုံးရှိမယ်ထင်တယ်။ ညပိုင်းကတော့ အရင်အစိုးရအဆောက်အဦးတွေနဲ့ ဘုန်းကြီးကျောင်းပဲ ထိခိုက်မယ်ဗျ” လို့ ကျောက်မဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

စစ်ကောင်စီဟာ ကျောက်မဲမြို့ပေါ်မှာ ထိတွေ့တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေကို အကြောင်းမဲ့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ကျောက်မဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ရှိမယ်ထင်တဲ့ နေရာတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာ ဖြစ်နိုင်တယ်လို့လည်း အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

“ပြောရရင် သူတို့က နောင်ချိုဘက်က တိုက်ပွဲဖြစ်ရာရှေ့တန်းဆိုရင် ကျနော်တို့ ကျောက်မဲက နောက်တန်းပုံစံပေါ့ဗျာ။ နောက်တန်းကို လာချဲတဲ့ပုံစံပါ” လို့ ဆိုပါတယ်။

ဇွန်လ ၂၆ရက် ည ၁၂နာရီကျော်လောက်ကလည်း စစ်ကောင်စီက ကျောက်မဲမြို့ကို ပေါင် ၂၅၀ ဗုံး ၂လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသမီးတစ်ယောက် သေဆုံးကာ အမျိုးသား ၂ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ ပင်လောင်းရှေ့တန်းစခန်းက စစ်သား ၇ ယောက် လက်နက် ၆ လက်နဲ့ အလင်းဝင်လာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ရှေ့တန်းစခန်းကနေ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းအဖြစ် အဓမ္မစုဆောင်းခံခဲ့ရတဲ့ တပ်စိပ်မှူးအပါအဝင် တပ်သား ၇ ယောက်ဟာ လက်နက် ၆ လက်နဲ့တကွ ဘက်ပြောင်းခိုလှုံလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့- နေပြည်တော်က ထုတ်ပြန်ထားပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF က အမှတ် (၃၁) တပ်ရင်း ဖွဲ့စည်း…

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ၊ စစ်ဗျူဟာ အမှတ် (၁) က ဖယ်ခုံမြို့နယ် အခြေစိုက်တဲ့ အမှတ်(၃၁)တပ်ရင်းကို စက်တင်ဘာလ ၂ ရက်က တိုးချဲ့ဖွဲ့စည်းခဲ့တယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဒူးပလာယာခရိုင်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် (၁၀) နှစ်အရွယ် မိန်းကလေး (၁) ယောက် အပါ ပြည်သူ (၂) ယောက် သေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိခဲ့

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး - KNU တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် (၁၀) နှစ်အရွယ် မိန်းကလေး (၁) ယောက် အပါ ပြည်သူ (၂) ယောက် သေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

ဟားခါး-ထန်တလန်လမ်းရှိ Kiamtlang စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်၊ စစ်တပ်က ဗိုလ်မှူးအပါ ၄ ယောက် အရှင်မိပြီး ၁၅ ယောက် သေကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

ချင်းပြည်နယ်၊ ဟားခါးမြို့အနီးက ဟားခါး-ထန်တလန်လမ်းရှိ Kiamtlang စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်တပ်က ဗိုလ်မှူးအပါ ၄ ယောက် အရှင်မိပြီး ၁၅ ယောက် သေဆုံးခဲ့တယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ငလျင်လှုပ်ခဲ့ပေမယ့် မြန်မာမှာ နျူကလီးယားဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရေးအစီအစဉ်ကို ဆက်လုပ်သွားမည်ဟု ရုရှား ဆို

ငလျင်နဲ့ စစ်ဒဏ်သင့် မြန်မာနိုင်ငံမှာ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်မယ့်အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ စီမံကိန်းကို ဦးဆောင်နေတဲ့ ရုရှားအစိုးရပိုင်ကုမ္ပဏီက Reuters ကို ပြောပါတယ်။
Read More

ရန်ကုန်အခြေစိုက် တော်လှန်ညီနောင် ၄ ဖွဲ့နှင့် ရန်ကုန်ဒရုန်းအဖွဲ့ ပူးပေါင်း

ရန်ကုန်မြို့မှာ အခြေစိုက်ပြီး စစ်အာဏာရှင်ကို ပြောက်ကျားသပိတ်တွေ ဆင်နွှဲနေတဲ့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့နဲ့ ရန်ကုန်ဒရုန်းအဖွဲ့တို့ ပူးပေါင်းကာ မဟာမိတ်အဖြစ် ဖွဲ့စည်းကြောင်း ထုတ်ပြန်ပါတယ်။