ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဝဲဒေါင့်ဝဲကြီးကျေးရွာရှိ စစ်ကောင်စီကင်းစခန်းကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဖြူးမြို့နယ် ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂၉ ရက် မနေ့က မနက်အစောပိုင်းမှာ ဖြူးမြို့နယ် ဝဲဒေါင့်ဝဲကြီးကျေးရွာရှိ စစ်ကောင်စီကင်းစခန်းကို တော်လှန်‌ရေးပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ ၅ နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ကာ စစ်ကောင်စီတပ်သားတွေ တပ်ကူအင်အားအများအပြားနဲ့ ရောက်ရှိလာတဲ့အတွက် တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဖြူးမြို့နယ်ပကဖ၊ ရန်ကုန်းတိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့(၃)၊ ဧရာဝတီအမှတ်(၃)တပ်ရင်းနဲ့ အာဠာဝကစစ်ကြောင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင် ၁ ယောက်ကျဆုံးခဲ့ကာ ဖြူးမြို့နယ် ပကဖ ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တဲ့အတွက် ပြည်သူတွေ သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

Video – PhyuTownship People’s Defense Organization – ဖြူးမြို့နယ် ပကဖ

0 Shares:
You May Also Like
Read More

မုံရွာ-ပုသိမ်လမ်းပိုင်းမှာ ကြေးနီတင်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ယာဉ် ၃ စီး ထိခိုက်ပျက်စီး ပြီး စစ်ကောင်စီတပ်သား ၃ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း ဧပြီ ၂ ရက် ညပိုင်းက ကြေးနီတင်ယာဉ် ၆ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ် ၃ စီး ထိခိုက်ပျက်စီးပြီး စစ်ကောင်စီတပ်သား ၃ ယောက် သေခဲ့တယ်လို့ မဲမှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရပါတယ်။
Read More

ဖာပွန်မြို့၊ ဗျူဟာစခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်က စစ်တပ်မိသားစုဝင်များကို လူသားတံတိုင်းပြုလုပ်နေ (ရုပ်/သံ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ စစ်ဗျူဟာချုပ်-စဗခ ၁ တပ်အတွင်း စစ်တပ်က စစ်တပ်မိသားစုဝင် ၂၀၀ ခန့်ကို သေနတ်ပစ်သင်ပေးကာ လူသားဒိုင်းကာ အဖြစ် အသုံးပြုပြီး ခုခံနေတယ်လို့ သိရပါတယ်။
Read More

ထန်းတပင်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူတွေကို ဧရာဝတီ အမှတ် (၃) တပ်ရင်း နဲ့ ပဲခူး PDF တို့ ပူးပေါင်းကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေး (ရုပ်/သံ)

ထန်းတပင်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူတွေကို ဧရာဝတီ အမှတ် (၃) တပ်ရင်း နဲ့ ပဲခူး PDF တို့ ပူးပေါင်းကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေး (ရုပ်/သံ)
Read More

မြင်းခြံမြို့နယ်အတွင်း ပျူစောထီး ၂ ယောက် ပြောက်ကျားတိုက်ခိုက်ခံရပြီး သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ အမှတ် ၁၈ ရက်ကွက်အတွင်း ဆိုင်ကယ်နဲ့ ထွက်လာတဲ့ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး ၂ ယောက်ကို ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက် မနက်ပိုင်းမှာ ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ Freedom Fighter Guerrilla Force အဖွဲ့ထံက သိရပါတယ်။
Read More

ဗန်းမော်မြို့မှ ပြန်ဆင်းလာတဲ့ စစ်သင်္ဘောတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် (ရုပ်/သံ)

ကချင်ပြည်နယ် ဗန်းမော်မြို့မှ ပြန်ဆင်းလာတဲ့ စစ်သင်္ဘောတွေကို KIA ပူးပေါင်းတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

မူဆယ်မှာ အခွန်မပေးတဲ့ ကျားဖြန့်တွေကို ဝင်ဖမ်းတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့စစ်တွေ ပစ်ခတ်မှုဖြစ်ပွား (ရုပ်/သံ)

ရှမ်းပြည်နယ် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ ဒီဇင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းက (အွန်လိုင်းငွေလိမ်ဂိုဏ်း) ကျားဖြန့်လုပ်ကိုင်သူတွေကို ဝင်ရောက်ဖမ်းဆီးတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့စစ်တွေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။