စစ်ကောင်စီရဲ့ အကျဥ်းထောင်တွေထဲမှာ မတရား ဖမ်းဆီးထိန်းသိမ်းခံရကာ နိုင်ငံရေးအကျဥ်းသားတွေ မသေဆုံးသင့်ဘဲ သေဆုံးနေရတဲ့အပေါ် စစ်ကောင်စီနဲ့ လက်ပါးစေတွေကို ခွင့်လွှတ်မှာ မဟုတ်ဘဲ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ တရားမျှတမှု ရရှိအောင် လုပ်ဆောင်သွားမယ်လို့ ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ် လွှတ်တော်တွေ၊ လွှတ်တော်ကိုယ်စားပြုကော်မတီတွေက ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေဟာ အကျဥ်းထောင်တွေထဲမှာ အကြမ်းဖက်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ လုံလောက်တဲ့ ဆေးဝါးနဲ့ အစာအဟာရ မရရှိမှုတို့ကြောင့် မလိုအပ်ဘဲ အသက်သေဆုံးနေကြရပြီး အဲဒီထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ် (၁၄၅) ယောက် အပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဖြစ်သူ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ ထောင်တွင်းကျဆုံးခဲ့ပြီး လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်းဟာလည်း  ၂၀၂၄ အောက်တိုဘာ ၈ ရက်နေ့ အိုးဘိုထောင်မှာ ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့မှာလည်း မန္တလေးတိုင်း လွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ဦးဟာ  မန္တလေး အိုးဘိုအကျဉ်းထောင်ထဲမှာ လုံလောက်တဲ့ ဆေးကုသခွင့်မရရှိခဲ့တာကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ်လွှတ်တော်တွေ၊ လွှတ်တော်ကိုယ်စားပြု ကော်မတီတွေက   “မန္တလေးတိုင်း လွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ဦးနှင့်တကွ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ပြီးဖြစ်သော ရဟန်းရှင်လူ ကျောင်းသားပြည်သူများ ကောင်းရာသုဂတိလားပါစေ” လို့ ပူးတွဲ ကြေညာချက်နဲ့အတူ အကျဉ်းထောင်အတွင်းမှာ မလိုအပ်ဘဲ ကျဆုံးခဲ့ရသူတွေအတွက် မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေတွေကို လုံးဝ ခွင့်လွှတ်မှာမဟုတ်ဘဲ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ တရားမျှတမှုအတွက် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ဒီကြေညာချက်ကို စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊ တနင်္သာရီတိုင်းလွှတ်တော်၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်၊ ရန်ကုန်တိုင်းလွှတ်တော်၊ ဧရာဝတီတိုင်းလွှတ်တော်၊ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီ၊ ကယားပြည်နယ် လွှတ်တော်သုံးရပ်ကော်မတီ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီ၊ ချင်းပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီ၊ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီ၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပဲခူးတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီတို့ ပူးတွဲထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာပြည်သူအပေါ် စစ်ကောင်စီ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေခြင်းကို အာဆီယံအနေနှင့် လျစ်လျူမရှုဖို့ NUG ပြော

မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မင်းအောင်လှိုင်နဲ့ စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတာကို အာဆီယံအနေနဲ့ လျစ်လျူမရှုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောကြားလိုက်ပါတယ်။
Read More

တစ်နှစ်အတွင်း MBT တပ်ဖွဲ့ရဲ့ စစ်ဆင်ရေးတွေကနေ စစ်ကောင်စီတပ်သား ၂၀၀ ကျော် သေဆုံးစေခဲ့

မန္တလေးတိုင်း၊ မြင်းခြံအခြေစိုက် တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း စစ်ကောင်စီတပ်သား ၂၀၀ ကျော်သေဆုံးစေခဲ့တဲ့ စစ်ဆင်ရေးတွေကို ဖော်ဆောင်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။ 
Read More

တရုတ်-မြန်မာနယ်စပ်က ဖီမော်မြို့ကို KIA တိုက်ခိုက်သိမ်းပိုက်

တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ ဖီမော်မြို့ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းအရင်းအမြစ်က ဖော်ပြလာပါတယ်။
Read More

နွားထိုးကြီးမြို့မရဲစခန်းက ရဲတပ်ကြပ်တစ်ဦး အလင်းဝင်လာ

မန္တလေးတိုင်းရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ နွားထိုးကြီးမြို့မရဲစခန်းက ရဲတပ်ကြပ်တစ်ယောက် အလင်းဝင်ရောက်လာတယ်လို့ မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းဆီက သိရပါတယ်။
Read More

မြန်မာ့အရေးဝင်စွက်ဖက်နေတဲ့ တရုတ်ကို မြန်မာပြည်သူတွေ ဆိုးလ်မှာ ဆန့်ကျင်ကန့်ကွက်ဆန္ဒပြ…

တောင်ကိုရီးယားနိုင်ငံရဲ့ မြို့တော် ဆိုးလ်မြို့မှာ တောင်ကိုးရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြယ်လှယ်နေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ရှုတ်ချတဲ့ လမ်းလျှောက်ချီတက်ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖယ်ခုံတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးသေဆုံး၊ နေအိမ် ၄ လုံး ထိခိုက်ပျက်စီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး နေအိမ် ၄ လုံး ပျက်စီးခဲ့တယ်လို့ Karenni Human Rights Group (KnHRG) က ဒီနေ့ ထုတ်ပြန်ပါတယ်။