ရန်ကုန်၊ အင်းစိန်ထောင်ကနေ နိုင်ငံရေးအကျဉ်းသား အပါအဝင် အကျဉ်းသား ၅၀၀ ခန့်ကို သာယာဝတီထောင်နဲ့ ဒိုက်ဦးထောင်ကို ထောင်ပြောင်းရွှေ့မှု လုပ်ဆောင်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကနေ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့ မနက်အစောပိုင်းမှာ အင်းစိန်ထောင်က အကျဉ်းသားတွေကို စတင်ပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“အင်းစိန်ကနေမှ သာယာဝတီကိုက အနည်းဆုံး အယောက် ၂၀၀ ဝန်းကျင်ရောက်တယ်။ ဒိုက်ဦးကိုက ၂၆၀ လောက်ရောက်တယ်လို့ ကျနော်တို့ သိထားရတယ်ဗျ။ စုစုပေါင်း ၅၀၀ နီးပါးလောက်ကိုတော့ ပြောင်းရွှေ့သွားတယ်ဗျ။ အဲ့မှာ နိုင်ငံရေးအကျဉ်းသားက ထက်ဝက်ကျော်လောက်ပါတယ်လို့ ကျနော်တို့ သိထားပါတယ်။” လို့ PPNM မှ ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။
ထောင်ပြောင်းရွှေ့ခံရတဲ့ထဲမှာ နှစ်ရှည်အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးသမားတွေ ပါဝင်နေသလို ၅နှစ်အထက် အမိန့်ချခံရတဲ့ သူတွေလည်း ပါဝင်နေကာ အခုလို ထောင်ပြောင်းရွှေ့မှာကို အကျဉ်းဦးစီးကနေ မိသားစုတွေထံ အကြောင်းကြားခြင်းလည်း မရှိခဲ့ဘူးလို့ သိရပါတယ်။
ကိုသိုက်ထွန်းဦးက ဆက်လက်ပြီး “ သူတို့ ထောင်ပြောင်းရွှေ့တာဟာ ရည်ရွယ်ချက်ရှိပါတယ်။ သူတို့ကတော့ လူဦးရေများလို့ ထောင်ရွှေ့တယ်ပြောပေမယ့်… နောက်ကွယ်မှာကတော့ အကျဉ်းသားတွေက ပြောင်းရွှေ့လိုက်တဲ့ ထောင်တွေမှာ အစကနေ နေထိုင်နိုင်ဖို့ ကြိုးစားကြရတယ်။ မိသားစုဝင်တွေလည်း ပါဆယ်ပို့ဖို့ ကိစ္စတွေမှာ အခက်အခဲ ဖြစ်စေပါတယ်။ ဒီလိုဖြစ်အောင်ကို စိတ်ဓာတ်ပိုင်းဆိုင်ရာအရ တခြားထောင်တွေရောက်သွားရင် ငြိမ်သွားအောင်ပေါ့နော်… အဲ့လိုဆိုတော့ သူတို့ကို အမြဲဆန့်ကျင်နေတဲ့ ခေါင်းဆောင်ပိုင်းတွေကို ထောင်ပြောင်းရွှေ့လေ့ရှိပါတယ်။” လို့ ထောင်ပြောင်းရွှေ့ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး သူ့အမြင်ကို ပြောပြပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာလ ၂၀ ရက်နေ့အထိ စာရင်းတွေအရ စစ်ကောင်စီဟာ နိုင်ငံရေးနဲ့ဆက်စပ်လို့ လူပေါင်း နှစ်သောင်းကျော် ဖမ်းဆီးထားပြီး အဲဒီအထဲက လူကိုးထောင်ကျော်ဟာ ထောင်ဒဏ်တွေ ချမှတ်ခံထားရတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ဖာပွန်ခရိုင်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေး(၁) ဦးအပါ ကလေး (၂) ဦးသေဆုံး၊ ပြည်သူ(၃) ဦးနှင့် နေအိမ် (၃) လုံး ထိခိုက်ပျက်စီး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေး(၁) ယောက်အပါအဝင် ကလေးငယ် (၂) ယောက် သေဆုံးပြီး ပြည်သူ(၃) ယောက် ဒဏ်ရာရကာ နေအိမ် (၃) လုံး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သာစည်မြို့အနီး ရစ်ချက်တာစကေး ၅.၅ အဆင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင် လှုပ်ခတ်

မန္တလေးတိုင်း၊ သာစည်မြို့အနီး ရစ်ချက်တာစကေး ၅.၅ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဒေသခံ ပြည်သူတွေဆီက သိရပါတယ်။
Read More

မြင်းခြံမြို့ပေါ်တွင် အထိုင်ချထားသည့် စစ်အုပ်စု၏ SP ရုံးတိုက်ခိုက်ခံရပြီး သုံးပွင့်ဗိုလ် ၂ ဦးအပါ ၇ ဦးသေဆုံး

“ စခတွေဘက်ကသေဆုံးမှုကိုတော့ ပြောပြလို့မရတဲ့ သတင်းအရင်းအမြစ်တွေကနေသိရတာပါဗျ၊ နာမည်တွေပါ အတိအကျသိပါတယ် ထုတ်ပြန်ဖို့အခက်အခဲရှိလို့ပါဗျ ပစ်ခတ်မှုဖြစ်ပြီး ည ၁၂ နာရီ လောက်မှာ ပျူတွေမြို့လယ်ခေါင်မှာ သေနတ်တွေဖောက်ပါတယ် ” လို့ ထနောင်းမြေစစ်ကြောင်းမှ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စစ်ကောင်စီက အပစ်ရပ်ကာလနောက်ဆုံးရက်မှာ မိုးကုတ်ကို လေကြောင်းကနေ ပေါင်(၂၅ဝ) ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က အပစ်ရပ်ကာလ နောက်ဆုံးရက်မှာ လေကြောင်းကနေ ပေါင်(၂၅ဝ)ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲအတု ဆန့်ကျင်ကြောင်း စာသားပါ ပိုက်ဆံများ အသုံးပြုသည့် Money Flow လှုပ်ရှားမှု ပြုလုပ်

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်ဆန့်ကျင်ရေးအဖြစ် ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း စာသားပါ ပိုက်ဆံတွေ သုံးစွဲဖြန့်ဝေတဲ့ Money Flow လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင်‌ ၄ ဖွဲ့က လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

Sky Villa ကွန်ဒိုမှ ရုပ်အလောင်း ၁၀ လောင်း ထပ်မံတွေ့ရှိ

အင်အားပြင်း ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ Sky Villa ကွန်ဒိုအဆောက်အဦးကနေ စုစုပေါင်း ရုပ်အလောင်း (၁၀)လောင်းကို ဒီနေ့ ဧပြီလ ၇ ရက်နေ့မှာ ထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။