ပဲခူးတိုင်းအနောက်ခြမ်း မြို့နယ်တွေက ပညာရေးဝန်ထမ်းတွေကို စစ်ကောင်စီက တရားမဝင် ရွေးကောက်ပွဲအတွက် မဲရုံမှူးသင်တန်းပေးဖို့ နေပြည်တော်ကို စတင်ပို့ဆောင်နေပြီ ဖြစ်တယ်လို့ ဒေသခံ ပညာရေးဝန်ထမ်းတွေထံက သိရပါတယ်။

အဆိုပါ မဲရုံမှူးသင်တန်းကို လာမယ့် ၄/၅ ရက်အတွင်း နေပြည်တော်မှာ သွားရောက်သင်ကြားရမှာ ဖြစ်ပြီး စစ်ကောင်စီရဲ့ လုံခြုံရေးယာဉ်တန်းနဲ့ သွားရောက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

“သာယာဝတီ၊ မင်းလှ၊ အုတ်ဖို့က group တစ်ခုဖြစ်မှာပေါ့။ ကြို့ပင်ကောက်၊ မိုးညို၊ ဇီးကုန်းတို့ဆို group တစ်ခုပေါ့။ အဲ့လို အသုတ်လိုက်သွားရမှာ” လို့ ပဲခူးတိုင်းအနောက်ခြမ်းရှိ အမည်မဖော်လိုတဲ့ ပညာရေးဝန်ထမ်းတစ်ယောက်က မောင်းကို ပြောပါတယ်။

သင်တန်းတက်ရာမှာ ပညာရေးဝန်ထမ်းအားလုံးကို နေပြည်တော် ခေါ်ယူသင်တန်းတက်စေတာမျိုး မဟုတ်ဘဲ မဲရုံတစ်ရုံကို ကိုယ်စားလှယ်တစ်ယောက်က သင်တန်းသွားတက်ရမှာဖြစ်ပြီး သင်တန်းဆင်းပြီးရင်တော့ ကျန်တဲ့သူတွေကို ပြန်လည်သင်ကြားပေးရတဲ့ ပုံစံမျိုးဖြစ်ကာ မဲရုံရှိသလောက် ကိုယ်စားလှယ်တွေ သင်တန်းသွားတက်ရမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

“အခု မဲကိစ္စနဲ့ ပတ်သက်ရင် အကုန်လုံးက လုံခြုံရေးတွေနဲ့ပဲ လုပ်နေတာ။ ဘာလို့လဲဆိုတော့ အရှေ့မှာတုန်းကလည်း သန်းခေါင်စာရင်း ကောက်တာ ပညာရေးဝန်ထမ်းတွေပဲ လုပ်ရတာ အဲ့တုန်းကဆို ကြောက်ကြောက်နဲ့ လုပ်ကြရတာကိုး။ တချို့ရွာတွေဆို သွားတောင် မကောက်ဘူး။ ရမ်းချလိုက်တာပဲ။ ပုံမှန်ကတော့ တစ်အိမ်တက် တစ်အိမ်ဆင်း ကောက်ရမှာပေါ့လေ” လို့ အထက်ပါ ပညာရေးဝန်ထမ်းက ဆိုပါတယ်။

အဆိုပါသင်တန်းမှာ မူလတန်းပြ၊ အလယ်တန်းပြနဲ့ အထက်တန်းပြ ပညာရေးဝန်ထမ်းတွေ ပါဝင်ပြီး သင်တန်းတက်ရမယ့် ပညာရေးဝန်ထမ်း စစ်တပ်မိသားစုဝင်တွေတောင် လုံခြုံရေးယာဉ်တန်းနဲ့ သင်တန်းသွားတက်ရမှာကို ကြောက်လန့်နေကြတယ်လို့ ဆိုခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ရခိုင်ဘက်ပို့ဆောင်ခံရချိန် ထွက်ပြေးအလင်းဝင်လာသည့် စစ်သက်တမ်း နှစ် ၂၀ ရှိ တပ်ကြပ် ၁ ဦးကို မုံရွာပကဖ စစ်ဆေးနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဆက်သွယ်ရေး ၆ တပ်ကနေ ရခိုင် စစ်မျက်နှာကို ပို့ဆောင်ခံရတဲ့ စစ်ကော်မရှင် တပ်ကြပ် ၁ ယောက် ထွက်ပြေးအလင်းဝင်ရောက်လာကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ စစ်ကောင်စီတပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ အကြမ်းဖက်စစ်ကောင်စီ အဖွဲ့ဝင် တပ်သားတစ်ယောက် လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်လာတယ်လို့ သိရပါတယ်။
Read More

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီ စစ်သုံ့ပန်း ၅၀ ထက်မနည်း ဖမ်းဆီးရမိပြီး စစ်သား အလောင်း ၃၀ ကျော်တွေ့ရှိ၊ ၁၂၀ မမ လက်နက်ကြီးအပါ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီရဲ့ သေ့ဘောဘိုးတပ်စခန်း တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်သုံ့ပန်း ၅၀ ထက်မနည်းဖမ်းဆီးရမိပြီး ၁၂၀ မမ လက်နက်ကြီးအပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ Cobra Column 2 (Venom Column) ရဲ့ ထုတ်ပြန်ချက်နဲ့ တော်လှန်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

တညောင်တိုက်နယ်ရဲစခန်းကို စလင်းပကဖ သိမ်းပိုက်မီးရှို့၊  ရဲ ၈ ဦး သေပြီး  ၂ ဦးကို လက်နက်များနှင့်အတူ အရှင်ဖမ်းမိ

မကွေးတိုင်း၊ စလင်းမြို့နယ်က တညောင်တိုက်နယ်ရဲစခန်းကို ဒီနေ့ (ဇူလိုင် ၃၀) မနက်အစောပိုင်းမှာ စလင်းပကဖတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ကာ စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းကွန်းတိုက်ပွဲအတွင်း Acid ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် အာနိုး ကျဆုံး

စစ်ကိုင်းတိုင်း၊ မင်းကွန်းတိုက်ပွဲမှာ ဝက်လက်မြို့နယ်အခြေစိုက် Acid ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက် ကျဆုံးသွားခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

မြောင်းမြမြို့ ညောင်ပင်လေးဈေး မီးလောင်မှု ဆိုင်ခန်း ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့

ဧရာဝတီတိုင်း၊ မြောင်းမြမြို့၊ အမှတ် ၂ ရပ်ကွက်၊ ၆လမ်းမှာရှိတဲ့ ညောင်ပင်လေးဈေးမှာ ဇန်နဝါရီ ၁၈ ရက် မနေ့က ညပိုင်းမှာ မီးလောင်မှု ဖြစ်ပွါးခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၁၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။