ဒီကနေ့ကျင်းပတဲ့ UFC 317 မှာ မြန်မာကို ကိုယ်စားပြုတဲ့ ဂျော့ရှူအာဗန်က လက်ရှိ UFC ကမ္ဘာ့အဆင့် ၁ ဘရန်ဒန် ရိုဗာကို လက်စွမ်းအသာနဲ့ ထိုးသတ် အနိုင်ရရှိသွားပြီဖြစ်ပါတယ်။

ပထမအချီမှာ ဗန်က ရိုဗာကို အသာစီးနဲ့ ထိုးသတ်သွားခဲ့ပြီး၊ ဒုတိယအချီမှာ ဘရန်ဒန် ရိုဗာက ပြန်လည်အရှိန်မြင့်ထိုးသတ်ခဲ့တယ်။ တတိယအချီပြီးခါနီးမှာတော့ ဗန်က ဘရန်ဒန်ရိုဗာကို လဲကျတဲ့အထိ သိသာစွာ အသာစီးထိုးသတ်နိုင်ခဲ့တာကြောင့် ဒိုင်ဆုံးဖြတ်ချက်နဲ့ ထိာက်တန်စွာ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။

ဗန်က အသက် ၂၃ နှစ် ၊ အရပ်အမြင့် ၅ ပေ ၅ လက်မ ရှိပြီး၊ ပရော်ဖက်ရှင်နယ် ဖိုက်တာဘ၀ စုစုပေါင်း ၁၆ ပွဲ ထိုး ၁၄ ပွဲ နိုင် ၊ ၂ ပွဲ ရှုံး ရလာဒ် ပိုင်ဆိုင်ထားခဲ့သူဖြစ်ပါတယ်။ ရိုဗာက အသက် ၃၂ နှစ် ၊ အရပ်အမြင့် ၅ ပေ ၉ လက်မ ရှိပြီး၊ ပရော်ဖက်ရှင်နယ် ဖိုက်တာဘ၀ စုစုပေါင်း ၂၄ ပွဲထိုး ၁၇ ပွဲ နိုင် ၊ ၇ ပွဲ ရှုံး ရလဒ် ပိုင်ဆိုင်ထားခဲ့သူပါ။

UFC ခေါင်းစဉ်အောက်မှာတော့ ဗန် က ၉ ပွဲထိုး ၈ ပွဲ နိုင် ၁ ပွဲ ရှုံးမှတ်တမ်းရှိပြီး၊ ဒီပွဲကို အနိုင်ရခဲ့လို့   ဗန်ဟာ မကြာခင်မှာပဲ ဖလိုင်းဝိတ်ချန်ပီယံကို တိုက်ရိုက်စိန်ခေါ်ထိုးသတ်နိုင်တော့မှာပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မူးမြို့နယ်မှာ စစ်ကြောင်းထိုးမယ့် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် (၁၃) နှစ်အရွယ်အပါ (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားပြီး ကျေးရွာတွေအတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သား (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

လေယာဉ်ဆီဘောက်ဆာကား မောင်းလာသည့် စစ်ကောင်စီတပ်သား၂ ဦး ဖမ်းဆီးခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ဘက်ကနေ လေယာဉ်ဆီဘောက်ဆာကား မောင်းလာတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Aung San's Land Natmauk တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

လေးကေ့ကော်မြို့သစ် အနီးတဝိုက်နဲ့ မြဝတီမြို့ပေါ်ရပ်ကွက်တွေကို အကြမ်းဖက်စစ်တပ်က လေယာဥ် ၂ စီးနဲ့ ပျံဝဲကာ ခြိမ်းခြောက်နေ

ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်နဲ့ မြဝတီမြို့ပေါ်ရပ်ကွက်တွေကို အကြမ်းဖက်စစ်တပ်က Y12 လေယာဥ် ၂ စီးနဲ့ ပျံဝဲကာ ခြိမ်းခြောက်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

နတ်တလင်း၊ ဒမငယ်ရွာ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ တစ်ပွင့်ဗိုလ်အပါအဝင် ၁၂ ဦး သေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာထဲကို ဝင်ရောက်လာတဲ့ စစ်အုပ်စုနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက် ထိခိုက်သေဆုံးမှုများခဲ့တယ်လို့ ဗျူဟာ (၂၂) တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ဂန့်ဂေါခရိုင်အတွင်း စစ်အုပ်စုက လေးရက်ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်နေပြီး ထိခိုက်ပျက်စီးမှုများ ရှိနေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်မှာ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ တရစပ်လု​ပ်​ဆောင်နေတဲ့အတွက် ဆိုးဆိုးရွားရွား ထိခိုက်မှုမရှိအောင် အရပ်သားတွေအနေနဲ့ ဗုံးခိုကျင်းတွေတူးပြီး၊ သတိပြုနေထိုင်ကြဖို့ လိုအပ်တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုရောင်နီက မောင်းကို ပြောပါတယ်။
Read More

သံဖြူဇရပ်တွင် စစ်ကောင်စီ၏ တိုက်ကင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးဟု ဆို

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာ ရဲစခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီရဲ့ တိုက်တင်းကို ချုံခိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က သတင်းထုတ်ပြန်ပါတယ်။