တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့ထံက သိရပါတယ်။

ဇွန်လ ၂၆ ရက် ညနေပိုင်းက ရမ်ဖိုးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဗိုလ်ခရင်းတပ်ဖွဲ့နဲ့ မြိတ်ပကဖအဖွဲ့တို့ ပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံးသီး ၂ ကြိမ်ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

စစ်ဆင်ရေးလုပ်‌ဆောင်ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Video – ဗိုလ်ခရင်းတပ်ဖွဲ့

0 Shares:
You May Also Like
Read More

ရေနံချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေ မိုင်းဆွဲပြီး တိုက်ခိုက်ခံရမှုကြောင့် ၇ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်အတွင်း ၁၈ ရက်ကြာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၅၀ ခန့်ကို တိုက်ခိုက်ခဲ့ရာ ၇ ယောက် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ People's Defence Force -Yenangyaung အဖွဲ့ထံက သိရပါတယ်။
Read More

တိုက်ပွဲပြန် KIA၊ KPDF၊ NPDF တွေကို ပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ တိုက်ပွဲကပြန်လာတဲ့ KIA၊ KPDFနဲ့ NPDF တွေကို ဒီဇင်ဘာ ၁၂ ရက်က ပြည်သူများ သောင်းသောင်းဖြဖြကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ နွေဦးရောင်နီ ပြည့်သူ့တော်လှန်ရေး ထောက်ပို့ PRFမှ ထုတ်ပြန်ထားပါတယ်။
Read More

မြဝတီ KK Park အတွင်းရှိ အဆောက်အအုံများကို စစ်ကော်မရှင် ဖောက်ခွဲဖျက်ဆီးထားမှု မြင်ကွင်း (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ တည်ရှိရာ KK Park အတွင်း အဆောက်အအုံ ၁၄၈ လုံးရှိတဲ့အနက် ၁၀၁ လုံးကို ဖျက်ဆီးပြီးသွားပြီလို့ စစ်တပ်လက်အောက်ခံ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။
Read More

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီ နေ့စဉ် လေကြောင်းဗုံးကြဲပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေ (ရုပ်/သံ)

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်က နေ့စဉ်နှင့်အမျှ လေကြောင်းဗုံးကြဲ၊ နေအိမ်တွေကို မီးရှို့၊ ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်လို့  တနင်္သာရီမြို့နယ် ပကဖ က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲပြင်းထန်လာတဲ့ ဗန်းမော်မြို့မှာ ပြည်သူများ မြို့လုံးကျွတ်စစ်ဘေး‌ရှောင် (ရုပ်/သံ)

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလာတဲ့အတွက် ပြည်သူများ မြို့ လုံးကျွတ်စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေရပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

အိုးထိန်းတွင်းရွာမှာ စာသင်ကြားနေတဲ့ ကလေးငယ်နဲ့ ဆရာမတွေ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘယ်လိုသေဆုံးခဲ့ကြရလဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကြားနေတဲ့ ကလေးငယ်နဲ့ ဆရာမတွေ သေဆုံးခဲ့ပုံကို CDM ကထိကဒေါ်ရတီအုန်းက လေကြောင်း တိုက်ခိုက်မှုအပြီး စာသင်ကျောင်းကို သွားရောက်ပြီး မြေပြင်ကွင်းဆင်းပြောပြခဲ့ပါတယ်။