ဟွန်ဆင်နဲ့ ဖုန်းပြောဆိုခဲ့တဲ့ အသံဖိုင်ပေါက်ကြားလာပြီးနောက် ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်ထရာကို ရာထူးကနေ နှုတ်ထွက်ပေးဖို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အနုစာဝရီကျောက်တိုင် (Victory Monument) မှာ ဇွန်လ ၂၈ ရက်က လူပေါင်းထောင်ချီ စုဝေးဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ပတွန်တန်ကို နှုတ်ထွက်ဖို့ တောင်းဆိုတဲ့ စနေနေ့က စုရုံးဆန္ဒပြမှုဟာ၂၀၂၃ ခုနှစ် ဖြူထိုင်းပါတီ အာဏာရပြီးနောက်ပိုင်း အကြီးမားဆုံးသော အစိုးရဆန့်ကျင် ဆန္ဒပြပွဲကြီးလည်းဖြစ်ပါတယ်။

ညနေ ၃ နာရီခွဲအချိန် ဒရုန်းရိုက်ချက်တွေကို အခြေခံပြီး လူပေါင်း ၆၀၀၀ ခန့်ရှိပြီး ညနေပိုင်းအချိန်လောက်မှာ တသောင်းကျော်သွားနိုင်တယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းထားပါတယ်။

တော်ဝင်ဝါဒီ နိုင်ငံရေးသမားတဦးဖြစ်တဲ့ Warong Detkijwikrom က ပတွန်တန်ဟာ “အကျင့်ပျက်ခြစားသူ” ဖြစ်တဲ့ သူမရဲ့ ဖခင်နဲ့မတူဘဲ ကမ္ဘောဒီးယားဆီမှာ “တိုင်းပြည်ကို ရောင်းစားလိုက်တယ်” လို့ လူထုကို လှုံ့ဆော် မိန့်ခွန်းပြောဆိုခဲ့ပါတယ်။

စနေနေ့မနက်ပိုင်းက ဆန္ဒပြပွဲကို တခြားခရိုင်အသီးသီးက ထိုင်းပြည်သူတွေလည်း လာရောက်ခဲ့ကြကြောင်း ဘန်ကောက်ပို့စ်မှာဖော်ပြပါတယ်။
Nakhon Ratchasima ခရိုင်ကနေ လူပေါင်း ၂၀၀ လောက်ကို ဦးဆောင်လာသူ ပြည်သူ့မျိုးချစ်ကွန်ရက် ခေါင်းဆောင် Mr.Supot က “ပတွန်တန်ကို သူ့ရုံးကနေ ဖယ်ရှားဖို့ လုံးဝအဆုံးစွန်အထိ တိုက်ပွဲဝင်သွားမယ်လို့ ဆုံးဖြတ်ထားတယ်” လို့ ပြောဆိုပါတယ်။

ဆန္ဒပြပွဲနဲ့ပတ်သက်လို့ ချင်းရိုင်ခရိုင်မှာ ရေကြီးမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးနေတဲ့ ထိုင်းဝန်ကြီးချုပ်ကတော့ “ဒါက သူတို့ရဲ့ ဆန္ဒထုတ်ဖော်ခွင့်ဖြစ်တယ်၊ ဒီအပေါ် ကျွန်မအနေနဲ့ တုံ့ပြန်ဖို့ ဆန္ဒမရှိပါဘူး” လို့ ပြောဆိုပြီး ဆန္ဒပြသူတွေအနေနဲ့ ငြိမ်းချမ်းစွာ ဆွေးနွေးပြောဆိုဖို့ လမ်းဖွင့်ထားကြောင်း သူမက ဆက်ပြောပါတယ်။

ဘန်ကောက်ပို့စ်ရဲ့ ဖော်ပြထားချက်အရ ဆန္ဒပြသူအများစုဟာ အသက် ၅၀ ကျော်တန်းတွေ ဖြစ်ကြပြီး ယခင်ဝန်ကြီးချုပ်ဟောင်းတွေဖြစ်တဲ့ သူမရဲ့ ဖခင် သက်ဆင်နဲ့ အဒေါ် ယင်လပ်တို့ကို ဆန့်ကျင်ခဲ့ကြသူတွေ အဓိကပါဝင်နေတယ်လို့ သိရပါတယ်။

ဆန္ဒပြသူတွေဟာ မနက် ၉ နာရီလောက်ကတည်းက လာရောက်စုရုံးနေကြတာဖြစ်ပြီး နာမည်ကြီး နိုင်ငံရေးတက်ကြွသူတွေက မိန့်ခွန်းပြောတာတွေ၊ နယ်စပ်အရေး ထိုင်းရဲ့အချုပ်အခြာကို ကာကွယ်ဖို့ ညီညွတ်ရေးပြတဲ့အနေနဲ့ ထိုင်းနိုင်ငံတော်သီချင်း စုရုံးသီဆိုကြတာတွေ လုပ်ဆောင်ခဲ့ကြကြောင်း သိရပါတယ်။

ဆန္ဒပြပွဲကို ညလုံးပေါက် ပြုလုပ်မှာမဟုတ်ဘဲ ည ၉ နာရီမှာ အပြီးသတ်ဖို့ စီစဉ်ထားကြောင်း ဆန္ဒပြခေါင်းဆောင်တွေက ရဲတွေကို ပြောဆိုထားပါတယ်။
News/Photo-BangkokPost

0 Shares:
You May Also Like
Read More

အကြမ်းဖက် စစ်ရာဇဝတ်သား မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်း ထုတ်ပေးရန် လိုအပ်နေပြီဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်းပြောကြား

မြန်မာပြည်သူတွေအ‌ပေါ် စစ်ရာဇဝတ်မှုတွေ ဆိုးဆိုးဝါးဝါး ကျူးလွန်နေပြီး တဖက်မှာလည်း အတုအယောင် ရွေးကောက်ပွဲကို စီစဥ်ကာ ထွက်ပေါက်ရှာနေတဲ့ အာဏာသိမ်းစစ်ကော်မရှင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) အနေနဲ့ အမြန်ဆုံး ဖမ်းဝရမ်းထုတ်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
Read More

မဲဆောက်ရောက် လူငယ်များ ကိုးရီးယား နိုင်ငံတွင်အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး ဆွေးနွေး

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ အကြောင်း အမျိုးမျိုးနဲ့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား  လူငယ်တွေ ကိုရီးယားနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းရရှိစေဖို့  ဆွေးနွေး‌‌ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ဒီကနေ့ ဇန်နဝါရီ ၁၆ ရက်မှာ ထုတ်ပြန် ပါတယ်။
Read More

မဲဆောက် Lotus စျေးဝယ်စင်တာရှိ ရွှေဆိုင် သေနတ်ဖောက် လုယက်ခံရ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ Lotus စျေးဝယ်စင်တာက သြရွဇာရွှေဆိုင်ကို အမျိုးသား၁ယောက်က သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး ရွှေ ၆၀သား လုယက်ယူဆောင်သွားကြောင်း သိရပါတယ်။
Read More

ပေါက်ကြားလာသည့် ဟွန်ဆင်နှင့် ဖုန်းခေါ်ဆိုမှုကိစ္စ ထိုင်းဝန်ကြီးချုပ် တောင်းပန်၊ ညွန့်ပေါင်းဖွဲ့စည်းမှု ယိုင်နဲ့လာ

"ပေါက်ကြားလာတဲ့ ကမ္ဘောဒီးယားခေါင်း‌ဆောင်နဲ့ ပြောဆိုထားတဲ့ အသံဖိုင်က လူထုကို အဆင်မပြေ ဖြစ်စေခဲ့တဲ့အတွက် တောင်းပန်ပါတယ်" လို့ ကြာသပတေးနေ့ မနက်က သတင်းစာရှင်းလင်းပွဲမှာ ပတွန်တန်က ပြောပါတယ်။
Read More

လားရှိုးမြို့ထဲ စစ်ကောင်စီတပ်များကို ခေါ်သွင်းလာသည့် တရုတ်က မြန်မာ့အရေး ဝင်မစွက်ဖက်ဟု ဆို

၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA ကိုးကန့်တပ်မတော် ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို တရုတ်ရဲ့ ကြားဝင်စွက်ဖက်မှုနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ ပြန်လည် ဝင်ရောက်လာခဲ့ပေမယ့် မြန်မာ့အရေးမှာ တရုတ်က ကြားဝင်စွက်ဖက်မှုမရှိဘူးလို့ တရုတ်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ဧပြီလ ၂၁ ရက် မနေ့က ပြုလုပ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
Read More

အလုပ်သမားနေ့တွင် AAC ရွှေ့ပြောင်းအလုပ်သမား ကယ်ဆယ်ရေးဂေဟာကို မြေပိုင်ရှင် လာရောက်ဖျက်ဆီး

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေး ကူညီဖြေရှင်းပေးနေတဲ့ AAC အဖွဲ့ရုံးကို အဆောက်အဦး တည်ဆောက်ထားရာ မြေပိုင်ရှင်က အဖွဲ့တစ်ဖွဲ့ ငှါးရမ်းကာ ဖျက်ဆီးစေခဲ့တယ်လို့ AAC ဒါရိုက်တာ ဦးခိုင်ကြီးထံက သိရပါတယ်။