ချင်းပြည်နယ်ဘက်ကို အင်အား ၄၀၀ ကျော် နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ CDF CDM Siyin ပူးပေါင်းတပ်တို့ ထိတွေ့ပစ်ခတ်မှု ၂ ရက်တိုင် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၂၆ ရက် နေ့လည် ၁ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေက ကလေးမြို့ကနေ ချင်းပြည်နယ်ဘက်ကို စစ်ကြောင်းထိုးလာချိန် မွာလ်ပီးကျေးရွာနားအရောက်မှာ CDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ဇွန်လ ၂၇ ရက် မနက်အစောပိုင်းအထိ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားချိန်အတွင်း CDF CDM Siyin တပ်ဖွဲ့ဝင်တစ်ယောက် ကျဆုံးကာ စစ်အုပ်စုဘက်ကလည်း ၆ ယောက် သေဆုံးပြီး ၃ ယောက် အရှင်ဖမ်းဆီးရမိထားသလို လက်နက်ခဲယမ်းမျိုးစုံကိုလည်း CDF ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ အဲဒီ စကစ စစ်ကောင်စီစစ်ကြောင်း ချင်းတောင်တန်းဘက်ကို လာထိုးတဲ့အတွက်ကြောင့် တိုက်ပွဲဖြစ်တာပါ၊ ကျသွားတဲ့ ရဲဘော်က ၂၇ ရက်တိုက်ပွဲမှာ ကျသွားတာပါ ၊ ဒီနေ့မှာတော့ သဂြိုဟ်ပေးလိုက်ပါပြီ ” လို့ ချင်းတော်လှန်ရေးတပ်နဲ့ နီးစပ်သူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
အဲဒီနောက် မွာလ်ပီးရွာမှာ စစ်ကောင်စီတပ်သားတွေတပ်စွဲထားတဲ့နေရာတွေထဲက ၂ ခုကို ချင်းတော်လှန်ရေးတပ်ပေါင်းစုတွေက သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် လက်နက်ခဲယမ်းမျိုးစုံကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

“အဲဒီလက်နက်တွေက မွာလ်ပီးရွာရဲ့ စစ်ကောင်စီတပ်စွဲတဲ့နေရာ ၂နေရာမှာ သိမ်းဆည်းရမိခဲ့တယ် ၊ မွာလ်ပီးကျေးရွာ အကုန်လုံးကို သိမ်းပိုက်တာမဟုတ်ဘူး ဒီစကစ တပ်စွဲထားတဲ့နေရာ ၂ နေရာကို သိမ်းနိုင်တာဖြစ်တယ်။ တစ်နေရာကျန်သေးတယ်။” လို့ အထက်ပါ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။

ပစ်ခတ်မှုတွေ ဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေဟာ မွေးဆန်းရွာနဲ့ ခိုင်ကမ်းမြို့အစပ်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ အပြန်အလှန် ပစ်ခတ်တာမျိုးတွေ မရှိပေမယ့်လည်း စစ်ရေးအခြေအနေက တင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် မေလ ၁၈ ရက်ကနေစပြီး ဇူလိုင်လအထိ စစ်ဘေးရှောင်လူဦးရေ ၃၀၀၀ ကျော် အထိရှိပြီးဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

သိန်းခွန်းကျေးရွာအနီး တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်သား (၁၀) ယောက်ထက်မနည်း သေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

"အရှင်ဖမ်းမိတဲ့ရန်သူ မရှိဘူး ၊ ကျနော်တို့ဘက်ကတော့ ထိခိုက်မှု နည်းနည်းရှိတယ်၊ အသေးစိတ်တော့ ပြောလို့မရဘူး၊ အခုတိုက်နေတဲ့အတောအတွင်း ရန်သူရဲ့ ထိခိုက်သေ‌ဆုံးတဲ့ဦးရေကိုတော့ အတိအကျမသိဘူး၊ သေဆုံးမှုများတယ်" လို့ KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှုး ဗဒိုစောအယ်နားက မောင်းကို ပြောပါတယ်။
Read More

ရွှေဘိုတွင် စစ်တပ် မီးရှို့သတ်ဖြတ်မှုကြောင့် ရုပ်အလောင်း ၄ လောင်း တွေ့ရှိ၊ နေအိမ် ၂၀၀ နီးပါး ပြာကျခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သပြေသာရွာမှာ အကြမ်းဖက်စစ်တပ် မီးရှို့ သတ်ဖြတ်ထားတဲ့ ရုပ်အလောင်း ၄ လောင်းတွေ့ရှိပြီး စစ်ကောင်စီ တပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀၀ နီးပါး ပြာကျခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

စစ်ကိုင်းခရိုင်အမှတ် (၃) တပ်ရင်းက လှုပ်ရှားနယ်မြေအတွင်းရှိ ဒေသခံအဖွဲ့အစည်းတွေကို အခြေခံစစ်ပညာ သင်တန်းပေးခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းခရိုင်အမှတ် (၃) တပ်ရင်းအနေနဲ့ လှုပ်ရှားနယ်မြေအတွင်းက ဒေသခံအဖွဲ့အစည်းတွေကို အခြေခံစစ်ပညာပေး သင်တန်းပြုလုပ်ကာ ဒီဇင်ဘာလ ၃၀ ရက် ဒီနေ့မှာ သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တောကျီးကန်းတပ်ရင်း စိုးမိုးနယ်မြေအတွင်း လေကြောင်းရန်ကာကွယ်ရေး အသိပညာပေး (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောကျီးကန်းတပ်ရင်းရဲ့ တာဝန်ရှိသူတွေဟာ စိုးမိုးနယ်မြေတွေအတွင်းက ကျေးရွာနေပြည်သူတွေ စစ်ကောင်စီလေကြောင်းအန္တရာယ်ကြောင့် အသက်၊ အိုးအိမ်၊ စည်းစိမ် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ကင်းဝေးစေဖို့အတွက် လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးဆွေးနွေးမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) က တန်ဆောင်မုန်းလပြည့်နေ့မှာ လုံခြုံရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့…

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) က တန်ဆောင်မုန်းလပြည့်နေ့ မနေ့က လုံခြုံရေးဆိုင်ရာ လုပ်ငန်းတွေ လုပ်ဆောင်ခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ကာလရှည်စစ်ရှောင်နေသည့် ရွာအုပ်စုကို တပ်မ ၆၆ လက်အောက်ခံ တပ်များ ဝင်ရောက်မီးရှို့၊ နေအိမ် ၄၀ ကျော်နှင့် ဘုန်းကြီးကျောင်း ၁လုံး မီးလောင်ဆုံးရှုံးခဲ့

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်မှာ တပ်မ (၆၆) လက်အောက်ခံ စစ်ကောင်စီတပ်တွေက ရွာလုံးကျွတ်နီးပါး စစ်ရှောင်နေရတဲ့ သစ်ပုတ်ရွာအုပ်စုကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် အလုံး ၄၀ ကျော်နဲ့ ဘုန်းတော်ကြီး ၁ကျောင်း မီးလောင်ပျက်စီးသွားကြောင်း သိရပါတယ်။