မန္တလေးမြို့ရှိ အိုးဘိုအကျဉ်းထောင်ဟာ ၂၀၂၅ ခုနှစ်မှာ နိုင်ငံရေးအကျဉ်းသား သေဆုံးမှု အများဆုံး ဖြစ်ပွားခဲ့တဲ့ အကျဉ်းထောင် ဖြစ်လာတယ်လို့ Myanmar Prison Witness (MPW) က သတင်းထုတ်ပြန်ထားပါတယ်။

MPW အဖွဲ့ရဲ့ အချက်အလက်တွေအရ မန္တလေးအိုးဘို အကျဉ်းထောင်ဟာ ထောင်တွင်းဆေးဝါး စောင့်ရှောက်မှု ညံ့ဖျင်းခြင်း၊ ဆရာဝန်တွေ အချိန်မှီ‌ ရောက်ရှိမှုမရှိခြင်း၊ ထောင်ပြင်ပရှိ ဆေးရုံတွေကို အချိန်နဲ့ တပြေးညီ ပို့ဆောင်မှုမရှိခြင်း၊ ပြင်ပမှ မိသားစုဝင်တွေ ပေးပို့တဲ့ ဆေးဝါးတွေကို ကန့်သတ်ပိတ်ပင်တာတွေအပြင် စီမံခန့်ခွဲမှု အားနည်း ညံ့ဖျင်းတာတွေကကြောင့် ၂၀၂၅ခုနှစ် ၆ လ တာကာလအတွင်း နိုင်ငံရေးအကျဉ်းသား (၅၆) ယောက်အထိ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား (၅၆) ယောက်ထဲမှာ အယောက် (၅၀) ကတော့ ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့ရတာလို့ ယူဆလို့ ရပေမယ့် သေဆုံးခဲ့သူအများစုကတော့ ထောင်အာဏာပိုင်တွေရဲ့ စီမံမှု ညံ့ဖျင်းမှုကြောင့် မသေဆုံးသင့်ဘဲ သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
“အိုးဘိုထောင်က မကြာခဏဆိုသလို ဆေးဝါးလုံလောက်မှုမရှိတာတွေလည်း ဖြစ်နေပါတယ်။ အရင်ကထက်စာရင် သိသိသာသာကို ပိုများလာပါတယ်။ အကျဉ်းထောင်တွေက အကျဉ်းသား ၁ဦးစီတိုင်းဟာ အသက်ရှင်သန်ပိုင်ခွင့်ကို သေချာပေါက် ရရှိမှာပါဖြစ်ပါတယ်။ ဆေးမလောက်တာတွေ၊ ပြင်ပဆေးရုံကို ပို့ပေးဖို့ ကြန့်ကြာတာတွေ ဒါမျိုးတွေက တဖက်လှည့်ကနေပြီး နိုင်ငံရေးအကျဉ်းသားတွေကို သေဆုံးအောင် သတ်ဖြတ်နေတဲ့ ကိစ္စဖြစ်တယ်လို့ မြင်ပါတယ်” လို့ MPW ဒုပြန်ကြားရေးတာဝန်ခံ မဆူးငယ်က မောင်းသတင်းဌာနကို ပြောပါတယ်။

ယခုနှစ် (၆) လတာ ကာလအတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိခဲ့တာကြောင့်လည်း အိုးဘိုအကျဥ်း‌ထောင်အတွင်းမှာ ၆ ဦးအထိ သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို့ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်ာတာကြောင့် သေဆုံးသူတွေထဲမှာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခြင်းခံထားရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ လျှပ်စစ်ဝန်ကြီးဦးဝင်းခိုင်၊ မန္တလေးတိုင်းလွတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦး တို့လည်း အပါအဝင် ဖြစ်တယ်လို့ သိရပါတယ်။

ဒါအပြင် MPW အနေနဲ့ အခုလို သေဆုံးမှုတွေကို ဆေးရုံအုပ် ဦးမိုးဟိန်း၊ ဒေါက်တာ သက်ထွန်းဦး (ဦးစီးအဆင့်)၊ ဒေါက်တာနေလင်းအောင် (ဦးစီးအဆင့်)၊ ထောင်အာဏာပိုင်တွေဖြစ်တဲ့ သိန်းဇော်မောင် (ထောင်ပိုင်)နဲ့ စန်းလွင် (ထောင်ပိုင်လေး) တို့ဟာ အဓိက တာဝန်ယူပေးရှင်းရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

မြိုင်မှာ စစ်အုပ်စုကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ ၂ဦး သေဆုံးပြီး လက်နက်တချို့ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးပြီး လက်နက်တချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင် ပကဖ ထံက သိရပါတယ်။
Read More

ဒေါ်ကြည်ပြာအမှု အမှန်တရား ဖော်ထုတ်မည်ဟု ဒေါက်တာဇော်ဝေစိုး ပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ပတ်သက်တဲ့ အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားမှု စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးနေပြီး အမှန်တရားအတိုင်း ဖော်ထုတ်သွားမယ်လို့ ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောလာပါတယ်။
Read More

မြန်မာစာပေလောကမှ ထင်ရှားသူ ဆရာမောင်ခင်မင်(ဓနုဖြူ) ကွယ်လွန် 

မြန်မာ့စာပေလောကမှာ ထင်ရှားကျော်ကြားသူ အငြိမ်းစား မြန်မာစာပါမောက္ခ မောင်ခင်မင် (ဓနုဖြူ) ဟာ ဇန်နဝါရီ ၂၇ ရက် မနေ့ည ၁၂နာရီ ၃၀ မိနစ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။
Read More

တော်လှန်ရေးကာလအတွင်း စိန်ခေါ်မှုများစွာကြား တရားမျှတမှု ရှာဖွေသွားမည်ဟု အမျိုးသမီးအခွင့်အရေးနှင့် လူ့အခွင့်အရေးအဖွဲ့အစည်း (၂၅) ဖွဲ့ ထုတ်ပြန်ကြေညာ…

အမျိုးသမီးတွေကို ရာဇဝတ်မှုကျူးလွန်တာဟာ တော်လှန်ရေးကာလအတွင်း တရားဥပဒေလမ်းကြောင်းအရ တရားစွဲဆို အပြစ်ပေးဖို့ စိန်ခေါ်မှုများစွာ ရှိနေပေမယ့် နည်းလမ်းပေါင်းစုံနဲ့ တရားမျှတမှုကို ရှာဖွေသွားမယ်လို့ မတ်လ ၈ ရက် ဒီနေ့မှာ ကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာ အမျိုူသမီးများနေ့”မှာ အမျိုးသမီးအခွင့်အရေးနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်း (၂၅) ဖွဲ့က ပူးတွဲ သဘောထား ထုတ်ပြန်ထားပါတယ်။
Read More

ရေးမြို့နယ်တွင် စစ်တပ်နှင့် MSRF တိုက်ပွဲဖြစ်ပွား၊ စစ်တပ်ဘက်မှ ၂၉ ဦး သေပြီး တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံးခဲ့

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ဒီဇင်ဘာလ ၂၂ ရက်နေ့က ပြင်းထန်တဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MSRF က သတင်းထုတ်ပြန်လာပါတယ်။
Read More

မူဆယ်-မန္တလေး မီးရထားလမ်းတစ်လျှောက်က မြို့တွေမှာ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ၂ လအတွင်း အရပ်သား ၆၈ ယောက် သေဆုံး

တရုတ်စီမံကိန်း ဖြစ်တဲ့ မူဆယ်- မန္တလေးမီးရထားလမ်းတစ်လျှောက်က ရှမ်းမြောက်မြို့ ၉ခုအပါအဝင် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ၂လအတွင်း အရပ်သား၂၀၀ ကျော် ထိခိုက်သေဆုံးထားတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ဆီက သိရပါတယ်။