မကွေးတိုင်း ပွင့်ဖြူမြို့နယ် ထိန်အိုင်ရွာမြောက်ဘက်မှာ စစ်ကောင်စီတပ်သား အင်အား ၂၀၀ ခန့် လိုက်ပါစီးနင်းလာတဲ့ စစ်ယာဉ် ၉ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူစောထီး ၆ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပွင့်ဖြူမြို့နယ်မှ သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂၄ ရက် နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ထိန်အိုင်ရွာမြောက်ဘက်မှာ စစ်ကောင်စီတပ်သား ၂၀၀ ခန့်လိုက်ပါစီးနင်းလာတဲ့ စစ်ယာဉ် ၉ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲပြီးနောက် ယာဉ်တန်းအား မိနစ် ၂၀ ခန့် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ယာဉ်တန်းမှာ စစ်သားနဲ့ ပျူစောထီး ၆ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိ သူတွေကို Hijet ယာဉ်နဲ့ မကွေးစစ်ဆေးရုံသို့ သယ်ဆောင်သွားကြောင်း သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပွင့်ဖြူမြို့နယ် ပကဖ (ပွင့်ဖြူ)နဲ့ ပွင့်ဖြူကာကွယ်ရေး တပ်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပွင့်ဖြူမြို့နယ်

0 Shares:
You May Also Like
Read More

ခမရ ၅၉၈ တပ်ရင်း စခန်းသိမ်းတိုက်ပွဲတွင်ကျဆုံးခဲ့သည့် တောင်ညိုတပ်ရင်း ရဲဘော် ၂ ဦး၏ နောက်ဆုံးခရီး (ရုပ်/သံ)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ  စစ်ကောင်စီရဲ့ ခမရ ၅၉၈ တပ်ရင်း စခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့  ရဲဘော် ၂ ယောက်ရဲ့ နောက်ဆုံးခရီးမှတ်တမ်းရုပ်သံကို တောင်ညိုတပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

ရေတာရှည်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့သည့် မှတ်တမ်းရုပ်သံ နေပြည်တော် PDF ထုတ်ပြန်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ရွာသစ်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Battalion 808 - Nay Pyi Taw PDF က ထုတ်ပြန်လိုက်ပါတယ်။
Read More

ချင်းမိုင်မှာ ပြုလုပ်မယ့် စစ်ဘေးရှောင်ရန်ပုံငွေရုပ်ရှင်ပြပွဲ လာရောက်အားပေးကြဖို့ ဒေါင်း ဖိတ်ခေါ် (ရုပ်/သံ)

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်မယ့် စစ်ဘေးရှောင်ရန်ပုံငွေရုပ်ရှင်ပြပွဲကို တော်လှန်ပြည်သူတွေ လာရောက်အားပေးကြဖို့ တော်လှန်အနုပညာရှင် ဒေါင်းက ဖိတ်ခေါ်လိုက်ပါတယ်။
Read More

TRI ဗျူဟာ၏ အပတ်စဉ် (၁) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲအခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ညောင်ဦးမြို့နယ်အတွင်း ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူပြီး ပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ဒုစစ်ကြောင်းမှူးအပါအဝင် အများအပြားသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကြအိုကျေရွားမှာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူပြီး ပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ဒုစစ်ကြောင်းမှူးအပါအဝင် အများအပြား သေဆုံးခဲ့တယ်လို့ Black Eagle PDF -Bagan မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်ငူမြို့နယ် ထုံးဘိုကြီးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေ (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူမြို့နယ် ထုံးဘိုကြီးကျေးရွမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားလျက်ရှိတယ်လို့ တောင်ငူခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၃၅၀၂၊ တပ်ခွဲ ၂မှ သတင်းထုတ်ပြန်ထားပါတယ်။