မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ၊ ညောင်ကုန်းရဲစခန်းအနီးမှာ ဆက်ကြေးကောက်ခံနေတဲ့ စစ်အုပ်စု နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်လို့ Aung San’s Land Natmauk အောင်ဆန်းမြေတပ်ဖွဲ့ဆီက သိရပါတယ်။

ဇွန်လ ၂၆ ရက်နေ့ ညောင်ကုန်းရဲစခန်းအနီးမှာ စစ်ကာင်စီ ၄ ဦး၊ ရဲ ၁ ဦး နဲ့ ပျုစောထီး ၁ ဦးတို့ ဆက်ကြေးကောက်နေချိန် အောင်ဆန်းမြေတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှု ၃ မိနစ်ခန့် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ် အရာခံဗိုလ် ၁ဦးအပါအဝင် ၄ ဦး သေဆုံးပြီး ပျူစောထီးနဲ့ ရဲ ၁ ဦး လက်နက်ယူပြီးထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

” ရဲစခန်းအနီးကဂိတ်ကို လမ်းကြောင်းခြေနေ အသေးစိပ်စောင့်ကြည့်လေ့လာပြီး အသာစီးရယူလုပ်ဆောင်ခဲ့တာမို့ ၃မိနစ်နဲ့ အမြန်ဆုံးအောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်၊ သူတို့က ခရီးသွားပြည်သူဆီက ကောက်နေတာ ပြည်သူတိုင်းအသိပါ” လို့ Aung San’s Land Natmauk အောင်ဆန်းမြေတပ်ဖွဲ့မှ တာဝန်ရှိသူက မောင်းကို ပြောခဲ့ပါတယ်။

ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာဟာ ရဲစခန်းအနီးနားမှာဖြစ်ပြီး စစ်ကူလာရင် ၅ မိနစ်အတွင်းရောက်နိုင်ပေမဲ့လည်း ပစ်ခတ်မှုဖြစ်ပြီး ၁ နာရီလောက်မှသာ စစ်ကူတစ်ချို့ ရဲစခန်းထဲကနေ ထွက်လာခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဆီကနေ MA -1 သေနတ်၃လက် (၁လက်ပျက်စီး) ၊5.56 ကျည် ၆၄ တောင့် ၊ ခရီးသွားပြည်သူများဆီမှ ဂိတ်ကြေး အဓမ္မကောက်ခံငွေ ၁သိန်း၈သောင်း ငါးရာကျပ်နဲ့ ၊ ဖုန်း ၂လုံးကို သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။
0 Shares:
You May Also Like
Read More

တောင်သာ စွပ်ကျယ်စက်ရုံမှ ဒုရဲတပ်ကြပ်နှင့် ရဲတပ်သားတို့ အရက်၊ ဘီယာ ထွက်ဝယ်ရင်း အဖမ်းခံရ

မန္တလေးတိုင်း၊ တောင်သာမြို့ အမှတ် (၁) စွပ်ကျယ်စက်ရုံမှာ တာဝန်ကျနေတဲ့ ဒုရဲတပ်ကြပ်နဲ့ ရဲတပ်သားတို့ကို အရက်၊ ဘီယာ ထွက်ဝယ်ချိန် အရှင်ဖမ်းမိခဲ့တယ်လို့ Taung Tha People Defense Force (တောင်သာ ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်း PDF ထံ စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ကိုယ်စီနှင့် အလင်းဝင်

"လုံခြုံရေးအရ သူတို့အလင်းဝင်ရောက်လာတဲ့ တပ်ရင်းကိုတော့ ဖြေဆိုနိုင်ခြင်းမရှိပါခင်ဗျာ။‌ ကျနော်တို့ကိုဆက်သွယ်ပြီး တစ်ပတ်အတွင်းမှာ ရအောင်ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်" လို့ စစ်ကိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING-PDF) တာဝန်ခံ ရဲဘော်စစ်ငြိမ်းနိုင်က မောင်း ကိုပြောပါတယ်။
Read More

အမှတ် (၁)စစ်ဒေသ၊ ပခုက္ကူခရိုင်အမှတ် (၁၉) တပ်ရင်းရဲ့ မွမ်းမံသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသ ၊ ပခုက္ကူခရိုင် P1-4019 တပ်ရင်းရဲ့ မွမ်းမံသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာလ (၉) ရက် မနေ့က တပ်ခွဲ(၁)၊ (၂) နဲ့ (၃)တို့ စုပေါင်းကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

တရုတ်က မြန်မာ့အရေးမှာ အိမ်နီးချင်းကောင်း မပီသစွာ ကျင့်၀တ်မဲ့ ၀င်ရောက်စွက်ဖက်ခြင်းဖြစ်

မြန်မာ့အရေးမှာ တရုတ်ရဲ့၀င်ရောက်စွက်ဖက်မှုကို တော်လှန်ရေးအင်အားစုတွေက လက်ခံမှာမဟုတ်ဘဲ ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
Read More

ဖားအံမြို့၊ သံလွင်တံတားထိပ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်မှာ တစ်ပတ်အတွင်း ခရီးသွားပြည်သူ ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရ…

ကရင်ပြည်နယ်၊ ဖားအံမြို့က သံလွင်တံတားရှိ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်မှာ စစ်ဆေးရှာဖွေမှု ပြုလုပ်ပြီးနောက် စစ်သားသစ်အဖြစ် ပေါ်တာဆွဲခံရသူအရေအတွက်က တစ်ပတ်တာအတွင်းမှာပဲ လူဦးရေ ၁၀၀ ကျော်အထိ ရှိလာနေပြီဖြစ်တယ်လို့ အဆိုပါအကြမ်းဖက်စစ်တပ်ဂိတ်နဲ့​ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

ပင်လည်ဘူးမြို့ကို PDF ပူးပေါင်းတပ်တွေ ဒုတိယအကြိမ် တိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်းအထက်ပိုင်းက ပင်လည်ဘူးမြို့ကို PDF ပူးပေါင်းတပ်တွေက ဒုတိယအကြိမ်အဖြစ် တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။