စစ်ကိုင်းတိုင်၊ အင်းတော်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်တွေနေထိုင်တဲ့ တဲအိမ်နဲ့ ဆိုင်ခန်းတွေ ရေစီးနဲ့မျောပါသွားခဲ့တယ်လို့ Indaw Revolution (IR) ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဒီနေ့ဇွန်လ ၂၇ ရက် မနက်ပိုင်းက အင်းတော်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းဘေးနားမှာရှိတဲ့  နေအိမ်တွေနဲ့ စစ်ဘေးရှောင်တွေရဲ့ တဲအိမ်တွေ၊ ဆိုင်ခန်းတွေ ရေစီးနဲ့ မျောပါသွားခဲ့တယ်လို့ သိရပါတယ်။ 

မန္တလေး-မြစ်ကြီးနားကားလမ်းပေါ်ရှိ နန့်သဲချောင်းရေ မြင့်တက်နေပြီး ကားလမ်းတွေပိတ်နေကာ ကားအစီးရေ  ရာနဲ့ချီ ပိတ်မိနေတယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ချောက်မြို့ကနေ ရန်ကုန်သွားတဲ့ လမ်းမှာ ပေါ်တာဆွဲခံခဲ့ရတဲ့ တပ်သား စန်းဝင်းနိုင် (ရုပ်/သံ)

စစ်ကော်မရှင်တပ်ရဲ့ တပ်သား စန်းဝင်းနိုင်ဟာ ချောက်မြို့ကနေ ရန်ကုန်သို့ သွားရောက်စဉ် ချောက်ဂိတ်မှာ အဓမ္မတပ်သားစုဆောင်းခြင်းခံခဲ့ရသူဖြစ်ပါတယ်။ ပေါ်တာဆွဲခံရပြီးနောက် ရှမ်းပြည်နယ်မှာ စစ်သင်တန်း ၃ လ တက်ရောက်ခဲ့ပြီး ကယားပြည်နယ် လွိုင်ကော်ကနေတစ်ဆင့် ဒီမော့ဆိုမြို့သို့ ပို့ဆောင်ခံရစဉ် တော်လှန်ရေးတပ်တွေဘက်ကို လက်နက်နဲ့အတူ အလင်းဝင်ခဲ့သူဖြစ်ပါတယ်။
Read More

တရုတ်နိုင်ငံမှာ သမိုင်းဝင် မင်နန်းဆက် နန်းဆောင်မျှော်စင် အမိုးပြိုကျ (ရုပ်/သံ)

တရုတ်နိုင်ငံ အန်ဟွီပြည်နယ်မှာ မေလ ၁၉ ရက်က သမိုင်းဝင် မင်နန်းဆက် နန်း‌ဆောင်မျှော်စင် အမိုးပြိုကျမှုဖြစ်ပွားခဲ့တဲ့အတွက် လာရောက်လေ့လာတဲ့ ခရီးသွားတွေ အထိတ်တလန့် ထွက်ပြေးခဲ့ရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၅၉၈ တိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ နဂါးဖြူတပ်ရင်း ရဲဘော် ၃ ယောက်အား အမိန့်ပြန်တမ်းထုတ်ပြန် (ရုပ်/သံ)

ပဲခူးတိုင်း ရွှေကျင်မြို့နယ် ညောင်ခြေထောက်ကျေးရွာရှိ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၅၉၈ စခန်းကို တိုက်ခိုက်ခဲ့စဉ် ကျဆုံးခဲ့ရတဲ့ နဂါးဖြူတပ်ရင်းရဲဘော် ၃ ယောက်အား အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့တယ်လို့ White Dragon -P29904 မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မိတ္ထီလာမြို့ပေါ် ကင်းလှည့်နေသည့် ရဲကား လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်ခံရ

မန္တလေးတိုင်း မိတ္ထီလာမြို့ပေါ်မှာ ကင်းလှည့်နေတဲ့ ရဲကားကို လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

အကြမ်းဖက်စစ်တပ်စခန်းကုန်းကို ဒရုန်းပေါ်ကနေ မစ်ဆိုင်းဒုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

Golden Eagle-People Defense Force က ဒရုန်းပေါ်ကနေ မစ်ဆိုင်းဒုံးနဲ့ အကြမ်းဖက်စစ်တပ်စခန်းကုန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myo Myint Kyaw ဖေ့စ်ဘွတ်ခ်အကောင့်ကတဆင့် ပြည်သူတွေထံ အသိပေး ဖော်ပြလာတယ်။
Read More

သရက်ကန်ပျူစခန်းကို ဝင်ရောက်တိုက်ခိုက်ခံရပြီး ၃ ယောက်သေကာ လက်နက်ခဲယမ်းတချို့ တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ် သရက်ကန်ပျူစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက် တိုက်ခိုက်မှုအတွင်း စစ်သားနဲ့ ပျူစောထီး ၃ ယောက်သေပြီး ပြည်သူ ၄၆ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ အညာမြေ တပ်ပေါင်းစုထံက သိရပါတယ်။