မကွေးတိုင်း၊ ပခုက္ကူ တပ်မ ၁၀၁ ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် အမှတ် (၂၁၉) စစ်ဒေသခွဲရဲ့ တပ်စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။

အင်အား ၁၅၀ ကျော်ပါရှိတဲ့ စစ်ကောင်စီတပ်ဟာ ဇွန်လ ၈ရက်နေ့မှာ ရိက္ခာပို့ယာဥ်တန်းနဲ့အတူ ပခုက္ကူမြို့ကနေ ပေါက်မြို့ဘက်ကို လာစဥ် လမ်းတလျှောက်မှာရှိတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးကာ နေအိမ်တွေကို ဖောက်ထွင်းပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူလုယက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဇွန်လ ၁၄ရက်မှာ အဆိုပါ စစ်ကောင်စီတပ်သားတွေက ပြည်သူ့ဒီမိုကရက်တစ်တပ်တော် အမှတ် (၂၁၉) စစ်ဒေသခွဲရဲ့ တပ်စခန်းကို ဝင်ရောက်မီးရှို့ခဲ့လို့ ရိက္ခာတွေနဲ့ မိုင်းထုတ်လုပ်ရေးပစ္စည်းတွေ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

“ရွာကိုဝင်ပြီး ချက်ချင်းကြီး စခန်းကို မီးမရှို့သေးဘူးဗျ။ ရွာပတ်ပတ်လည်ကို ရှာရင်းနဲ့ စခန်းကိုတွေ့ပြီး မီးရှို့သွားတာပါ။ မိုင်းလုပ်တဲ့ပစ္စည်းတွေ တော်တော်များများ ပါမယ်ဗျ။ လုပ်လက်စရော မိုင်းမလုပ်ရသေးတာတွေပါ ပါသွားတယ်ဗျ” လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စု မီးရှိုးဖျက်ဆီးမှုကြောင့် ငွေကြေးအားဖြင့် သိန်း ၁၀၀ နီးပါး ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီယာဥ်တန်းဟာ ဇွန်လ ၈ရက်နေ့ကတည်းက ကမ္မမြို့ပေါ်ကို ရောက်ရှိနေတာဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ကြိုတင်ရှောင်နိုင်ခဲ့တဲ့အတွက် ဖမ်းဆီးခံရသူတော့ မရှိခဲ့ဘူးလို့ ပြောပါတယ်။

လက်ရှိမှာတော့ အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ ပေါက်မြို့နယ်အစပ် မန်ကျည်းသုံးပင်ရွာနားကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ People’s Democratic Army (PDA))

0 Shares:
You May Also Like
Read More

NUG ဝန်ကြီးနှင့် ဒုဝန်ကြီးနေရာအချို့ ပြောင်းလဲဖွဲ့စည်း၊ ဝန်ကြီးဌာနအချို့ကို ဖျက်သိမ်း

အခုနှစ်မကုန်ခင်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရအဖွဲ့ အပြောင်းအလဲတွေရှိမယ်လို့ ထုတ်ဖော်ပြောဆိုထားတဲ့အတိုင်း ဒီကနေ့မှာ အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းပုံကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်ပါတယ်။
Read More

ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်၏ အရာရှိငယ် သင်တန်းဆင်းပွဲ

ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်က အနာဂတ်တော်လှန်ရေးကို ဦးဆောင်မယ့် အရာရှိငယ် အပတ်စဥ် (၁) သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ပြီးစီးကြောင်း ထုတ်ပြန်ပါတယ်။
Read More

ပေါ်တာဆွဲခံခဲ့ရတဲ့ ပြည်သူ့စစ် လူငယ် ၃ဦး ULF စစ်ကြောင်းထံလက်နက်နှင့်တကွ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်အခြေစိုက် တော်လှန်ရေးအင်အားစုဖြစ်တဲ့ ယင်းမာပင်မြို့နယ် ပကဖ (လက်ရုံးတပ်) ULF စစ်ကြောင်းထံကို ပြည်သူ့စစ် လူငယ် ၃ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက် ခိုလှုံလာခဲ့တယ်လို့ ULFစစ်ကြောင်းကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဝမ်းတွင်းတွင် တောင်ယာလုပ်သည့် အမျိုးသား ၂ဦးကို စစ်တပ် ပစ်သတ်ပြီး အလောင်းမြှုပ်၊ အလောင်းမြှုပ်ထားသည့် မြေပုံနား မိသားစုဝင်များကို ကပ်ခွင့်မပေး

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က တောင်ယာလုပ်ငန်းလုပ်ကိုင်သူ ၂ ယောက်ကို ပစ်သတ်ပြီး အလောင်းကို မြေမြှုပ်ထားခဲ့ကြောင်း၊ မိသားစုကိုပါ တွေ့ခွင့်မပေးကြောင်း Voice Of Wundwin အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဝန်းသိုတွင် အလင်းဝင်လာသူ ၁ ဦးအပါအဝင် ခမရ ၁၂၀ က စစ်​ကော်မရှင်တပ်သား ၇ဦးအား ပကဖ ထိန်းသိမ်းထား

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်ထဲမှာ ၁၀ရက်အတွင်း စစ်ကော်မရှင်တပ် တပ်စိတ်မှူး အပါအဝင် ခမရ -၁၂၀ တပ်ရင်းက ထွက်ပြေးခိုလှုံလာတဲ့ စစ်ကော်မရှင်တပ်သား ၇ယောက်ကို ထိန်းသိမ်းထားတယ်လို့ ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ​ ၂၉ရက်နေ့ကစလို့ ၁၀ရက်အတွင်း ဝန်းသိုမြို့နယ် ​ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထိန်းသိမ်းထားတဲ့ စစ်ကော်မရှင်တပ်သား ၇ ယောက်ရှိပြီဖြစ်ပြီး လက်ရှိမှာ စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့သိရပါတယ်။
Read More

ဒိုက်ဦးထောင်မှာ အာဏာပြ တိုက်ပိတ်ခံထားရသည့် နိုင်ငံရေးအကျဥ်းသူများ ၂ ပတ်ပြည့်သည်အထိ အမျိုးသမီးဆောင် ပြန်မရောက်သေး

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဥ်းထောင်မှာ အသစ်ပြောင်းရွှေ့လာတဲ့ ဦးစီးမှူးဆိုသူက နိုင်ကျဥ်းအမျိုးသမီးတွေကို အာဏာပြတိုက်ပိတ်ထားကြောင်းနဲ့ ကျန်းမာရေးလိုအပ်ချက်အတွက် ဆေးဝါးတွေသေချာမပေးကြောင်း နိုင်ငံရေးအကျဥ်းသူများအဖွဲ့ တာဝန်ရှိသူ မဇူးဇူးမေယွန်းက မောင်းကို ပြောပါတယ်။