ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်နဲ့ ညောင်ရွှေမြို့နယ်အစပ်ရှိ ဆောင်နန်းခဲကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီလက်အောက်ခံ PNA တပ် က တပ်ခွဲမှူး သေဆုံးပြီး ၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရှမ်းတောင်ကရင်နီစစ်တိုင်း၊ စစ်နည်းဗျူဟာအမှတ် ၁၄ က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

ဖယ်ခုံအင်းအရှေ့ခြမ်း ဆောင်နန်းခဲ ကျေးရွာကို ဇွန်လ ၂၃ ရက်ကစလို့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ PNO/PNA ပြည်သူ့စစ်တို့ရဲ့ စစ်ကြောင်းထိုးမှုကြောင့် တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

ဇွန်လ ၂၆ ရက်မှာ အကြမ်းဖက်စစ်အုပ်စုဟာ ဆောင်နန်းခဲကျေးရွာအတွင်း ရှိနေချိန် ရှမ်းတောင်ကရင်နီစစ်တိုင်း၊ စစ်နည်းဗျူဟာ အမှတ်(၁၄) လက်အောက်ခံ၊ ဖယ်ခုံ PDF (၁၀၀၆ တပ်ရင်း) ဒရုန်းတပ်ဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း PNA တပ်က တပ်ခွဲမှူး (၁) ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ PNA တပ်သား (၅) ယောက်ထက်မနည်း ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ PNA တပ်ဟာ ဆောင်နန်းခဲကျေးရွာကို ဝက်ရောက်လာတာနဲ့တစ်ပြိုင်နက် ရွာအတွင်းရှိ ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ အိမ်တွင်းရှိ အသုံးအဆောင်ပစ္စည်းတွေ ယူဆောင်တာတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဖယ်ခုံအင်းအရှေ့ခြမ်းရှိ တော်လှန်ရေးတပ်ပေါင်းစုတွေ ထိန်းချုပ်ရာ နေရာတွေကို စစ်ကောင်စီတပ်နဲ့ PNO/PNA ပြည်သူ့စစ်က စစ်ကြောင်းထိုးမှုတွေ အပြင်းအထန်ပြုလုပ်နေတာကြောင့် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းပစ်ကူတွေပါ အသုံးပြုနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လောင်းလုံမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု

လုံခြုံရေးတွေ တင်းကြပ်ထားတဲ့ ကြားထဲကနေ ထားဝယ်ခရိုင် လောင်းလုံဒေသမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး နိုဝင်ဘာလ(၁)ရက်နေ့ မနေ့ကနေ့လည်က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့တာပါ။
Read More

ခလရ ၅၂ တပ်ရင်းမှ ပြည်သူ့စစ် ၁ဦး ခန္တီးပကဖ ထံ အလင်းဝင်ခိုလှုံ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ လှုပ်ရှားစစ်ကြောင်းကနေ ထွက်ပြေးအလင်းဝင်လာတဲ့ ပြည်သူ့စစ် ၁ ယောက်ကို ဘေးလွတ်ရာ ပို့ဆောင်ပေးခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) သတင်းပြန်ကြားရေးတာဝန်ခံ ကိုထက်အောင်ရှိန်က မောင်းကို ပြောပါတယ်။
Read More

ထီဘောဂေါ် စစ်ဘေးရှောင်စခန်းမှာ မိဘမဲ့ကလေးတွေအတွက် စားနပ်ရိက္ခာ လိုအပ်ချက်တွေရှိနေ

ကရင်ပြည်နယ်၊ ဝေါလေကျေးရွာအနီးမှာရှိတဲ့ ထီဘောဂေါ်စစ်ဘေးရှောင်စခန်းက မိဘမဲ့ကလေးငယ်တွေအတွက် စားနပ်ရိက္ခာ အခက်အခဲတွေရှိနေကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူတွေဆီက သိရပါတယ်။ ကရင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မိဘမဲ့ဖြစ်နေကြရပြီး စစ်ဘေးရှောင်ရင်း မူလတန်းပညာသင်ကြားနေရတဲ့ ဒီကလေးငယ်တွေဟာ ရေဘေးဒဏ်တွေကိုပါ ထပ်မံခံစားနေရတာ ဖြစ်ပါတယ်။
Read More

မြေပြန့်မဟာဗျူဟာထိုးစစ် စတင်နေပြီလို့ NUG အသိပေး

NUG လက်အောက်ခံ PDF တပ်တွေဟာ  မြေပြန့်မဟာဗျူဟာထိုးစစ်ကို စတင်နေပြီဖြစ်ကြောင်း NUG ရဲ့ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်ပါတယ်။
Read More

မ​ကွေးတိုင်းရှိ ပကဖ ရဲဘော်တွေကို NUG ပြည်ထဲ​ရေးဝန်ကြီးဌာန တာဝန်ရှိသူ​တွေ သွားရောက်တွေ့ဆုံ

အမျိုးသားညီညွတ်​ရေးအစိုးရ၊ ပြည်ထဲ​ရေးဝန်ကြီးဌာန တာဝန်ရှိသူနဲ့ မ​ကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ တာဝန်ခံတို့က မ​ကွေးတိုင်းအတွင်းရှိပြည်သူ့ကာကွယ်ရေးရဲဘော်တွေကို သွားရောက် ​တွေ့ဆုံ အား​ပေးစကား​ပြောကြားခဲ့တယ်လို့ ပကဖအသံက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကမ္ဘာကျော် လေကြောင်းကုမ္ပဏီ Airbus အနေနဲ့ စစ်အုပ်စုကို လေယာဉ်တွေ ရောင်းချပေးနေတဲ့ AVIC ကို ဖိအားပေးဖို့ Justice For Myanmar တောင်းဆို

မြန်မာစစ်အုပ်စု စစ်ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ အထောက်အပံ့ပေးနေတဲ့ Aviation Industry Corporation of China (AVIC) ကို ပြင်သစ်လေကြောင်းအာကာသကုမ္ပဏီကြီး Airbus အနေနဲ့ပူးပေါင်းလုပ်ဆောင်မှုတွေ ရပ်တန်ဖို့ Justice For Myanmar က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။