ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး/ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်၊ တပ်ရင်းအမှတ် ၆၂၆ (KPLA- B 626) တပ်ခွဲ (၁) က ရဲဘော် သော်ဇေယံဟာ ဖားဆောင်းမြို့တိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။

ဖားဆောင်းမြို့ကို ကာကွယ်ရေးပူးပေါင်းတပ်တွေက ဇွန်လ ၂၅ ရက်နေ့မှာ ပြန်လည်စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ၂၆ ရက်နေ့မှာတော့ ရဲဘော် သော်ဇေယံဟာ လက်နက်ကြီး ထိမှန် ကျဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

“ဖားဆောင်းမြိုကို စသိမ်းခဲ့တာက ကြာပြီ။ ဒီတစ်‌ခေါက် ပြန်လုပ်တာက ၂၅ ရက်နေ့ပေါ့။ ရဲဘော်ကတော့ လက်နက်ကြီးနဲ့ ကျတာပါဗျ။ ဦးခေါင်းနဲ့ တခြားနေရာတွေ ထိသွားတယ်” လို့ KPLA တပ်ရင်း ၆၂၆ တပ်ရေးအရာရှိ တာဝန်ခံ ရဲဘော်တေဇက မောင်းကို ပြောပါတယ်။

ဖားဆောင်းမြို့တိုက်ပွဲကတော့ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ  အဆက်မပြတ် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ပြည်သူ့အတွက် ရဲဝံ့စွာ တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့ ရဲဘော် သော်ဇေယံကို အလေးနီပြုကြောင်းလည်း အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

“သဂြိုဟ်ပေးမှုက လုပ်ပေးဖို့ ပြင်ဆင်နေဆဲပါ။ သူ့မိဘကလည်း အဝေးမှာဆိုတော့ သူ့မိဘတောင် မတက်ရောက်နိုင်တဲ့ အခြေအနေတော့ ရှိပေမယ့် ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ သေချာစီစဥ်ပေးမှာ ဖြစ်ပါတယ်” လို့ တပ်ရေးအရာရှိ တာဝန်ခံ ရဲဘော်တေဇက ဆက်ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေ့တွေမှာလည်း အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေသလို ဖားဆောင်းမြို့ထဲမှာလည်း စစ်ကောင်စီတပ်သားတွေ အင်အားအလုံးအရင်းနဲ့ အထိုင်ချတပ်စွဲထားတာကြောင့် မြို့ခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ကျဆုံးရဲဘော် သော်ဇေယံ
ကျဆုံးရဲဘော် သော်ဇေယံ
ကျဆုံးရဲဘော် သော်ဇေယံ
0 Shares:
You May Also Like
Read More

Southern Shan Revolution Youth ရဲ့ တပ်ခွဲ ၂ ကော်ဘရာတပ်ဖွဲ့ရဲ့ အပတ်စဉ် (၃) စစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၈ တပ်ရင်း - Southern Shan Revolution Youth (SSRY) ၊ တပ်ခွဲ ၂ ကော်ဘရာတပ်ဖွဲ့ရဲ့ အပတ်စဉ် (၃) စစ်သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၄ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမှာ စစ်လက်နက်ကြွင်းကျန် ပေါက်ကွဲမှုဖြစ်ပွား၊ ၈နှစ်အရွယ် ကလေးငယ် ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ကြူရှောကျေးရွာအုပ်စု၊ ပန်ဆန်ကျေးရွာမှာ စစ်လက်နက်ကြွင်းကျန် လက်နက်ကြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဒေသခံ ၁ ယောက် ပွဲချင်းပြီး သေဆုံးပြီး ကိုရင်ငယ်လေး တစ်ပါးအပါအဝင် ဒေသခံ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် အကြီးအကျယ် ပျက်စီးခဲ့သည့် နေပြည်တော် လွှတ်တော်အဆောက်အဦ

ပြီးခဲ့တဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် နေပြည်တော်မှာရှိတဲ့ လွှတ်တော်အဆောက်အဦများ အကြီးအကျယ် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Read More

ရေးမှာ တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွား၊ စစ်ကောင်စီဘက်က ဗိုလ်အပါ ၇၀ နီးပါး သေ

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စကခ - ၁၉ လက်အောက်ခံ စစ်ကောင်စီတပ်တွေနဲ့တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ရက်ဆက်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က အရာရှိအပါအဝင်  ၇၀ နီးပါး ‌သေဆုံး​ကာ ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေါနစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

လေယာဥ်ကွင်းအနောက်ဘက် ကင်းပတ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကြားဖြတ်တိုက်ခိုက်၊ အကြမ်းဖက်စစ်တပ်မှ ခလရ ၂၅၄ အရာရှိအပါ ၆ ဦး သေပြီး၊ ၃ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ လေယာဥ်ကွင်းအနောက်ဘက် ကင်းလှည့်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကြားဖြတ်တိုက်ခိုက်ရာ ခလရ ၂၅၄ တပ်က အရာရှိ ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးကြောင်း Southern YSO PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရွှေဘိုမြို့နယ်မှာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သားတစ်ဦး PDF ထံ လက်နက်နှင့် အလင်းဝင်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပျူစောထီးစခန်းက ရဲတပ်သားတစ်ယောက် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ တောင်သူဦးကြီးများ PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။