မြန်မာစစ်ကောင်စီဟာ ပြည်တွင်းစစ်ကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ ပြည်သူတွေ ခိုလှုံရာ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ စခန်းတွေကို တိုက်ခိုက်မှုတွေ တိုးမြှင့်လာတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ဇွန်လ ၂၅ ရက်မှာ ပြောပါတယ်။

မြန်မာပြည်နဲ့ပတ်သက်ပြီး‌ နောက်ဆုံးရအခြေအနေကို ပြောဆိုရာမှာ တွမ်အန်ဒရူးစ်က စစ်ဗိုလ်ချုပ်တွေ အာဏာသိမ်းပြီးနောက် လူပေါင်း ၆၈၀၀ ကျော် အသတ်ခံခဲ့ရတယ်လို့ ပြောပါတယ်။

လက်ရှိ မြန်မာစစ်တပ်ဟာ နယ်မြေတွေ၊ စစ်သားတွေနဲ့ အခြေစိုက်စခန်းတွေ အတော်အများများကို တော်လှန်ရေးသမားတွေထံ လက်လွှတ်ခဲ့ရကြောင်း၊ ပြည်ပမဟာမိတ်တွေရဲ့ ပံ့ပိုးမှုတွေ ရနေသေးတာကြောင့် တော်လှန်ရေးသမားတွေရဲ့ ထောက်ပို့လမ်းကြောင်းတွေ ဖြတ်တောက်ဖို့ အရပ်သားပစ်မှတ်တွေကို “လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်” လုပ်ဆောင်နေကြောင်း တွန်အန်ဒရူးစ်က အခိုင်အမာ ပြောဆိုပါတယ်။

“လေယာဉ်အသုံးပြုမှု တိုးလာသလို ဗုံးကြဲတာတွေလည်း များလာတယ်။” ဒါ့အပြင် “တရားလက်လွတ်” လေကြောင်းတိုက်ခိုက်မှုတွေကလည်း စာသင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေကို ထိမှန်ခဲ့ကြောင်းနဲ့ IDP စခန်းတွေကို တိုက်ခိုက်တာတွေလည်း မှတ်တမ်းတင်ထားကြောင်း သူက သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွန်အန်ဒရူးစ်

အဓမ္မစစ်မှုထမ်းရ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ မြန််မာပြည်သူတွေဟာ စစ်ဗိုလ်ချုပ်တွေကို “ရွံရှာနေပြီ” လို့ သူက ဂျီနီဗာမှာကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီရဲ့ ဘေးပေါက်တွေ့ဆုံမှုတွေအတွင်း ပြောပါတယ်။

ရက်စက်ကြမ်းကြုတ်တဲ့ စစ်ကောင်စီကို ဆန့်ကျင်ပြီး သူတို့ရဲ့ အခြေခံအခွင့်အရေးတွေကို အသုံးချကာ ဆန္ဒထုတ်ဖော်ခဲ့တာကြောင့်လည်း လူပေါင်း ၂၂၀၀၀ ကျော် အကျဉ်းချခံနေရတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီဟာ နယ်မြေတွေဆုံးရှုံးပြီး အရေးနိမ့်လာပေမယ့် “ပြည်ပကနေ သူတို့ကို ထောက်ပံ့ပေးနေတဲ့ ငွေကြေးအရင်းအမြစ်တွေနဲ့ လက်နက်တွေ ရှိနေသေး” ကြောင်း၊ “အဲဒီလို အရင်းအမြစ်တွေ ဆက်လက်စီးဆင်းနေသ၍ အပျက်အစီးတွေ သိသိသာသာ ဆက်ဖြစ်နေမှာပဲ၊ ဆက်ပြီး ဖျက်ဆီးဖို့လည်း တုံ့ဆိုင်းနေမှာမဟုတ်ဘူး” လို့ တွမ်အန်ဒရူးစ်က ပြောပါတယ်။

မတ်လ ၂၈ ရက်က မြန်မာပြည်မှာ အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် စစ်ကောင်စီဟာ ငလျင်အကူအညီတွေနဲ့ပတ်သက်ပြီး တခြား လူသားချင်းစာနာမှု အကူအညီတွေတုန်းကလိုပဲ အတိုက်အခံ ထိန်းချုပ်ဒေသတွေဆီ မရောက်အောင် ပိတ်ဆို့တာ၊ အလှူရှင်တွေနဲ့ အေဂျင်စီတွေအားလုံးရဲ့ အကူအညီတွေ သူ့လက်ထဲရောက်အောင် အတင်းအကြပ် ကြိုးပမ်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သူက ဆိုပါသေးတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လာမယ့် ”အတုအယောင် ဟန်ပြ” ရွေးကောက်ပွဲကိုလည်း နိုင်ငံတကာ အသိုင်းအဝိုင်းက ရှုတ်ချပြီး မြန်မာပြည်သူတွေနဲ့ တသားတည်းရှိကြောင်း ပြသဖို့ သူက ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။

ကိုးကား – Myanmar crisis – Special Rapporteur Tom Andrews 25 June 2025

0 Shares:
You May Also Like
Read More

ဝိုင်း မကူညီရင် အသံနှင့် အမှန်တရားများ တိတ်ဆိတ်သွားနိုင်သည့် မြန်မာနိုင်ငံမှ သတင်းမီဒီယာများကို အကူအညီပေးကြရန် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် တိုက်တွန်း 

မြန်မာနိုင်ငံက လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ပံ့ပိုးရပ်တည် ကူညီပေးဖို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်း က ဒီနေ့မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ထိုင်းနိုင်ငံမှ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနှင့် လုံး၀ ပတ်သက်မှုမရှိကြောင်း KNLA ဗဟိုစစ်ဦးစီးဌာနချုပ် ထုတ်ပြန်…

ထိုင်းနိုင်ငံအတွင်း မတ်လ ၂၁ ရက်မှာ ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်လို့ လုံး၀ စပ်ဆိုင်ပတ်သက်မှုမရှိကြောင်း ကရင်အမျိုသားအစည်းအရုံး(KNU) ရဲ့ နိုင်ငံရေးဦးဆောင်မှုကို ခံယူထားတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟိုစစ်ဦးစီးဌာနချုပ်က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

PTTEP အနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုများကို ချက်ချင်းရပ်တန့်ဖို့ JFM တောင်းဆို

ထိုင်းနိုင်ငံ ရေနံကုမ္ပဏီ PTTEP အနေနဲ့ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ ပတ်သက်နေမှုကို ချက်ချင်းရပ်တန့်ပေးဖို့ Justice For Myanmar (JFM) က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

မလေးရှားရောက် ချင်းဒုက္ခသည်များ UNHCR ကို ဆန္ဒပြ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

တောင်ကိုးရီးယားသမ္မတ အရေးပေါ်စစ်အုပ်ချုပ်ရေး ကြေညာ

တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ဟာ ဒီဇင်ဘာလ ၃ ရက် အင်္ဂါနေ့ညနေ နှောင်းပိုင်းမှာ ရုပ်မြင်သံကြားမိန့်ခွန်းကတဆင့် အရေးပေါ် စစ်အုပ်ချုပ်ရေးကြေညာခဲ့ကြောင်း Yonhap သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
Read More

ထိုင်ဝမ်အရေး တရုတ်ဘက်က ထောက်ခံရပ်တည်မယ်လို့ အကြမ်းဖက်စစ်အုပ်စု ပြောခွင့်ရ ဇော်မင်းထွန်း ဆို

"ဂျပန်ဝန်ကြီးချုပ်သစ်ရဲ့ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး ပြောကြားချက်များကို ကျွန်တော်တို့ နိုင်ငံတကာမီဒီယာတွေမှာ တွေ့လိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့သဘောထားကတော့ မြန်မာနိုင်ငံ အစိုးရသည် တရုတ်နိုင်ငံရဲ့ တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy)ကို ခိုင်မာစွာ ထောက်ခံရပ်တည်လျက်ရှိပါတယ်” လို့ ဇော်မင်းထွန်းက ဆိုလိုက်တာပါ။