စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ကို ဈေးဝယ်သွားတဲ့ အမျိုးသမီး ၆ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဇွန်လ ၂၁ ရက်နေ့မှာ ဖမ်းဆီးလိုက်တယ်လို့ ရေဦး အနောက်ပိုင်းဇုန် သတင်းဆက်သွယ်ရေးတာဝန်ခံဆီက သိရပါတယ်။

အဆိုပါ အမျိုးသမီး ၆ယောက်ဟာ ရေဦးမြို့နယ်က ကျေးရွာတစ်ရွာမှာ နေထိုင်သူတွေဖြစ်ပြီး သက်လတ်ပိုင်းအရွယ်တွေဖြစ်ကာ စစ်အုပ်စုက ဘာကြောင့်ဖမ်းဆီးသွားလဲဆိုတာကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

“ရေဦးမြို့ပေါ် ဈေးသွားဝယ်တဲ့အချိန် စစ်အုပ်စုနဲ့တွေ့ပြီး အဖမ်းခံရတယ်လို့ မိသားစုဝင်တွေဆီကနေတဆင့် သိရတယ်။ ဘာကြောင့် အဖမ်းခံရတယ်ဆိုတာ မသိရသေးဘူး။ စစ်အုပ်စုက ဈေးအနီးကနေ စောင့်ဖမ်းတာတွေ ပြုလုပ်တယ်လို့ သိရတယ်” လို့ ရေဦးအနောက်ပိုင်းဇုန် သတင်းဆက်သွယ်ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က မောင်းကို ပြောပါတယ်။

အဆိုပါ အမျိုးသမီး ၆ယောက် ဖမ်းဆီးခံထားရတာဟာ ၆ရက်ကြာပြီဖြစ်ပြီး သူတို့ကို ဘယ်မှာဖမ်းဆီးထားလဲဆိုတာလည်း မသိရတာကြောင့် မိသားစုဝင်တွေက လိုက်လံစုံစမ်းနေတယ်လို့ သိရပါတယ်။

“ဖမ်းထားတဲ့သူတွေကို ဘယ်မှာထားထားတယ်ဆိုတာ မသိရသေးဘူး။ အခုထိ စုံစမ်းနေဆဲပဲ၊ ငွေညှစ်ချင်တာတွေရောကြောင့် ဖမ်းတယ်လို့ ကျနော်တို့ ယူဆရတယ်။ ဒီလထဲ အဖမ်းခံရတာ ၆ဦးပေါ့” လို့ ထူးခန့်ဇော် (အမေ့သား) က ဆက်ပြောပါတယ်။

ဒါ့အပြင် ရေဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားတွေဟာ စစ်မှုထမ်းပေါ်တာဆွဲတာတွေ၊ မထင်ရင် မထင်သလို ဖမ်းဆီးတာတွေ ရှိသလို ဆိုင်ကယ်တစ်စီးကို ယောက်ျားလေး ၂ယောက် စီးနင်းခွင့်ကိုလည်း ကန့်သတ်ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

ရေဦးမြို့ အဝင်အထွက် စစ်ဆေးရေးဂိတ်တိုင်းလိုလိုမှာ စစ်ကောင်စီတပ်သားတွေနဲ့ စစ်ကောင်စီတပ်သားတွေ ရှိနေပြီး ပြည်သူတွေကို ဖမ်းဆီးကာ တစ်ယောက်ကို ကျပ်သိန်း ၅၀ နီးပါးအထိ တောင်းပြီးမှ ပြန်လွှတ်ပေးတာမျိုးတွေလည်း ရှိတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဥသျှစ်ပင်မြို့နှင့် နီးကပ်နေသည့် ရခိုင်ရိုးမပေါ် တောင်ပုံကြီးစစ်ကောင်စီစခန်းကို AA တိုက်ခိုက်နေ

တောင်ကုတ်မြို့ကို ထိန်းချုပ်ထားတဲ့ AA က ပဲခူးတိုင်းအနောက်ခြမ်း၊ ဥသျှစ်ပင်မြို့နဲ့ နီးစပ်နေတဲ့ ရခိုင်ရိုးမပေါ်က တောင်ပုံကြီးစခန်းကို တိုက်ခိုက်နေလို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွါးနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
Read More

ရန်ကုန်မြို့မှာ “ကျွတ်မနေနဲ့ ကြုံး” စာတန်းချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့မှာ တော်လှန်ညီနောင် (၄) ဖွဲ့ ပူးပေါင်းပြီး အောက်တိုဘာလ (၁၆) ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပုလဲမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို PLA ဆေးတပ်ဖွဲ့ ဆေးဝါးကုသမှုပေးပြီး စားနပ်ရိက္ခာထောက်ပံ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူတွေကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ အနောက်မြောက်စစ်ဒေသ၊ ဆေးတပ်ဖွဲ့က စက်တင်ဘာလ ၄ ရက်ကနေ စတင်ပြီး ဆေးကုသမှုပေးကာ စားနပ်ရိက္ခာ ထောက်ပံ့တာတွေ ပြုလုပ်နေတယ်လို့ PLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒူးပလာယာခရိုင်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် (၁၀) နှစ်အရွယ် မိန်းကလေး (၁) ယောက် အပါ ပြည်သူ (၂) ယောက် သေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိခဲ့

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး - KNU တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် (၁၀) နှစ်အရွယ် မိန်းကလေး (၁) ယောက် အပါ ပြည်သူ (၂) ယောက် သေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

မှော်ဘီ ကြံ့ခိုင်ရေးရုံး လက်ပစ်ဗုံးပစ်ခတ်ခံရပြီး လုံခြုံရေးယူပေးနေသည့် စစ်သား ၂ ဦး ဒဏ်ရာပြင်းထန်နေ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ ကြံ့ခိုင်ရေးပါတီရုံးကို လက်ပစ်ဗုံးပစ် တိုက်ခိုက်မှုမှာ လုံခြုံရေးယူပေးနေတဲ့ စစ်သား ၂ ယောက် ထိခိုက်ဒဏ်ရာ ပြင်းထန်ထားကြောင်း လုပ်ဆောင်ခဲ့တဲ့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရေဖြူတွင် စစ်ကောင်စီတပ်များ ယာယီတပ်စွဲထားသည့် စခန်း ၃ ခုကို PDF ပူးပေါင်းတပ်များ တိုက်ခိုက်၊ စစ်ကောင်စီဘက်က ၆ဦး သေဆုံးပြီး အများအပြားထိခိုက်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသက အကြမ်းဖက်စစ်တပ် ယာယီတပ်စခန်းတွေကို သွားရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၆ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ Launglone Peninsula Force- LPF တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။