တနင်္သာရီတိုင်း၊ မြိတ်မြို့ဘက်ကနေ အမတ ၃၀၆ တပ်ရင်းကိုလာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ကားကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂၄ ရက် နေ့လယ်ပိုင်းက မြိတ်မြို့ဘက်ကနေ အမတ ၃၀၆ တပ်ရင်းကိုလာတဲ့ စစ်ကား ၁ စီးကို ရမ်းဖိုကျေးရွာနဲ့ ကမ်းတိုရွာကြား ကမ်းပါးနီးအရောက် တော်လှန်ရေးတပ်တွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း လမ်းကင်းယူထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ၁၀ မိနစ်ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သားတွေ ထိခိုက်မှုရှိနိုင်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဗိုလ်ခရင်းတပ်ဖွဲ့၊ မြိတ်ပကဖနဲ့ ပကဖဇုန်(၃)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Video – ဗိုလ်ခရင်းတပ်ဖွဲ့

0 Shares:
You May Also Like
Read More

မတ္တရာက စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒရုန်းနဲ့ တိုက်ခိုက်ခံရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဆင်ကျွန်းကျေးရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့  ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးမြို့ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိဘုန်းကြီးကျောင်း မီးလောင်ပျက်စီး (ရုပ်/သံ)

မန္တလေးတိုင်း ညောင်ဦးမြို့က ငှက်ကြီးခေါင်းကျဘုန်းကြီးကျောင်းမှာ စက်တင်ဘာ ၂၁ ရက် ညပိုင်းက ဖယောင်တိုင်မီးကတစ်ဆင့် မီးလောင်မှုဖြစ်ပွားပြီး ပျက်စီးဆုံးရှုံးသွားပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ သားဖြစ်သူတောင်းဆိုစာကို ယူကေရှိ မြန်မာသံရုံး လက်မခံ (ရုပ်/သံ)

စစ်တပ်က အာဏာသိမ်းပြီး မတရားဖမ်းဆီးခံရထားရတဲ့ အမေ့ကို လွှတ်ပေးဖို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ထံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက စာရေးသားတောင်းဆို ချက်ကို ယူကေရှိ မြန်မာသံရုံးသို့ သွားရောက်ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေဖြူမြို့နယ် ဆင်စွယ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်သား ၆ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ မင်းသားကျေးရွာအုပ်စု၊ ဆင်စွယ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ Mon State Revolutionary Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဒီပဲယင်းမြို့နယ် မူးကမ်းကြီးရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ် ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မူးကမ်းကြီးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်တပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန် ထားပါတယ်။
Read More

ရေနံချောင်းကနေ ချောက်ကို ထွက်လာတဲ့ စစ်ယာဥ်တန်း မိုင်းဆွဲခံရပြီး အရာရှိအပါ စစ်သား ၁၂ ဦး သေ

မကွေးတိုင်း၊ ရေနံချောင်းကနေ ချောက်မြို့နယ်ကို စစ်ကူလာတဲ့ စစ်ကော်မရှင်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်အရာရှိအပါအဝင် ထိခိုက်‌သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ဆိုပါတယ်။