ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ဗိုကျေးရွာကို အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ နေအိမ် ၁ လုံးထိခိုက်ပျက်စီးပြီး ပြည်သူတစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇွန်လ ၂၅ ရက် မနေ့က ညပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က တောင်ရှေ့ကျေးရွာအုပ်စု၊ နောင်ဗိုရွာကို ၆ဝ မမ လက်နက်ကြီးနဲ့ ၉ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် ၄၉ နှစ်အရွယ်အမျိုးသား ထိမှန်ဒဏ်ရာရရှိပြီး သူ့ရဲ့ နေအိမ်လည်း လက်နက်ကြီးထိမှန်ပျက်စီးခဲ့တယ်လို့ PNLA က ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရရှိတဲ့ ဒေသခံအမျိုးသားကို PNLA ရဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့က သွားရောက်ကယ်ထုတ်ကာ ဆေးကုသမှုပေးနေတယ်လို့ သိရပါတယ်။

ဆီဆိုင်မြို့နယ်၊ တောင်ရှေ့ကျေးရွာအုပ်စုမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က စစ်ရေးလှုပ်ရှားမှုတွေနဲ့ တိုက်ပွဲတွေ မရှိပေမယ့် ပြည်သူလူထု နေအိမ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ PNLA က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နဲ့ ၂၃ ရက်ကလည်း သူတို့တပ်စွဲထားတဲ့ ဆီဆိုင်မြို့နယ်၊ တပူးထိုရွာမှာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ PNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စဉ့်ကူးနှင့် သပိတ်ကျင်းတွင် တစ်ရက်တည်းမှာပဲ စစ်အုပ်စု ၃ကြိမ် လေကြောင်းတိုက်ခိုက်၊ ဒေသခံ ၃ ဦး ဒဏ်ရာရပြီး စာသင်ကျောင်းနှင့် နေအိမ်တချို့ ထိမှန်ပျက်စီး

မန္တလေးတိုင်းမှာရှိတဲ့ သပိတ်ကျင်းမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်က ကျေးရွာတွေကို စစ်အုပ်စုဟာ တစ်ရက်တည်းမှာပဲ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်သွားတယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ ဆီက သိရပါတယ်။
Read More

စစ်ကောင်စီတပ်က နိုင်ငံတကာတွင် ကန့်သတ်ထားသော ကလပ်စတာဗုံးများကို အသုံးပြုတိုက်ခိုက်နေ… အဆိုပါဗုံးများကို ကပစ-၂၁ တွင် တရုတ်နည်းပညာအကူအညီနှင့် တပ်ဆင်ထုတ်လုပ်နေခြင်းဖြစ်

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ နိုင်ငံတကာမှာ ပိတ်ပင်ကန့်သတ်ထားတဲ့ ကလပ်စတာဗုံး အမျိုးအစားတွေကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ရဲ့ စစ်ဘက်သုတေသနဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KNU နိုင်ငံခြားရေးဌာနနဲ့ နိုင်ငံတကာရောက် ကရင်တွေ တွေ့ဆုံ

ကရင်အမျိုးသားအစည်းအရုံး - KNU နိုင်ငံခြားရေးဌာနတာဝန်ရှိသူတွေနဲ့ နိုင်ငံတကာရောက် ကရင်တွေ တွေ့ဆုံပွဲကို ဒီဇင်ဘာလ (၂၇) ရက်က နယ်စပ်တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

KNU မူတြော်ခရိုင် (၁၁) ကြိမ်မြောက် ကရင်လူငယ်အစည်းအရုံးကွန်ဂရက်မှာ ခရိုင်လူငယ်ခေါင်းဆောင်တွေ မဲပေးရွေးချယ်ခဲ့

ကရင်အမျိုးသားအစည်းအရုံး - KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်မှာ (၁၁) ကြိမ်မြောက် ကရင်လူငယ်အစည်းအရုံး ကွန်ဂရက်အစည်းအဝေးကို ဇန်နဝါရီလ ၁၄ ရက်ကနေ ၁၅ ရက်နေ့အထိ နှစ်ရက်ကြာ လူသောမြို့နယ်၊ ပေးကေးကျေးရွာအုပ်စုမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မိုင်းထွက်ရှင်းတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်ကြပ်အပါ ၅ ယောက် သေ၊ တပ်ကြပ်အလောင်းကို ပစ်ထားခဲ့လို့ တော်လှန်ရေးရဲဘော်တွေ မီးသဂြိုဟ်ပေးခဲ့ရ

မကွေးတိုင်း၊ ပခုက္ကူနဲ့ မြိုင်မြို့နယ်အစပ်မှာ ရိက္ခာထောက်ပို့ယာဥ်တန်းအတွက် မိုင်းထွက်ရှင်းတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်ကြပ်အဆင့်ရှိသူ အပါအဝင် ၅ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

မင်္ဂလာဒုံမှာ ပြည်သူတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ ရွှေနံ့သာရပ်ကွက်ရုံး မိုင်းခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က ရွှေနံ့သာရပ်ကွက်ရုံးကို အဝေးထိန်းမိုင်းတွေအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။