ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ နောင်လင်၊ နောင်အော၊ လုံစံနဲ့ နောင်ဖာကျေးရွာတို့မှာ   တိုက်ပွဲဖြစ်ပွားနေရာ ဇွန်လ (၂၅) ရက် တစ်ရက်အတွင်းမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး (၂၈) လုံး၊ လက်နက်ကြီး (၆၈) လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

နောင်လင်ကျေးရွာမှာ ဇွန်လ (၂၅) ရက် မနေ့က စစ်ကောင်တပ်နဲ့ TNLA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး (၁၄) လုံး၊ လက်နက်ကြီး (၅၄) လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

နောင်အောကျေးရွာမှာလည်း စစ်ကောင်တပ်နဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး (၇) လုံး၊ လက်နက်ကြီး (၇) လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ လုံစံကျေးရွာကိုလည်း ဒရုန်းနဲ့ ဗုံး (၄) လုံး၊ လက်နက်ကြီး (၇) လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့သလို တိုက်ပွဲမဖြစ်ပွားတဲ့ အုမ္မခါးကျေးရွာဘက်ကိုလည်း ဒရုန်းနဲ့ ဗုံး (၃) လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် (၂၄)ရက်ကလည်း နောင်ချိုမြို့နယ်ရှိ နောင်အော၊ လက်ပန်ကုန်း၊ ရွှေသွန်း၊ မျက်ချီးနု၊ လုံစံ၊ ကုန်းသာ၊ အုမ္မသီးနဲ့ ဆမ္မဆယ်ကျေးရွာကြား စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၁၃၀)လုံး၊ ဒရုန်းနဲ့ ဗုံး (၆၀)လုံး၊ လက်နက်ကြီး (၅၃)လုံး ပစ်ကူခိုက်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပွင့်ဖြူမှာ စစ်တပ်က ရွာစဥ်လှည့်ပြီး ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်နေ၊ ဖမ်းဆီးခံရသူတွေထဲ အမျိုးသမီးတွေပါသလို ပြန်ရွေးသူတွေအဖို့ ငွေသိန်းရာချီ စျေးပေါက်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ လူအယောက် ၅၀နီးပါး စစ်မှုထမ်းအတွက် ပေါ်တာဆွဲ ဖမ်းဆီးခံထားရပြီး အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
Read More

ကျောက်မဲမြို့နယ် တအာင်းစာအဖွဲ့ – TLA ၏ အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပန်ဖျက်ကျေးရွာမှာ တအာင်းစာအဖွဲ့-TLA က အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသ လက်ရုံးအထူးတပ်ဖွဲ့ အပတ်စဉ် (၇) သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့  P29999- အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ အပတ်စဥ် (၇)သင်တန်းဆင်းပွဲကို  ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ 
Read More

ရွှေဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေ ၄ လ ကျော်ကြာတဲ့အထိ ထောင်ဝင်စာဧည့်တွေ့ခွင့်မရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုဝင်တွေက ထောင်ဝင်စာဧည့်တွေ့ခွင့်မရတာ ၄ လကျော်အထိ ကြာနေပြီလို့  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ကနေထုတ်ပြန်ထားပါတယ်။
Read More

စစ်ကော်မရှင် ရွေးကောက်ပွဲကို ပယ်ချရန် အာဆီယံခေါင်းဆောင်များထံ အရပ်ဘက်လူမှုအဖွဲ့အစည်း ၃၀၀ ကျော် စာပို့

အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ပယ်ချဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၃၁၅ ဖွဲ့က အာဆီယံခေါင်း ဆောင်တွေထံ စက်တင်ဘာ ၃ ရက် မနေ့က စာတစောင်ပေးပို့ပြီး အရေးတကြီး တောင်းဆိုလိုက်ကြောင်း တရားမဝင်အတု အယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး-Anti-illegal Sham Election က ထုတ်ပြန်ထားပါတယ်။
Read More

ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၀ က စိုးမိုးနယ်မြေအတွင်း ကျေးရွာနေ ပြည်သူတွေဆီ စစ်သတင်းလွှာ ဖြန့်ဝေ… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၀ (အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်) အနေနဲ့ တပ်ရင်းစိုးမိုးနယ်မြေအတွင်းက ဆက်သွယ်ရေး ခက်ခဲပြီး သတင်းအချက်အလက်နဲ့ ဝေးကွာနေတဲ့ ကျေးရွာတွေက ပြည်သူတွေဆီ စစ်သတင်းလွှာ အတွဲ ၂ အမှတ် ၂ ဖြန့်ဝေခဲ့တဲ့ ပုံရိပ်တွေကို ထုတ်ပြန်ဖော်ပြထားပါတယ်။