အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရအနေနဲ့ ပြည်နယ်အတွင်း ခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသား ၃၂,၀၀၀ ကျော်ကို ဇီဝမှတ်ပုံတင်ခြင်းလုပ်ငန်း စတင်တော့မှာဖြစ်ကြောင်း၊ လာမယ့် ဇူလိုင်လမှာ အဲဒီအစီအစဉ်ကို ခရိုင် ၁၁ ခုလုံးမှာ စတင်ဖို့ စီစဉ်ထားကြောင်း အိန္ဒိယသတင်းဌာန Northeast Today က ဇွန်လ ၂၅ ရက်မှာ ဖော်ပြထားပါတယ်။

အမျိုးသား သတင်းအချက်အလက်စင်တာ (NIC) က တီထွင်ထားတဲ့ နိုင်ငံခြားသားမှတ်ပုံတင်ခြင်းဆိုင်ရာ ပေါ်တယ်ကတဆင့် မှတ်ပုံတင်သွားမှာဖြစ်ကြောင်း၊ ပြင်ဆင်မှုတွေ အားလုံးပြီးဆုံးလို့ ခရိုင်အရာရှိတွေကိုလည်း လေ့ကျင့်ထားပြီးဖြစ်ကြောင်း မီဇိုရမ် ပြည်ထဲရေးဌာန အတွင်းဝန် Vanlalmawia က ပြောပါတယ်။

လက်ထောက်ကော်မရှင်အဖွဲ့ဝင်တွေ ဦးဆောင်တဲ့ ခရိုင်အဆင့်ကော်မတီတွေက စာရင်းသွင်းတဲ့လုပ်ငန်းစဉ်ကို ဆောင်ရွက်မှာဖြစ်ပြီး ပြည်ထဲရေးဝန်ကြီး ဦးဆောင်တဲ့ပြည်နယ်အဆင့်ကော်မတီက မှတ်ပုံတင်ခြင်းလုပ်ငန်းကို ကြီးကြပ်မယ်လို့ သိရပါတယ်။

ဒီလိုဆောင်ရွက်ချက်ဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေကို မှတ်တမ်းပြုစုဖို့ ရည်ရွယ်တာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ကနဦးပိုင်းမှာတော့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အချက်အလက်စုဆောင်းရေးပုံစံမှာ ပြဿနာရှိခဲ့တာကြောင့် ဒုက္ခသည်မှတ်ပုံတင်ဖို့ နှောင့်နှေးခဲ့ရတာဖြစ်ပြီး မီဇိုရမ်မှာရှိတဲ့ နေရပ်စွန့်ခွာသူတွေရဲ့ တရားဝင်မှုအခြေအနေကို ခြုံငုံမိအောင် ပြန်ပြင်ပြီးနောက်မှာ ပြန်လည်စတင်တာဖြစ်ကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။

မီဇိုရမ်ပြည်နယ်ထဲမှာ ချန်ဖိုင်ခရိုင်ဟာ မြန်မာနိုင်ငံသား ၁၃,၅၈၆ ယောက်ကို လက်ခံထားပြီး အများဆုံးဖြစ်ပါတယ်။ အဲဒီနောက် လောင်တလိုင်း ခရိုင်က ၆,၀၁၇ ယောက်၊ ဆီဟာခရိုင်က ၅,၀၃၆ ယောက်နဲ့ အိုက်ဇောခရီုင်က ၃,၆၆၉ ယောက် အသီးသီးလက်ခံထားပြီး ကိုလာဆစ်ခရိုင်ကတော့ ၁၂၉ ယောက်နဲ့ အနည်းဆုံးလက်ခံထားတယ်လို့ သိရပါတယ်။

မူရင်းသတင်း – Mizoram To Start Biometric Registration Of Myanmar Refugees In July

0 Shares:
You May Also Like
Read More

NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်တို့ အွန်လိုင်းကနေ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အာဆီယံအလှည့်ကျ  ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ် တို့ဟာ ဧပြီလ ၁၈ ရက် ဒီနေ့ မနက်ပိုင်းမှာ Teleconference ကတဆင့် တွေ့ဆုံခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲ အကြောင်းပြ ရုရှားလက်နက်ကိုင်တပ်ဖွဲ့တွေ မြန်မာပြည်လာရောက်မယ်ဆိုခြင်းဟာ အချုပ်အခြာအာဏာကို ထိပါးစော်ကားခြင်းဟု NUCC ထုတ်ပြန်

မြန်မာပြည်က ရွေးကောက်ပွဲကိုလာရောက်လေ့လာမယ့် ရုရှားနိုင်ငံက အဖွဲ့တွေကို လုံခြုံရေးပေးဖို့ လက်နက်ကိုင်လုံခြုံရေးတပ်သားများစေလွှတ်ခြင်းဟာ မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)က ထုတ်ပြန်ကန့်ကွက်လိုက်ပါတယ်။
Read More

ထိုင်းမှာ ယာဉ်မောင်းအိပ်ငိုက်လို့ ခရီးသွားကားတစ်စီး မတော်တဆဖြစ်၊ မြန်မာ ၁၂ ဦး အပါအဝင် ၃၆ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ၊ Phetchaburi ပြည်နယ်၊ Khao Yoi ခရိုင်မှာ မတ်လ ၁၄ ရက် မနက် ၄ နာရီမတိုင်ခင်က ခရီးသွားကားတစ်စီး မတော်တဆဖြစ်ပွားခဲ့တာကြောင့် ခရီးသည်အားလုံး ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်း Khaosod English မှာ ဖော်ပြပါတယ်။ 
Read More

ထိုင်းနိုင်ငံ၊ ပထုန်ဌာနီတွင် မြန်မာနိုင်ငံသားကို ထိုင်းအမျိုးသားမှ ထိုးကြိတ်ခဲ့မှု နစ်နာကြေး ရရှိအောင် ကူညီဖြေရှင်းဆောင်ရွက်ပေးခဲ့ဟု NUG အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်

လူမှုကွန်ရက်မှာ လတ်တလော ပျံ့နှံ့နေတဲ့ ထိုင်းနိုင်ငံ၊ ပထုန်ဌာနီရှိ ပထုံဆေးရုံအနီး မြန်မာနိုင်ငံသားကို ထိုင်းအမျိုးသားက ထိုးကြိတ်ခဲ့မှုအတွက် ကူညီဖြေရှင်းဆောင်ရွက်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ တာလယ် ဗျူဟာစစ်စခန်းကို KNLA ပူပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်…

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီးရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ တာလယ်ဗျူဟာ စစ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းပိုက်လိုက်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်းထုတ်မယ့်ကိစ္စ မျှမျှတတ လုပ်ဖို့ တရုတ်ပြော

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC က ဝရမ်းထုတ်ဖို့ကိစ္စမှာ တရားမျှတစွာနဲ့ ဖြေရှင်းပေးဖို့ လိုအပ်ကြောင်း တရုတ်နိုင်ငံက သူ့ရဲ့သဘောထားကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။