ရုရှားသြဇာခံ ဘယ်လာရုစ်နိုင်ငံကို စတုတ္တအကြိမ်မြောက် ဥရောပ-အာရှ စီးပွားရေးဖိုရိမ် (EEF 2025 ) တက်ရောက်ဖို့ အကြမ်းဖက်စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ဒီနေ့မနက်မှာ နေပြည်တော်ကနေ လေယာဥ်နဲ့ ထွက်ခွာသွားပြီလို့ သိရပါတယ်။

ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့မှာ စတုတ္တအကြိမ်မြောက် ဥရောပ-အာရှ စီးပွားရေးဖိုရိမ် (EEF 2025 )ကို ဇွန်လ ၂၆ ရက်နဲ့ ၂၇ ရက်မှာ ပြုလုပ်သွားဖို့ ရှိနေပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့အတူ UMFCCI မှာ ပါဝင်တဲ့ ခရိုနီစီးပွားရေးသမားတွေလည်း လိုက်ပါသွားတယ်လို့ စီးပွားရေးအသိုင်းအဝိုင်းတွေဆီက သိရပါတယ်။

ဘယ်လာရုစ်သမ္မတနဲ့အတူ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တွေ့ရစဉ်

Eurasian Economic Union – EAEU ရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဘယ်လာရုစ်နိုင်ငံရဲ့ သမ္မတက စစ်ခေါင်ဆောင်ကို ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး စစ်ခေါင်းဆောင်ကိုလည်း သီးခြားတွေ့ဆုံမှာဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင်ဟာ ဥရောပ-အာရှ စီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဥက္ကဋ္ဌနဲ့လည်း တွေ့ဆုံသွားဖို့ရှိပြီး ဘယ်လာရုစ်ကတစ်ဆင့် ရုရှားကို ဆက်လက်ထွက်ခွာအုံးမယ်လို့ သိရပါတယ်။ 

စစ်ခေါင်းဆောင်ဟာ အဆိုပါခရီးစဥ်အတွင်း ဘယ်လာရုစ်နဲ့ ရုရှားမှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေကိုပါ သွားရောက်ဖို့ ရှိနေပြီး နှစ်နိုင်ငံအစိုးရနဲ့ ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာတွေအပါ ကဏ္ဍပေါင်းစုံမှာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။ 

 

0 Shares:
You May Also Like
Read More

ထိုင်းနိုင်ငံတွင် ငွေလိမ်ဂိုဏ်းကို ဝင်ရောက်ဖမ်းဆီးရာ မြန်မာနိုင်ငံသား ၃ဦးနှင့် ဘတ်ငွေ ၄၆သန်းကျော် ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ နယ်စပ်ဖြတ်ကျော် ငွေကြေးလိမ်လည်မှု လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၃ယောက်ကို ထိုင်းဘတ်ငွေ ၄၆ သန်းကျော်နဲ့အတူ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

တရားမဝင် ငါးဖမ်းမှုကြောင့် ထိန်းသိမ်းထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၅ ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဆီ AA လွှဲပြောင်းပေး

ရခိုင်ပြည်နယ်ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက် ငါးဖမ်းမှုကြောင့် ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၅ ယောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နယ်ခြားစောင့်တပ် (BGB) ကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ရခိုင်သတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။
Read More

မြန်မာနဲ့ သီရိလင်္ကာလုပ်သားတွေကို ကမ္ဘောဒီးယားတွေနေရာမှာ အစားထိုးမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးပြော

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်နိမိတ် တင်းမာမှုတွေ ဖြစ်ပွားနေချိန် ထိုင်းကနေ ထွက်ခွာသွားတဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားတွေနေရာမှာ အစားထိုးဖို့ မြန်မာလုပ်သား ၄၂၀၀၀ နဲ့ သီရိလင်္ကာလုပ်သား ၁၀၀၀၀ ခန့်ကို ၂ လအတွင်း ခေါ်ယူသွားမယ်လို့ ထိုင်းအနေနဲ့ စီစဉ်နေပါတယ်။
Read More

ကျားဖြန့်လုပ်ငန်းတွေရှိရာ ထိုင်း-မြန်မာ နယ်စပ်မြို့များကို ထိုင်းအစိုးရမှ လျှပ်စစ်ဓာတ်အား စတင် ဖြတ်တောက် 

ထိုင်းအစိုးရက ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ထိုင်း-မြန်မာ နယ်စပ်မြို့တွေဖြစ်တဲ့ တာချီလိတ်၊ မြဝတီနဲ့ ဘုရားသုံးဆူမြို့တို့ကို ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက်ပိုင်းကနေ စတင်ပြီး လျှပ်စစ်ဓာတ်အားပေးနေမှုတွေကို ဖြတ်တောက်လိုက်ပြီလို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဒေါ်နယ်ထရမ့် ဂျပန်ရောက်ချိန် မြန်မာ့အရေး ကူညီပေးရန် ဂျပန်ရောက်မြန်မာများ တောင်းဆိုဆန္ဒပြ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဂျပန်နိုင်ငံကို ရောက်ရှိလာချိန်ကာလမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ထိရောက်စွာ ကူညီဆောင်ရွက်ပေးဖို့ တောင်းဆိုဆန္ဒတဲ့ လှုပ်ရှားမှုကို ဂျပန်ရောက်မြန်မာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တော်လှန်ရေးအင်အားစုများနှင့် ငြိမ်းချမ်းရေးဆွေးနွေးဖို့ မင်းအောင်လှိုင်ကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် တိုက်တွန်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နဝါထရာက တိုက်တွန်းပြောကြားလိုက်ပါတယ်။