မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အမျိုးသမီး ၁ ယောက် သေဆုံးပြီး အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပြင်ဦးလွင်ခရိုင်က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဇွန်လ ၂၃ ရက် ညပိုင်းမှာ မိတ္ထီလာမြို့ရှိ ရှမ်းတဲက တက်လာတဲ့ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ (၁) စင်းဟာ မတ္တရာမြို့နယ်၊ ဥက္ကံကျေးရွာဝန်းကျင်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အမျိုးသမီး ၁ယောက် သေဆုံးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ က ဆိုပါတယ်။

အဲ့ဒီနေ့ ညနေပိုင်းမှာပဲ အကြမ်းဖက်စစ်ကောင်စီရဲ့ တံတားဦးကလာတဲ့ ဂျက်ဖိုက်တာတစ်စီးဟာ စဉ့်ကူးမြို့နယ်၊ ထုံးကြီး‌ကျေးရွာမြောက်ဘက် လယ်ကွင်းအနီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အမျိုးသမီး ၁ယောက် မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ဝေးရာမှာ နေထိုင်ဖို့အပြင် လေကြောင်းရန် ကာကွယ်နိုင်ရေးအတွက်လည်း ဗုံးခိုကျင်းတွေ တူးထားဖို့ ပြင်ဦးလွင်ခရိုင် ပကဖ က တိုက်တွန်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က တပ်ရင်းမှူးအပါ ကျဆုံးရဲဘော် ၄ ယောက်ရဲ့ ( ၂ ) နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်ခဲ့

ပြည်သူကာကွယ်ရေးတပ်မတော်၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် - အမှတ် (၁၀၀၉)တပ်ရင်းက တပ်ရင်းမှူးအပါ ကျဆုံးရဲဘော် ၄ ယောက်ရဲ့ ( ၂ ) နှစ်ပြည့် လွမ်းဆွတ်တမ်းတခြင်းအောက်မေ့ဖွယ် အခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောင်နေစဉ် ပြည်ပနိုင်ငံတွေရဲ့ စွက်ဖက်မှုကြောင့် တိုင်းပြည်က တည်ငြိမ်ဖို့ ခက်ခဲနေသည်ဟု မင်းအောင်လှိုင် ပြော

ပြည်တွင်းငြိမ်းချမ်းရေးကို ကြိုးစားတည်ဆောက်နေစဉ် ပြည်ပရဲ့ စွက်ဖက်မှုတွေကြောင့် တိုင်းပြည်က တည်ငြိမ်အေးချမ်းဖို့ ခက်ခဲနေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောပါတယ်။ 
Read More

နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီ ထိန်းချုပ်နိုင်မှုက လေးပုံတစ်ပုံပင် မရှိတော့ကြောင်း မြေပြင်အချက်အလက်များက ဖော်ပြနေဟု NUG ယာယီသမ္မတ ပြောကြား၊ စစ်ကောင်စီအနေနဲ့ မြန်မာစစ်သမိုင်းတလျှောက် အကြီးမားဆုံး ရှုံးနိမ့်မှုများကို ရင်ဆိုင်ကြုံတွေ့နေရပြီဟု ဆို

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီရဲ့ ထိန်းချုပ်စိုးမိုးနိုင်မှုက လေးပုံတစ်ပုံတောင် မရှိတော့ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက မြန်မာ့ရိုးရာ နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်း ပြောကြားလိုက်ပါတယ်။
Read More

တိုင်းရင်းသားတွေအားလုံးပါဝင်တဲ့ မဟာမိတ်စစ်ရေးတပ်ပေါင်းစု ပေါ်ပေါက်ဖို့ လိုတယ်လို့ NUG ယာယီသမ္မတ ပြောကြား

ပင်လုံသဘောတူညီမှုလို ပြည်မနဲ့ တောင်တန်းအကြား တော်လှန်ရေးပဋိညာဉ်တစ်ရပ် ပေါ်ပေါက်ဖို့ လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောပါတယ်။
Read More

မိုးဗြဲတိုက်ပွဲတွင် အသက် ၂၁နှစ်ရွယ် ဒုတပ်စိတ်မှူး ရဲဘော် ဂျွန်နယူးမင်းနဲနယ် (ခ) ဖားတီ မြင့်မြတ်စွာ ကျဆုံး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ရှမ်းတောင် (ကယား) ကရင်နီ တိုင်းစစ်ဌာန၊ အမှတ် (၁၁၀၆) တပ်ရင်းက ဒုတပ်စိတ်မှူး ရဲဘော် ဂျွန်နယူးမင်းနဲနယ် (ခ) ဖားတီဟာ မိုးဗြဲမြို့ တိုက်ပွဲမှာ မြင့်မြတ်စွာ ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

မော်လိုက်-ကလေးထောင်တွင် အရေးပေါ်ဆေးကုခွင့်ရဖို့ အာဏာပိုင်များကို လာဘ်ထိုးနေရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မော်လိုက်-ကလေးအကျဉ်းထောင်မှာ အကျဥ်းကျသူတွေရဲ့ အရေးပေါ် ဆေးကုသခွင့်အပေါ် ထောင်အာဏာပိုင်တွေက လာဘ်ငွေရယူပြီးမှသာ ခွင့်ပြုပေးတော့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦး က မောင်းကိုပြောပါတယ်။