မကွေးတိုင်း၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်မှာ ရက် ၂၀ကြာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က  ၁၅ယောက် သေဆုံးခဲ့တယ်လို့ Yennanthar Column က သတင်းထုတ်ပြန်ထားပါတယ်။

ကျောက်ပန်းတောင်းမြို့နယ် စည်ပင်ရွာအခြေစိုက် ပျူစောထီးတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပေါင်းစည်းထားတဲ့ အင်အား၁၅၀ပါ အထက်ပါ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ မေလ ၂၇ရက်နေ့ကစလို့ ရေနံချောင်းမြို့နယ်အတွင်းကို သားလူးကန် ဖိုးကိုးလမ်းက တစ်ဆင့် ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

အထက်ပါ စစ်ကြောင်းဟာ  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ထိန်းချုပ်နယ်မြေတွေအထိပါ ဝင်ရောက်ခဲ့တာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့လည်း သိရပါတယ်။

ဒါ့အပြင် စစ်အုပ်စုတွေဟာ ကံသာ (ရွာသစ်) ကျေးရွာနဲ့ လွန်ပင်ရှိုကျေးရွာက နေအိမ် (၁၅) လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို လွန်ပင်ရှိုကျေးရွာနဲ့ အင်တောကျေးရွာနေ အရပ်သား ၂ယောက်ကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့သေးတယ်လို့ သိရပါတယ်။

ဇွန်လ ၁၆ရက်နေ့မှာတော့ အထက်ပါစစ်ကြောင်းဟာ ကုန်းအိုင်၊ ဖောင်းကွဲလမ်းကြောင်းကတဆင့် ပြန်လည်ဆုတ်သွားခဲ့ကြောင်း Yennanthar Column က ထုတ်ပြန်ထားပါတယ်။

ရက် ၂၀ ကြာဝင်ရောက်ခဲ့တဲ့ စစ်ကြောင်းနဲ့ ထိတွေ့မှုမှာ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ရွေ့လျားစစ်တပ် Yenanthar Column နဲ့အတူ People’s Defence Force – Yenangyaung (YNG-PDF)၊ Tamar Myay Special Column နဲ့ အင်တောတိုက်နယ်ပကဖ တို့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မြောက်ဥက္ကလာပ ထွေအုပ်ရုံးအား ဖောက်ခွဲတိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က အကြမ်းဖက်စစ်တပ်လက်ပါးစေ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို လက်လုပ်မိုင်းတွေ၊ လက်ပစ်ဗုံးတွေနဲ့ ပစ်တိုက်ခိုက်မှုမှာ စစ်အုပ်စုတပ်ဖွဲ့ဝင် ၂ ယောက် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိသွားကြောင်း မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပြည်မြို့တွင် စစ်ကော်မရှင် လက်အောက်ခံ အချင်းချင်း ပေါ်တာမှားဆွဲမှု ဖြစ်ပွား

ပဲခူးတိုင်း၊ ပြည်မြို့မှာ စစ်ကော်မရှင်လက်အောက်ခံ တပ်ဖွဲ့ဝင်အချင်းချင်း ပေါ်တာဆွဲဖမ်းဆီးတာနဲ့ ပတ်သက်ပြီး အချင်းများကာ ရိုက်နှက်ဖမ်းဆီးမှုတွေအထိ ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 
Read More

Federal Wings စမ်းသပ်ထုတ်လုပ်ခဲ့သည့် Jammer များ စစ်ဆင်ရေးနယ်မြေအချို့မှာ အောင်မြင်စွာ အသုံးပြုနိုင်ခဲ့

Federal Wings ဒရုန်းတပ်ဖွဲ့အနေနဲ့ စမ်းသပ်ထုတ်လုပ်ခဲ့တဲ့ Jammer တွေကို စစ်ဆင်ရေးနယ်မြေအချို့မှာ အောင်မြင်စွာ အသုံးပြုနိုင်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဆောနယ်ကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ၃ ဦး သေဆုံး ၊ ၆ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ဆောမြို့နယ်က ကျေးရွာတစ်ရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ‌ဒေသခံတွေဆီက သိရပါတယ်။
Read More

ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းဆီ စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်နဲ့ အလင်းဝင် (ဓာတ်ပုံသတင်း)

တနင်္သာရီတိုင်း၊ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် ၊ ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်းဆီ အခုတစ်ပတ်အတွင်း စစ်​ကောင်စီတပ်သား ၂ ယောက်က လက်နက်နဲ့ အလင်းဝင်​ရောက်လာခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

နွေဦးဘဏ်မှာ ရင်းနှီးမြှုပ်နှံသူ အစုရှယ်ယာ အမေရိကန်ဒေါ်လာ ၅သန်းကျော်အထိ စံချိန်တင်ပြည့်မှီ

NUG ရဲ့နွေဦးဘဏ်က ရင်းနှီးမြှုပ်နှံသူ အစုရှယ်ယာ အမေရိကန်ဒေါ်လာ ၅ သန်းကျော်စံချိန်တင်ပြည့်မှီခဲ့ကြောင်း Spring Development Bankက ဒီနေ့ နို၀င်ဘာ ၂၅ရက်နေ့မှာ ထုတ်ပြန်ပါတယ်။