တနင်္သာရီတိုင်း၊ ပလောက်မြို့မှာ အပတ်စဥ် ၁၁ စစ်မှုထမ်းသင်တန်းအတွက် အဓမ္မစစ်သားစုဆောင်းခံရသူ လူငယ် ၄ ယောက်ဟာ ဘက်ပြောင်းခိုလှုံအလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၁၈) ရက်က ပလောက်မြို့၊ အမှတ် (၁၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း(တိုင်းဗဟို ၁၂) ရှိ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁၁) အဖြစ် အဓမ္မစုဆောင်းခံရသူ လူငယ် (၄) ယောက်ဟာ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းဆီ ခိုလှုံလာတယ်လို့ ဆိုပါတယ်။

အဆိုပါလူငယ် ၄ ယောက်ဟာ ထိုင်းနိုင်ငံမှာ ဗီဇာသက်တမ်းကုန်တာကြောင့် ဖမ်းဆီးခံခဲ့ရပြီး မြန်မာနိုင်ငံဆီ ပြန်လည်ပို့ဆောင်ခံခဲ့ရတဲ့နောက် မိမိ ဆန္ဒမပါဝင်ဘဲ ပလောက်မြို့ တိုင်းဗဟို ၁၂ ဆီ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁၁) တက်ရောက်ဖို့ အတင်းအဓမ္မ ပို့ဆောင်ခံခဲ့ရတယ်လို့ သိရပါတယ်။

မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းအနေနဲ့ လက်ရှိမှာ အဆိုပါလူငယ် ၄ ယောက်ကို ကောင်းမွန်စွာ ဆက်လက်ထိန်းသိမ်းထားရှိပြီး လိုအပ်တာတွေ ဆက်လက်လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

စစ်မှုထမ်းအဖြစ် အတင်းအဓမ္မစုဆောင်းခံရသူတွေကို မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းအနေနဲ့ အကောင်းဆုံး ကူညီဆောင်ရွက်နိုင်အောင် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

TNLA ရဲ့ အုပ်ချုပ်ရေးသင်တန်းကျောင်း (Administrative School) အပတ်စဥ် (၂) သင်တန်းဆင်းပွဲ အခမ်းအနား…

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ စိုးမိုးနယ်မြေတစ်နေရာမှာ TNLA ရဲ့ အထွေထွေအုပ်ချုပ်ရေးဌာနက ဦးစီးဖွင့်လှစ်ထားတဲ့ အုပ်ချုပ်ရေးသင်တန်းကျောင်း (Administrative School) အပတ်စဥ် (၂) သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၃၁ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မိုင်းလုံမြို့နယ် မန်ဟုန်းကျေးရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ကလေး ၃ ဦးအပါ ၁၃ ဦး သေဆုံးခဲ့

တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ မိုင်းလုံမြို့နယ်ကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၇ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပျက်စီးသွားတဲ့ မြင်ကွင်းတွေကို TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်တပ်ကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၁၅) ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ပထမ ၅ လနီးပါးအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၁၅) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တစ်နှစ်တာအတွင်း ရခိုင်မှာ အရပ်သား ပြည်သူ ၇၀၀ ကျော် စစ်ကောင်စီကြောင့် သေဆုံးခဲ့ရ

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် တစ်နှစ်တာ အတွင်း အရပ်သား ပြည်သူ ၇၀၀ ကျော် သေဆုံးခဲ့ရတယ်လို့  အာရက္ခတပ်တော်(AA)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က မနေ့က နိုဝင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

နမ့်ဆန်နှင့် နမ္မတူတွင် စစ်တပ် ထပ်မံလေကြောင်းဗုံးကြဲမှုကြောင့် ၃ဦး သေဆုံး၊ ၄ဦး ဒဏ်ရာရ

အောက်တိုဘာ ၁၇ရက် ဒီမနက် ၈နာရီကျော်လောက်မှာ နမ္မတူမြို့ အ.ထ.က(၁) ကျောင်း ဝန်းကျင်ကို စစ်တပ်က ပေါင် ၂၅၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၄ယောက် ထိမှန်ဒဏ်ရာရခဲ့ပြီး စာသင်ဆောင် ၂ ဆောင်နဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “စာသင်ကျောင်း မဖွင့်ပါဘူး။ ဗုံးကျတဲ့နေရာက အ.ထ.က ၁ ထဲ တစ်လုံး၊ စာသင်ကျောင်းအနီးမှာရှိတဲ့ အဆောက်အဦးတစ်လုံးနား ကျတာ၊ အဲ့အဆောက်အဦးထဲမှာရှိတဲ့ အမျိုးသမီး ၄ဦး ဒဏ်ရာရတယ်။ စိုးရိမ်ရတဲ့ အနေအထားတော့ မဟုတ်ပါဘူး” လို့ နယ်မြေခံ သတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

နောင်ချိုကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး ထပ်မံလာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။