စစ်ကောင်စီအတွက် လူသတ်လက်နက်တွေ ထုတ်လုပ်နေပေးတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ စက်ရုံ) တွေဟာ မြန်မာနိုင်ငံတွင်း တိုင်းဒေသတွေမှာတည်ရှိနေပြီး အထူးသဖြင့် မြန်မာပြည်အလယ်ပိုင်းဒေသတွေမှာ ကပစ စက်ရုံများစွာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။

ကပစ စက်ရုံတွေဟာ အဓိကအားဖြင့် လက်နက်ကြီး၊ လက်နက်ငယ်၊ ကျည်ဆန်တွေကအစ လေကြောင်း၊ ရေကြောင်း တိုက်ခိုက်ရေးတွေမှာ အသုံးပြုတဲ့ လူသတ်လက်နက်မှန်သမျှကို ထုတ်လုပ်ပေးတာကြောင့်  စစ်ကောင်စီအတွက် အရေးပါတဲ့ စက်ရုံတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကပစ စက်ရုံပေါင်း ၂၅ ရုံရှိပြီး ကပစ စက်ရုံအများစုကို မြန်မာပြည်အလယ်ပိုင်း မကွေးတိုင်းထဲမှာ တည်ဆောက်ထားကာ စက်ရုံပေါင်း ၁၅ ရုံအထိ ရှိပါတယ်။ ဒုတိယအများဆုံး ရှိတဲ့ ဒေသကတော့ ပဲခူးတိုင်း ဖြစ်ပြီး စက်ရုံ ၇ ရုံ ရှိကာ နေပြည်တော်မှာ ၂ရုံ၊ ရန်ကုန်တိုင်းမှာ ၁ရုံ တည်ဆောက် ထားတာပဲ ဖြစ်ပါတယ်။

ရှော့တိုက်ဒုံးများနဲ့ ပစ်ခတ်ခြင်းအပါအဝင် ကပစ စက်ရုံတွေကို တော်လှန်ရေးတပ်တွေက တတ်နိုင်စွမ်းရှိသလောက် တိုက်ခိုက်နေခဲ့ပေမယ့် စစ်ကောင်စီအတွက်တော့ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုတွေက သူတို့ကို အန္တရယ်ရှိလောက်တဲ့ ခြိမ်းခြောက်နိုင်စွမ်းမျိုး မရှိသေးဘူးလို့ ယေဘုယျပြောနိုင်ပါတယ်။

ဒါကြောင့်ပဲ ကပစစက်ရုံတွေ ဒီနေ့အချိန်ထိ ပုံမှန်အတိုင်း လည်ပတ်နေနိုင်တာ ဖြစ်ပါတယ်။

ကပစစက်ရုံတွေဟာ မြို့နဲ့ ဝေးကွာတဲ့ နေရာအများစုမှာ တည်ဆောက်ထားပြီး ဘေးပတ်လည်မှာ အရန်တပ်တွေ မရှိတတ်ကြပေမယ့်လည်း တော်လှန်ရေးတပ်တွေ ထိရောက်အောင် မတိုက်ခိုက်နိုင်တာဟာ စက်ရုံတွေရဲ့ ဧရိယာ အရမ်းကျယ်ဝန်းလွန်းတာကြောင့် ဖြစ်မယ်လို့ CDM  ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။

“ကပစ စက်ရုံတွေဆိုတာ မြို့ရွာတွေနဲ့ အလှမ်းဝေးပြီး ခေါင်တဲ့တောထဲမှာပဲ ထီးထီးကြီးတွေ တည်ဆောက်ထားတာ။ အဲ့တော့ စက်ရုံတွေဆိုရင် ဘေးနံတပ်တွေ၊ ခြေလျပ်တပ်တွေ မရှိတဲ့ နေရာမျိုးတွေလည်း များတယ်။ သို့ပေမယ့် တော်လှန်ရေးတပ်တွေက ဘာလို့ ထိထိရောက်ရောက် မတိုက်ခိုက်နိုင်တာလလဲဆိုတော့ ကပစ စက်ရုံတွေနဲ့ ဧရိယာက အရမ်းကျယ်ဝန်းပါတယ်”

“တချို့ စက်ရုံတွေဆို ဧက ၅သောင်းလောက်ရှိတဲ့ စက်ရုံတွေများတယ်။ ပြီးရင် စက်ရုံရဲ့ ဧရိယာ ပတ်ချာလည်မှာ ကင်းတို၊ ကင်းရှည်၊ ကင်းစခန်းတွေ ပြီးရင် စစ်ခွေးတွေကိုပါ သုံးပြီးတော့ ဟိုအရင်ကတည်းက စက်ရုံအနီးနားကို မကပ်နိုင်တဲ့ အနေအထားမျိုး … ပြီးရင် စက်ရုံတွေရဲ့ အဆောက်အဦးတစ်ခုက မိုးလုံလေလုံ အားကစားကွင်း တစ်ခု နီးပါး လောက်ရှိတယ်။ အဲ့တော့ စက်ရုံတစ်ခုလုံးကို ပျက်စီးသွားအောင် လုပ်ဖို့ဆိုတာ တော်တော်လေး ခဲယဉ်းပါတယ်။ အဲ့ဒါကြောင့်မို့ သူတို့ (စကစ) အတွက် ထိခိုက်နည်းမယ်ဆိုတဲ့ အတွေးနဲ့ မလုပ်တာမျိုးလို့ပဲ ယူဆပါတယ်” လို့ ဗိုလ်ကြီးဇင်ယောက် သုံးသပ်ပြောဆိုပါတယ်။

ဒါပေမယ့် ကပစ ၅ လိုမျိုး ပေါက်ကွဲလွယ်တဲ့ ယမ်းတွေ ချက်တဲ့ စက်ရုံဆိုရင်တော့ ပေါက်ကွဲမှု အစပျိုးတာလေး ရှိတာနဲ့တင် စက်ရုံကို များစွာပျက်စီးစေမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

“မြိုင်မှာရှိတဲ့ ကပစ ၅လို စက်ရုံဆိုရင် ယမ်းစက်ရုံဆိုတော့ ပေါက်ကွဲဖို့ အင်မတန်လွယ်ပါတယ်။ တခြား ယမ်းမဟုတ်တဲ့ လက်နက်ထုတ်လုပ်တဲ့ စက်ရုံတွေကျတော့ စက်ရုံတစ်ရုံလုံး ပေါက်ကွဲသွားဖို့ဆိုတာ ခက်ခဲပါတယ်။ ယမ်းချက်စက်ရုံတွေကျတော့ အစပျိုးမှု တစ်ခုရှိတာနဲ့ကို ပေါက်ကွဲတယ်။ ပြီးတော့ ယမ်းဆိုတာကလည်း ဗုံးသီးတွေ ထုတ်လုပ်ရာမှာ အဓိကကျပါတယ်။ အဲ့တော့ ပကစ ၅လို စက်ရုံဆိုရင် ဗုံးသီးနဲ့ ခြောက်လှန့်ပြီးတော့ ပစ်ခတ်ရင်ကိုပဲ ၁ရုံစ၊ ၂ရုံစ ပေါက်ကွဲမှုတွေ ဖြစ်ပြီးတော့ ဆုံးရှုံးမှု ကြီးကြီးမားမား ဖြစ်မှာပါ” လို့ အကြံပြုထားပါတယ်။

စက်ရုံတွေကို တိုက်ရိုက် တိုက်ခိုက် မဖျက်ဆီးနိုင်ရင်တောင် ထုတ်လုပ်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားလိုင်းနဲ့ ရေပိုက်လိုင်းတွေကို ဖြတ်တောက်ဖျက်ဆီးနိုင်ရင်လည်း  စစ်ကောင်စီအတွက်  လက်နက်ထုတ်လုပ်ရေး လုပ်ငန်းစဉ်တွေကို ကမောက်ကမ ဖြစ်စေမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့် စစ်ကောင်စီရဲ့ ကပစတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ချို့ဟာ ကျောမြို့နယ်ထဲက စစ်တပ်ရဲ့ မိတ်ဖက် ရေနံကုမ္မဏီတစ်ခုရဲ့  MOGE ပိုင် ရေနံတွင်းကနေ ထွက်လာတဲ့ ဆီခွဲတမ်းကို အချိုးကျ ဝေစုခွဲယူနေတာတွေရှိတယ်၊ ဒါကြောင့်လည်း စစ်ကောင်စီရဲ့ လက်နက်စက်ရုံလည်ပတ်ဖို့အတွက် လျှပ်စစ်ပေးနေနိုင်တာလို့ ဗိုလ်ကြီးဇင်ယော်က ဆိုထားပါတယ်။

“ကျောဘက်မှာဆိုရင် တော်လှန်ရေးအင်အားစုတစ်ချို့နဲ့ စကစတပ်တွေက ရေနံအခွန်ခတွေ ကောက်နေတာပေါ့နော်။ တကယ်တော့ ကျောမှာ လျှပ်စစ်ဓာတ်အား ဖြတ်တောက်လိုက်ရင် ဘာမှ လုပ်လို့ မရပါဘူး။ စကစ က ကောင်တွေလည်း လာမတိုက်ဘူး။ တော်လှန်ရေးဘက် အင်အားစုတွေကလည်း သွားပြီးတော့ ထဲထဲဝင်ဝင် သွားမတိုက်နိုင်တာကို တွေ့ရတယ်။ အဓိကက လျှပ်စစ်ဓာတ်အားကို သူတို့ မဖြတ်ဘူးဆိုရင်တောင် ခဏဖြတ်လိုက်… သူတို့ လာပြင်တဲ့ အချိန်မှာ ကြားဖြတ်တိုက်ခိုက်လိုက်။ ဒီလိုလုပ်မယ်ဆိုရင် တော်တော် အကျိုးအမြတ်များမယ်ဗျ။ အဲ့လိုလုပ်တဲ့ အနေအထားမျိုးကို မတွေ့ရဘူး” လို့ ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲမှာရှိတဲ့ ကျောမြို့ဟာ တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ စစ်ကိုင်း၊ ယင်းမာပင်၊ ပုလဲ နဲ့ ဆက်စပ်နေတဲ့ မြို့ဖြစ်ပြီး ကပစ ၂၃ တည်ရှိနေတဲ့ မြို့လည်း ဖြစ်ပါတယ်။

ကပစ ၂၃ စက်ရုံဟာ တာတိုပစ်၊ တာလတ်ပစ် မစ်ဆိုင်း တွေ ထုတ်လုပ်ပြီး ထိန်းသိမ်းထားရှိဖို့နဲ့ စက်လက်နက်တွေကို တပ်ဆင်ဖို့ အတွက် ရည်ရွယ်တည်ဆောက်ထားတဲ့ စက်ရုံဖြစ်ပြီး လက်ရှိမှာတော့ ကပစ ၂၃ ရဲ့ စက်ရုံမှူးအဖြစ် ဗိုလ်မှူးကြီးတိုးလွင်က တာဝန်ယူ လည်ပတ်နေတယ်လို့ သိရပါတယ်။

အဲ့လို စစ်တပ်အတွက် လက်နက်ထုတ်လုပ်မှုတွေကို အဓိက တာဝန်ယူနေတဲ့ ကာကွယ်ရေးပစ္စည်း  ထုတ်လုပ်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း၊ ဒုတိယ ကာကွယ်ရေးပစ္စည်း  ထုတ်လုပ်ရေးအရာရှိချုပ်တွေဖြစ်တဲ့ ဗိုလ်ချုပ်ကိုကိုလွင်၊ ဗိုလ်ချုပ် မျိုးအောင်၊ ကပစ စက်ရုံ  ၂၅ ခုရဲ့ စက်ရုံမှူးတွေနဲ့ အင်ဂျင်နီယာတွေဟာ စစ်တပ်က စစ်ရာဇဝတ်မှုတွေ ကျူးလွန်ရာမှာ လိုအပ်တဲ့ စစ်လက်နက်ထုတ်လုပ်ရေးကို အကောင်ထည်ဖော်ပေးနေတဲ့ သွေးစွန်းလက်ပိုင်ရှင်တွေ ဖြစ်တယ်လို့ တမာအင်စတီကျုရဲ့  သုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်တပ်အလိုကျ အားရပါးရ ကပြနေတဲ့ အုပ်ကြီး

ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် ၅၄ ရပ်ကွက်၊ နွယ်နီလမ်းမှာ စစ်မှုထမ်းဖို့ စာရင်းပါနေတဲ့ လူငယ်တစ်ယောက်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အတူ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာခေါ်ခဲ့ကြပါတယ်။
Read More

ပြည်သူလူထု၏ လမ်းညွှန်မှုဖြင့် စုဖွဲ့ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု

လက်ရှိမှာ တော်လှန်ရေးအဖွဲ့ ၁၉ ဖွဲ့ စုဖွဲ့ပါဝင်ထားတဲ့ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance-SRA) ဟာ ပြည်သူတွေရဲ့ တိုက်တွန်းလမ်းညွှန်မှုတွေကြောင့် စုဖွဲ့နိုင်ခဲ့တာဖြစ်တယ်လို့ SRA ထဲမှာ ပါဝင်တဲ့ ကျောင်းသားလက်ရုံးတပ်တော်ရဲ့ ဒုဥက္ကဌ (၁) ကိုမင်းဟန်ထက်က မောင်းကို ပြောပါတယ်။
Read More

စစ်ကိုင်းမြို့အတွင်း ကယ်ဆယ်ရေးလုပ်ငန်းများကို စစ်ကောင်စီ ဟန်ပြလုပ်ဆောင်ရင်း အရပ်ဘက် ကယ်ဆယ်ရေးသမားများကိုလည်း အာဏာပြတားဆီးနေ

စစ်ကိုင်းမြို့အတွင်း ကယ်ဆယ်ကူညီရေးလုပ်ငန်းတွေကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နဲ့ အပေါင်းအပါတွေက ဟန်ပြလုပ်ဆောင်ရင်း အကူအညီပေးမယ့် အရပ်ဘက်ပရဟိတအဖွဲ့တွေကိုလည်း အာဏာပြစစ်ဆေးတာတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

KK Park စီးနင်းမှုအပြီး လွတ်မြောက်ခွင့်ထက် ဒေါ်လာ ၁,၄၀၀ လစာကို ရွေးချယ်သွားသည့် ‘ကျားဖြန့်’ ဝန်ထမ်းများ

ပြီးခဲ့တဲ့တလောက မြန်မာနိုင်ငံရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်တာနက် လိမ်လည်မှုဂိုဏ်းတွေထဲက တခုကို ဝင်ရောက်စီးနင်းဖမ်းဆီးမှုတွေ ဖြစ်သွားပြီးတဲ့နောက်ပိုင်း အဲဒီနေရာတွေကနေ ထွက်ပြေးလာတဲ့ ဝန်ထမ်းတွေဟာ အနီးအနားက တခြား "ကျားဖြန့်" လုပ်ငန်းတွေမှာ အလျင်အမြန် ပြန်ပြီး အလုပ်ဝင်ဖို့ ကြိုးစားခဲ့ကြတာကြောင့် ဝန်ထမ်းအပြိုင်အဆိုင် စုဆောင်းမှုတွေ ဖြစ်လာတယ်လို့ ကျွမ်းကျင်သူတွေနဲ့ အတွင်းလူတွေရဲ့ အဆိုအရ သိရပါတယ်။
Read More

အာဆီယံ သို့မဟုတ် မြန်မာ့အရေးအပေါ် ဦးဆောင်ဖြေရှင်းနိုင်စွမ်းမရှိဘူး ဆိုတာကို ဝန်ခံရမယ့်အချိန် ရောက်လို့နေတဲ့ အဖွဲ့အစည်း

ယခုနှစ်မှာ အာဆီယံဥက္ကဋ္ဌအဖြစ် လာအိုစတင်တာဝန်ယူစဉ်က ၎င်းဟာ ဒေသတွင်းအစုအဖွဲ့ကို အငြင်းပွားဖွယ်ရာ ပြဿနာတွေ ကင်းဝေးသွားစေဖို့ ဦးဆောင်သွားနိုင်လိမ့်မယ်လို့ ခန့်မှန်းခံခဲ့ရပါတယ်။
Read More

ငလျင်ဘေးသင့် မြန်မာပြည်သူများအတွက် အကူအညီတချို့ စတင်ရောက်ရှိလာ

သောကြာနေ့က မြန်မာပြည်အလယ်ပိုင်းကို ဗဟိုပြုလှုပ်ခတ်သွားခဲ့တဲ့ ၇.၇ ရစ်ခ်ျတာစကေး အဆင့်ရှိ ငလျင်ကြီးနဲ့ နောက်ဆက်တွဲ ငလျင်ဒဏ်ကြောင့် လူပေါင်း ၁၀၀၀ ကျော်သေဆုံးခဲ့ရပြီး သမိုင်းဝင်နေရာတွေ၊ အထပ်မြင့်တိုက်တွေ၊ လမ်းတံတားတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ လူနေအိမ်တွေ အတော်များများ ထိခိုက်ပျက်စီး ဆုံးရှုံးလျက်ရှိတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြနေကြပါတယ်။