“ရန်ကုန်မှာ အကင်ရောင်းနေရင်းနဲ့ ပေါ်တာနဲ့မိတာ။ပြီးတော့ သူတို့ သင်တန်းကျောင်းကို ပို့တယ်။  အသက်က ၁၅ နှစ်။ ရဟတ်ယာဉ်နဲ့ အင်မထီးရွာကို ပို့တယ်။ အင်မထီးရွာကနေ လက်နက်ခဲယမ်းတွေပေးပြီးတော့ တပ်စိတ်ခေါ်ပြီးတော့ စစ်ကြောင်းထိုးတယ်။ အဲဒီဘက်အခြမ်းရောက်တော့ ဘန်ကာထဲမှာ နေရာယူခိုင်းတယ်။ နေရာယူခိုင်းတော့ တိုက်ပွဲဖြစ်တယ်။ သူတို့က ထိတာတွေများလာတော့ သူတို့က ပြန်ပြီး ဆုတ်သွားတာပေါ့။ ညီလေး အိပ်ပျော်ကျန်ခဲ့တယ်။ သူတို့က မနှိုးသွားဘဲ ပြန်ဆုတ်သွားတယ်”

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါ်တာဆွဲဖမ်းဆီးပြီး ရှေ့တန်းပို့ဆောင်ခံခဲ့ရတဲ့ အသက် (၁၅)နှစ်အရွယ် မောင်နေထက်လင်းကို စစ်သုံ့ပန်းအဖြစ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA က ဖမ်းဆီးရမိခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခလရ(၃) ကိုယ်ပိုင်အမှတ်- တတ/၁၃၂၁၇၁ တပ်သား- စိုးလင်းအောင် ၏ ပြောကြားချက်၊ ရိက္ခာလာပို့ရင် အကြီးအကဲတွေ စား၊ အန္တရာယ်တစ်ခုခုဆိုရင် တပ်သားတွေကို ထိုးကျွေး (ရုပ်/သံ)

''ထမင်းတွေ မစားရမသောက်ရ ငတ်ပြတ်ပြီးတော့ ရောဂါဖြစ်တာကို ဆေးကုသမှုမပေးတာ၊ စားဖို့ သောက်ဖို့ ရိက္ခာတွေလည်း လာမပို့ပေးတာကြောင့် အလင်းဝင်တာပါ။ ဖိနှိပ်မှုက မတရားများတယ်ခင်ဗျာ။ ရိက္ခာလာပို့ပြီဆိုရင် ရဲ‌ဘော်တွေကို ကျွေးတာမရှိဘူး။ သူတို့ အကြီးအကဲတွေပဲ အများဆုံးစားတယ်။ တစ်ခုခုဖြစ်ရင် ရဲဘော်တွေကိုပဲ ထိုးကျွေးကြတယ်။ ရဲဘော်တွေ တော်တော်များများက အကြီးအကဲတွေကို စိတ်နာနေကြတယ်''
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) တပ်သား- ဇင်မျိုးအောင်၏ ပြောကြားချက် (ရုပ်သံ)

''လွတ်လပ်ချင်လို့၊ လက်နက်ကိုင်မဖြစ်ချင်လို့။ တစ်ယောက်နဲ့ တစ်ယောက်ပစ်ခတ်တိုက်ခိုက်နေတာ မလုပ်ချင်လို့ပေါ့။ အလင်းဝင်ခဲ့တာပါ''
Read More

ရေစကြိုမြို့ ခလရ ၂၅၇ မှ စစ်မှုထမ်းတပ်သား ချစ်စမ်းကို၊ ရေစကြိုမြို့ ခလရ ၂၅၆ မှ စစ်မှုထမ်းတပ်သား မြင့်စိန်၊ ရေစကြိုမြို့ ခလရ ၂၅၈ မှ စစ်မှုထမ်းတပ်သား စည်သူကျော်တို့ Southern YSO PDF ထံ အလင်းဝင်ပြီးနောက် ကျူးလွန်ခဲ့သည့် ပြစ်မှုများကို ဝန်ခံ (ရုပ်/သံ)

“ဘလဗရွာကို မီးရှို့တာ ၂ ခါရှို့တာပေါ့နော်။ ပထမတစ်ခါ ရှို့ပြီးတဲ့အချိန်မှာ သူတို့ စစ်တပ်က ထိန်းသိမ်းထားတဲ့ ဘုန်းကြီးကျောင်းထဲမှာ ဓားစာခံလုပ်ဖမ်းထားတယ်။ ဘွားတော်ကြီး ၂ ယောက်ရယ် အဘိုးကြီး ၁ ယောက်ရယ် သူတို့က ၃ ယောက်။ မီးရှို့တာကိုမြင်တော့ သူတို့ အိမ်တွေမှာ နွားတွေ ချည်ထားခဲ့တာ ရှိတယ်ပြောတော့ မီးကို သွားငြှိမ်းပေးတယ်။ သွားငြှိမ်းတာ အယောက် ၃၀ လောက်ရှိမယ်။ ငြှိမ်းတဲ့ဟာကို သူတို့က ဓာတ်ပုံရိုက်ပြီးတော့ ဘာလုပ်လဲဆိုတော့ PDF က ရှို့ထားတဲ့ မီးကို တပ်မတော်သားတွေက ငြှိမ်းနေပါတယ်ဆိုပြီး လုပ်တယ်။ ရှို့တာက စစ်တပ်က ရှို့တာ”
Read More

အာဏာရှင်ကို ကာကွယ်မလား ပြည်သူကို ကာကွယ်မလားဆိုတာ ရွေးချယ်ခဲ့ရသူ (ရုပ်/သံ)

“ကျနော် စစ်သားဖြစ်ခဲ့တယ်။ ဒါပေမယ့် တိုင်းပြည်ကို ကာကွယ်ဖို့ပဲ စစ်သားလုပ်ခဲ့တာ။ ကိုယ့်ပြည်သူကို ပြန်ကာကွယ်ဖို့ အခြေအနေကိုပဲ လိုချင်ခဲ့တာ။ ကျနော်တို့ကို လက်ထဲမှာ ကျည်ဆန် အပြည့်အဝ ထည့်ပေးတယ်။ သေနတ် တစ်လက်ပေးတယ်။ ပြီးရင် ကိုယ့်ပြည်သူကို ပြန်သတ်ခိုင်းတယ်”
Read More

ဗျူဟာစခန်းသိမ်းတိုက်ပွဲတစ်ခုမှာ လက်နက်ချခဲ့တဲ့ စစ်ဆင်​ရေး (G-2) အဆင့်ရှိ ဗိုလ်မှူး ​အောင်မျိုးထက်

'တပ်မတော်ကို သစ္စာဖောက်တာမဟုတ်ဘဲနဲ့ ကျနော်တို့ကတော့ ပြည်သူလူထုနဲ့ ပူးပေါင်းပါဝင်တယ်လို့ပဲ ထင်မြင်ယူဆပါတယ်။ ပြည်သူလူထုရဲ့ မေတ္တာကို ရရှိတယ်လို့လည်း ပြန်ကြားရတဲ့အတွက်ကိုလည်း အတိုင်းမသိ ဝမ်းသာရပါတယ်'
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် KRF တပ်ဖွဲ့၀င်များကို ပြည်သူများ ကြိုဆို (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲကနေ ပြန်လာတဲ့ ကလေးဒေသတော်လှန်ရေးတပ် (KRF) ရဲဘော်​တွေကို​ ဒေသခံပြည်သူ​တွေက​ ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့ KRF က ထုတ်ပြန်ထားပါတယ်။