ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း နှစ်ပေါင်း ၂၈ နှစ်ကျော် အကြမ်းဖက်စစ်တပ် ဝင်ရောက်ကျူးကျော် တပ်စွဲထားတဲ့ ထီးကပလယ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ထီးကပလယ်တပ်စခန်းကို ဇွန်လ ၂၂ ရက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (K.N.D.O) တို့ရဲ့ ဦးဆောင်မှုနဲ့ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (P.D.F) ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

KNU တို့ မာနယ်ပလောဌာနချုပ်က ဆုတ်ခွာရပြီးနောက် ထီကပလယ်စခန်းကို ၁၉၉၅ ခုနှစ် မေလမှ စတင်ကာ KNU ဌာနချုပ်သစ်အဖြစ် ပြောင်းရွှေ့ တည်ထောင်ခဲ့တာဖြစ်ပါတယ်။

ပြောင်းရွှေ့ပြီး (၂) နှစ်မပြည့်မှီ ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလမှာ အကြမ်းဖက်စစ်တပ်ရဲ့ ထပ်မံကျူးကျော် တိုက်ခိုက်သိမ်းပိုက်တာကို ခံခဲ့ရပြီးနောက် (၂၈) နှစ်အကြာမှာမှ ထီးကပလယ် တပ်စခန်းကို ပြန်လည်ရယူသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ပြန်လည်သိမ်းပိုက်ရရှိတဲ့ ထီးကပလယ် တပ်စခန်းရှေ့မှာ တွေ့ရတဲ့ K.N.L.A၊ K.N.D.O နဲ့ P.D.F တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ KNU)
0 Shares:
You May Also Like
Read More

ဖားဆောင်းမြို့တွင်း ကလလတ တပ်ရင်း ၉၄၂၅ ၏ စစ်ရေးလှုပ်ရှားမှု ပုံရိပ်များ (ဓာတ်ပုံသတင်း)

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့တွင်း စစ်ရေးလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံတွေကို ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(KPLA) တပ်ရင်း (၉၄၂၅) က ပြုလုပ်နေတဲ့ Cover Fighter's Projects က မတ်လ (၁၉)ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

မင်းတပ်မြို့နယ်တွင် ၄ နှစ်ကျော်အတွင်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ပြည်သူ (၄၀) ဦး သေဆုံးခဲ့ပြီး (၁၂၀) ဦး ထိခိုက်ဒဏ်ရာရ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ ၂၀၂၁ ခုနှစ်ကစလို့ ဒီနေ့အချိန်အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ အယောက် (၄၀) သေဆုံးခဲ့ပြီး အယောက် (၁၂၀) ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

(၇၈) ကြိမ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ (KNDO Day) အခမ်းအနားအား KNDO စစ်ဌာနချုပ်တွင် ကျင်းပ

ဇူလိုင်လ (၁၆)ရက်မှာ ကျရောက်တဲ့ (၇၈)ကြိမ်‌မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ (KNDO DAY) ဂုဏ်ပြုပွဲအခမ်းအနားကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) စစ်ဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မင်းတုန်းမြို့အဝင် ဆက်ကြေးကောက်ရန် ထွက်လာသည့် ရဲ ၂ ဦး တိုက်ခိုက်ခံရပြီး သေ

မကွေးတိုင်း၊ မင်းတုန်းမြို့အဝင်လမ်းပိုင်းမှာ ဆက်ကြေးကောက်ဖို့ထွက်လာတဲ့ စစ်ကော်မရှင်လက်အောက်ခံ ရဲ ၂ ယောက်ကို တိုက်ခိုက်ရာ သေဆုံးသွားကြောင်း သရက်ခရိုင် အမှတ် ၄ တပ်ရင်း သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
Read More

ပေါက်ခေါင်းတွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ ပေါက်ခေါက်မြို့နယ်၊ စမ်းမကြီးကျေးရွာကို စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်မှုကြောင့် ကျေးရွာထဲမှာရှိနေတဲ့ ၄၅ နှစ်အရွယ် အမျိုးသမီး ၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ဘူးသိုမြို့နယ်အတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၃ နှစ်အရွယ်ကလေးအပါ (၂) ယောက် သေဆုံးပြီး ကလေး (၁) ယောက် ဒဏ်ရာရ

ကရင်ပြည်နယ်၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၃ နှစ်အရွယ်ကလေးအပါ (၂) ယောက် သေဆုံးပြီး ကလေး (၁) ယောက် ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။