မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်လာပါတယ်။
စက်တင်ဘာလ ၂၀ ရက် ညနေပိုင်းက ငါန်းမြာကြီးရွာရှိ ဈေးဆိုင်တန်း အနီးတဝိုက်နဲ့ ငါန်းမြာကြီးကျေးရွာအုပ်စု၊ သဖန်းသာရွာတို့ကို အကြမ်းဖက် စစ်အုပ်စုက ဂျက်ဖိုက်တာ (၂)စင်းနဲ့ ပေါင်(၅၀၀)ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၉)နှစ်အရွယ် ကလေးငယ်တစ်ယောက် အပါအဝင် ပြည်သူ (၁၀) ယောက်နဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်(၂) ယောက် စုစုပေါင်း (၁၂) ယောက် သေဆုံးပြီး ပြည်သူ(၅) ယောက် ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စျေးဆိုင်တန်း၊ ဆိုင်ကယ်တွေ အပါအဝင် ပြည်သူပိုင် အိုးအိမ် (၁၀)လုံးခန့်လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာလ ၂၁ ရက်၊ နေ့လယ်ပိုင်းမှာလည်း မိုးတောင်ရွာနဲ့ ကုန်းလည်ရွာတို့ကို တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာ မိုးတောင်ကျေးရွာ အ.ထ.ကခွဲကျောင်းရှိ ကျောင်းဆောင် (၃)ဆောင် ထိခိုက်ပျက်စီးခဲ့ပြီး ကုန်းလယ်ကျေးရွာက စေတီဓမ္မာရုံ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရရှိရေးဆိုတဲ့ ဦးတည်ချက်တွေကို ခိုင်ခိုင်မာမာ လက်ကိုင်ဆွဲထားပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ ကျူးလွန်မှုတွေကို အပြစ်ပေး အရေးယူနိုင်ရေး အစွမ်းကုန် တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ ပြည်သူ့လွတ်လပ်ရေးတပ်တော် ဗဟိုကော်မတီဝင် တွေ့ဆုံ၊ စစ်ရေးနဲ့ အုပ်ချုပ်ရေး ပူးပေါင်းလုပ်ဆောင်ဖို့ ဆွေးနွေးခဲ့

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကချင်အထူးဒေသ(၁) နယ်မြေသတ်မှတ်ချက် ပယ်ဖျက်ကြောင်း KIO ထုတ်ပြန်ကြေညာ

စစ်အာဏာရှင်တွေက အာဏာခိုင်မြဲစေဖို့ ခွဲခြားသတ်မှတ်အုပ်ချုပ်ခဲ့တဲ့ ကချင် အထူးဒေသ (၁) ဆိုတဲ့ နယ်မြေသတ်မှတ်ချက် မရှိတော့ဘူးလို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ ဗဟိုကော်မတီက နိုဝင်ဘာ ၂၈ ရက် ဒီနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

စားသောက်ဆိုင်မှာ သောက်စားပြီးပြန်လာတဲ့ ကပစ-၂၁ က တပ်ကြပ်ကြီးဆိုသူ ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ သောက်စားပြီးပြန်လာတဲ့ ကပစ (၂၁) က တပ်ကြပ်ကြီး ၁ယောက်ကို စောင့်ကြိုစစ်ဆေးရာ လက်မခံဘဲ ပြန်ခုခံတာကြောင့် နေရာတင် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း၊ တပ်ခွဲ (၁) ထောက်လှမ်းရေး က မောင်းကိုပြောပါတယ်။
Read More

မုံရွာမှာ လုံခြုံရေးယူနေတဲ့ ရဲနဲ့ စစ်သားတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်အုပ်စုဘက်က ၆ ယောက်သေပြီး သေနတ် ၁ လက် သိမ်းဆည်းရမိ…

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လုံခြုံရေးယူနေတဲ့ ရဲ ၂ ယောက်နဲ့ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်ရှင်းလင်းရာ ရဲနဲ့ စစ်သား ၆ ယောက်​သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့တယ်လို့ မုံရွာမြို့နယ်၊ ပြည်သူ့လုံခြုံရေး အဖွဲ့ ( မြို့နယ် ပ.လ.ဖ) က ထုတ်ပြန်ပါတယ်။
Read More

ခရီးသွားရင်း ပေါ်တာဆွဲခံခဲ့ရသည့် စစ်မှုထမ်းတပ်သားတစ်ဦး အလင်းဝင်

စစ်ကိုင်းမြို့နယ်အတွင်း ခရီးသွားရင်း စစ်ကိုင်းတံတားပေါ်မှာ ပေါ်တာဆွဲခံခဲ့ရတဲ့ စစ်မှုထမ်းတပ်သား တစ်ယောက်ဟာ ဇူလိုင်လ ၁၄ရက်မှာ အလင်းဝင်ရောက်လာတယ်လို့ ဆိပ်ဖြူတစ်ကိုယ်တော် ကျားဇိုးက မောင်းကို ပြောပါတယ်။
Read More

NLD အစိုးရလက်ထက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ထိုင်းနိုင်ငံတွင် ကွယ်လွန်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်် (NLD) အစိုးရလက်ထက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်တာဝန်ယူခဲ့တဲ့ ဒေါက်တာမြင့်ထွေး ​ဟာ ဇန်နဝါရီလ (၂၆) မနေ့ညပိုင်းမှာ ကွယ်လွန်သွားခဲ့ရပြီလို့ သိရပါတယ်။