”ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်က သူငယ်ချင်း ၂ ယောက်အပြင်သွားတဲ့ အချိန်မှာ ပေါ်တာဆွဲခံရတာ။ ဆိုင်ကယ်လိုင်စင်ဖမ်းတာ လိုင်စင်မရှိလို့။ သူငယ်ချင်းကို ပြန်လွှတ်လိုက်ပြီး ကျနော့်ကို အချုပ်ထဲမှာ ၂ ရက်ထားတယ်။ တောင်ငူစုဆောင်းရေး မြို့သစ်ကို ပို့တာ။ ညဆိုရင် ကင်းစောင့်ခိုင်းပြီးတော့ တခါတလေကျရင် ညဆို တစ်ညလုံး ကင်းစောင့်ခိုင်းတယ်။ အနားလည်း မပေးဘူး။ ထမင်းကျ ဝဝဖြိုးဖြိုးလည်း မစားရဘူး။ တညလုံးကင်းစောင့်ပြီး နေ့ခင်းကျတော့လည်း ပေးမအိပ်ဘူး။ အိပ်ငိုက်တော့လည်း နောက်က လေးခွနဲ့ပစ်ခံရတယ်။ စစ်တပ်ထဲက ထွက်ပြေးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တယ် မရပါဘူး။ ဒါပေမယ့် အခုက ၂၅ ရက်နေ့ နေ့လယ်ပိုင်း ၁ နာရီလောက်က အခွင့်အရေးရခဲ့တယ်။ အခွင့်အရေးရပြီးတော့ ကျနော်တို့ ထွက်ပြေးလာတယ်။ လက်နက် တစ်ယောက်တစ်လက်ပါတယ်၊ ခဲယမ်းတွေလည်း ပါတယ်”

0 Shares:
You May Also Like
Read More

လားရှိုးမြို့ ရပ်ကွက် ၂ မြို့မစျေးအား စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် စျေးဆိုင်ခန်း ပျက်စီးခဲ့ရတဲ့ အရပ်သားပြည်သူတွေရဲ့ ပြောစကား (ရုပ်/သံ)

''မကျေနပ်လို့ဆိုရင် လက်နက်ကိုင်အချင်းချင်း ဝင်တိုက်ကြပေါ့။ အဲဒါမျိုးကျတော့ တန်းနေအောင် ထွက်ပြေးကြတယ်။ အခုကျတော့ မဆီမဆိုင် အရပ်သားပြည်သူတွေရဲ့ စီးပွားရေးအရမ်းထိခိုက် တယ်။ ပြည်သူလူထုကို ပစ်မှတ်ထားပြီးတော့ လုပ်နေတယ်လို့ပဲ ထင်ပါတယ်''
Read More

Operation CB (MJ) အတွင်း ဖမ်းဆီးရမိသော စစ်သုံ့ပန်းများ၏ ရင်တွင်းဖြစ်စကား (ရုပ်/သံ)

"သူတို့ ကိုယ်တိုင်က ကတိဖျက်တာ။ အဲဒါကို စိတ်နာနေကြတာ။ လေယာဉ် တစ်စီးနဲ့ မင်းတို့ ၂၄ ယောက်နဲ့ မလဲနိုင်ဘူးဆိုတဲ့ စကားကို တအားကို စိတ်နာသွားတာ။ တချို့တွေဆို ပြည်သူ့စစ်တွေပါတယ်။ ကျနော်တို့လို လူဟောင်းတွေတောင် စိတ်နာတာ ပြည်သူ့စစ်တွေ ပြောမနေနဲ့တော့…. စားနပ်ရိက္ခာလာ ချပေးပါဆိုတော့ မင်းတို့အတွက်နဲ့ ငါ့လေယာဉ်အဆုံးရှုံးမခံနိုင်ဘူးတဲ့။ မင်းတို့ဖြစ်တာ ဘာမှမဖြစ်ဘူး။ ငါ့လေယာဉ် တစ်ခုခုမဖြစ်ဖို့ပဲတဲ့''
Read More

အညာရှေ့တန်းစစ်မျက်နှာမှ အမျိုးသမီး စနိုက်ပါသမား မိကျော့ (ရုပ်/သံ)

အညာရှေ့တန်းစစ်မျက်နှာမှာ အမျိုးသမီးရဲဘော် ၁ ယောက်အနေနဲ့ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ခဲ့ရတယ်ဆိုတာကို စနိုက်ပါသမား မိကျော့ရဲ့ အတွေ့အကြုံပြောကြားချက်ကို ယင်းမာပင်ခရိုင် တပ်ရင်း-၁ က မျှဝေထားပါတယ်။
Read More

နေအိမ်မှာ ပေါ်တာဆွဲခံခဲ့ရသူ စစ်မှုထမ်း တပ်သား မင်းခန့်၏ ပြောကြားချက် (ရုပ်/သံ)

ပန်းတောင်း-တောင်ကုတ်လမ်းပိုင်းအနီး အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ပုဂံကွဲစခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား မင်းခန့်ဟာ ဧပြီ ၂၀ ရက်က ကျောင်းသားလက်ရုံးတပ်တော်ဆီ အလင်းဝင်ရောက်လာခဲ့ပါတယ်။
Read More

အာဏာရှင်ကို ကာကွယ်မလား ပြည်သူကို ကာကွယ်မလားဆိုတာ ရွေးချယ်ခဲ့ရသူ (ရုပ်/သံ)

“ကျနော် စစ်သားဖြစ်ခဲ့တယ်။ ဒါပေမယ့် တိုင်းပြည်ကို ကာကွယ်ဖို့ပဲ စစ်သားလုပ်ခဲ့တာ။ ကိုယ့်ပြည်သူကို ပြန်ကာကွယ်ဖို့ အခြေအနေကိုပဲ လိုချင်ခဲ့တာ။ ကျနော်တို့ကို လက်ထဲမှာ ကျည်ဆန် အပြည့်အဝ ထည့်ပေးတယ်။ သေနတ် တစ်လက်ပေးတယ်။ ပြီးရင် ကိုယ့်ပြည်သူကို ပြန်သတ်ခိုင်းတယ်”
Read More

ဒေါ်ဖြူဖြူသင်း နှင့် ဗျူဟာ ၂၆ တာဝန်ခံ ရဲဘော်ဘီဘီ တို့ရဲ့ ဆွေးနွေးပြောကြားချက် (ရုပ်/သံ)

ရိုးမခေါ်သံ ၂ ကမ်ပိန်းကို ဇန်နဝါရီ ၁၄ ရက်ကနေ ဖေဖော်ဝါရီ ၂၈ ရက်အထိ ပြုလုပ်နေတာဖြစ်ပြီး အမေရိကန်ဒေါ်လာ တစ်သိန်း ရရှိဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ရရှိလာတဲ့ ရန်ပုံငွေထဲက ၅၀ % ကို ဗျူဟာ ၂၆ အတွက် ကျည်ဆန်ခဲယမ်းနဲ့ ကျည်ကာတွေ ဖြည့်တင်းသွားမှာဖြစ်ပြီး ကျန် ၅၀ % ကိုတော့ စစ်ဒေသခွဲ ၂ ဆက်စပ်လိုအပ်ချက်တွေ ဖြည့်ဆည်းသွားမှာ ဖြစ်ပါတယ်။