ကရင်နီပြည်နယ်၊ မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် အမှတ်(၁၀၀၁)တပ်ရင်း ၊ တပ်ခွဲ-၃ (ကျွဲချိုတပ်ခွဲ) က ရဲဘော်ရဲ့ စျာပနအခမ်းအနား မှတ်တမ်းပုံရိပ်တွေကို ကျွဲချိုတပ်ခွဲက မနေ့က ထုတ်ပြန်ပါတယ်။

ကျဆုံးရဲဘော်ဖြစ်သူ ရဲဘော်မောင်နေမင်းထွေး(ခ) ဗိုလ်ချုပ်ဟာ မိုးဗြဲမြို့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ရရှိခဲ့တဲ့ ဒဏ်ရာနဲ့ ဇွန်လ ၁၇ ရက်မှာ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကျဆုံးရဲဘော်ဟာ ပြည်သူ့ကာကွယ်ရေးတပ်၏ သစ္စာအဓိဌာန် (၄) ချက်နဲ့အညီ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်မှာ စတင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး (၁)နှစ်ကျော်ကာလထိ ပေးအပ်ရာ တိုက်ခိုက်ရေး တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့ကာ ကရင်နီဒေသရှိ မိုးဗြဲမြို့တွင်းတိုက်ပွဲတွေအပြင် အခြားတိုက်ပွဲပေါင်း (၁၀၀) ထက်မက မဟာမိတ်တပ်တွေနဲ့အတူ ရွပ်ရွပ်ချွန်ချွန် ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကျဆုံးရဲဘော် ရဲဘော်မောင်နေမင်းထွေးဟာ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် အမှတ်(၁၀၀၁)တပ်ရင်း ၊ တပ်ခွဲ-၃ ကျွဲချိုတပ်ခွဲမှာ သမိုင်းပေးတာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ရင်း ကျဆုံးခဲ့တဲ့ ၁၂ ယောက်မြောက် အာဇာနည်ရဲဘော်ဖြစ်တယ်လို့ သိရပါတယ်။

ဇွန်လ ၁၆ ရက်ကလည်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်အမှတ်(၁၀၀၁)တပ်ရင်း၊ ကျွဲချိုတပ်ခွဲက အသက် ၁၈ နှစ်အရွယ် ရဲဘော် အာကာထွန်း (ခ) ဥက္ကာဟာ မိုးဗြဲမြို့တိုက်ပွဲအတွင်း ကျဆုံးခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

NUG အစိုးရက တစ်ပတ်တိုးချဲ့ထားတဲ့ ထိုးစစ်ရပ်စဲရေးကာလမှာ နိုင်ငံတကာက စောင့်ကြည့်ရေးယန္တရားထူထောင်ပေးဖို့ NUG နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရက ငလျင်ဘေးကြောင့် ထိုးစစ်ရပ်စဲရေးကာလကို တစ်ပတ်တာ တိုးချဲ့ထားရာ နိုင်ငံတကာအနေနဲ့ စောင့်ကြည့်ရေးယန္တရားထူထောင်ပေးဖို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဒီနေ့ပြုလုပ်တဲ့ စစ်ကိုင်းငလျင်ကြီး (Major Earthquake) တုံ့ပြန်ရေးလုပ်ငန်းစဉ်အကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
Read More

KNDF အမှတ် (၁၅) တပ်ရင်း ၃နှစ်ပြည့် အခမ်းအနား

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF အမှတ်(၁၅)တပ်ရင်းအနေနဲ့ အောက်တိုဘာလ (၂၈) ရက်မှာ ကျရောက်ခဲ့တဲ့ (၃) နှစ်ပြည့်အခမ်းအနားကို မြေပြင်အခက်အခဲ အခြေအနေ အမျိုးမျိုးကြောင့် ဒီဇင်ဘာလ (၂၈) ရက်မှာမှ ကရင်နီပြည်နယ် မြေပြင်တစ်နေရာမှာ ပြုလုပ်နိုင်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

၂၀၂၄ ခုနှစ်ဟာ တော်လှန်ရေးမှာ အောင်မြင်ခဲ့တဲ့ နှစ် ဖြစ်တယ်လို့ ဒေါက်တာဇော်ဝေစိုး ညွှန်းဆို

“တော်လှန်ရေးကို စတင်မယ်လို့ပြောထဲက ဒီနေ့အထိ ကျွန်တော်တို့ရဲ့ အောင်မြင်မှုဟာ တစ်ရက်လေးမှနောက်ပြန်မလှည့်ခဲ့ဘူး လက်လျှော့ အရှုံးမပေးခဲ့ဘူး ဒါဟာတော်လှန်ရေးမှာ နေ့စဉ်အောင်မြင်နေခြင်းပဲ အထူးသဖြင့်ပြောရမယ်ဆိုရင်တော့ ဒီ ၂၀၂၄ ဟာ အောင်မြင်တဲ့နှစ် Victory Year လို့တောင်ပြောရမှာ ဖြစ်ပါတယ် “လို့ပါမောက္ခဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
Read More

သီပေါမြို့ကို အကြမ်းဖက်စစ်တပ် ဗုံး ၄ လုံး ကြဲချမှုကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် နေအိမ် ၁၃ လုံး ပျက်စီး

ရှမ်းပြည်နယ်အတွင်း တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားရာ သီပေါမြို့ကို အကြမ်းဖက်စစ်တပ်က ထပ်မံလေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၁၃ လုံး ပျက်စီးသွားခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနားကို TNLA အမျိုးသမီး စစ်သည်တွေ ဦးဆောင်ပြုလုပ်ခဲ့…

တအာင်းတပ်မတော် TNLA ရဲ့ တပ်မဟာ (၃) နယ်မြေ တစ်နေရာမှာ TNLA အမျိုးသမီးစစ်သည်တော် ကော်မတီတွေက နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းမြို့အနီးတစ်ဝိုက်ကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၇.၇အဆင့်နှင့် ၆.၄ အဆင့်ရှိ အင်အားပြင်း ငလျင် ၂ ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိလေ့လာရေး အသင်း ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာကို ဗဟိုပြုပြီး ဒီနေ့ နေလယ် ၁၂ နာရီ ၅၀ မိနစ်အချိန်မှာ ရစ်ချက်တာစကေး ၇.၇ အဆင့်ရှိ အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် ဘူမိလေ့လာရေး အသင်း (USGS) က ထုတ်ပြန်ထားပါတယ်။