ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က ဧရာဝဏ်ရဲစခန်းဂိတ်ကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ရဲ ၁ ယောက် နေရာမှာပဲ သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Mother Son Yangon Force တာဝန်ရှိသူ ဗိုလ်နိုင် က မောင်းသတင်းဌာနကို ပြောပါတယ်။
ဇွန်လ ၂၀ ရက် မနေ့က ည ၈ နာရီအချိန်မှာ တောင်ဒဂုံမြို့နယ်၊ မောင်းမကန်လမ်းမကြီးနဲ့ ဧရာဝဏ်လမ်းမကြီးထိပ်မှာရှိတဲ့ ရဲစခန်းရှေ့ဂိတ်ကင်းရှိရာကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေက လက်ပစ်ဗုံး ၂ လုံးနဲ့ ရှေ့ဆင့်နောက်ဆင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

” အဲ့စခန်းဂိတ်က ရဲတစ်ယောက်က အပြင်ကို ဆေးလိပ်ထွက်ဝယ်လိုက်၊ သောက်လိုက်နဲ့ လုပ်​နေတာ၊ သူ့ကို ကျနော်တို့ စောင့်ကြည့်နေတာ ကြာပြီ။ ဒါနဲ့ ဒီကောင် ဆေးလိပ်ထွက်ဝယ်ပြီး ဂိတ်ဝမှာ ထိုင်သောက်တဲ့အချိန် လက်ပစ်ဗုံး ၁ လုံးအရင်ပစ်လိုက်ပါတယ်။ ဗုံးက သူ့နားတင်ကျပြီး ပေါက်ကွဲလို့ တန်းသေတယ်ပေါ့။ အဲ့နောက်ကျမှ ဗုံးနောက် ၁ လုံးကို ဂိတ်ကင်းရှိရာနား ထပ်ပစ်တာပါ။ အဲ့အလုံးကလည်း ဂိတ်ဘေးကို ကျပြီး ၂ ယောက် ဒဏ်ရာရပါတယ်”လို့ Mother Son Yangon Force တာဝန်ရှိသူ ဗိုလ်နိုင် က မောင်းသတင်းဌာနကိုပြောပါတယ်။

တိုက်ခိုက်မှုအပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ – လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရတဲ့ တောင်ဒဂုံ ဧရာဝဏ်ရဲစခန်းကို မြင်ရစဥ်

လက်ရှိမှာ ရန်ကုန်မြို့အတွင်း အကြမ်းဖက်စစ်ကောင်စီက လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တွေကို စစ်ဆေးဖမ်းဆီးတာတွေ လုပ်ဆောင်နေသလို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ပွဲ အရှိန်ကြောင့်ပါ လုံခြုံရေး တင်းကြပ်မှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

“အခုကာလအခက်အခဲတွေ ကြားတဲ့အတိုင်းပဲ။ ဆိုင်ကယ်တွေ၊ ကားတွေ အစစ်ကြမ်းနေတာ ဒါပေမယ့်လည်း ကျနော်တို့က လုပ်တာပါပဲ။ အဲ့​တော့ပြည်သူတွေအနေနဲ့ ကျနော်တို့နဲ့ ပူးပေါင်းတဲ့အနေနဲ့ စစ်ကောင်စီဂိတ်စခန်းတွေနား မသွားကြပါနဲ့။ တော်လှန်ပြည်သူတွေအားလုံးကျန်းမာကြပါစေ” လို့ Mother Son Yangon Force တာဝန်ရှိသူ ဗိုလ်နိုင် က မောင်းသတင်းဌာနကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်ညပိုင်းကလည်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တရားရုံးကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက အဝေးပစ်လောင်ချာနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
စစ်အုပ်ချုပ်ရေးအမိန့်ရှိရာ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်မှာ ရပ်ကွက်အာဏာပိုင်တွေက စစ်ကောင်စီတပ်တွေနဲ့ လုံခြုံရေးယူကာ ဘေးတွဲဆိုင်ကယ်တွေကို ဖမ်းဆီးတာ၊ ညဘက် အလှည့်ကျ ကင်းစောင့်ခိုင်းတာတွေအပြင် မကြာခဏဆိုသလို ပေါ်တာဆွဲဖမ်းဆီးတာတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

0 Shares:
You May Also Like
Read More

တပ်တွင်းနှိပ်စက်မှုများမှ ထွက်ပြေးလာသည့် စစ်ကောက်စီ တပ်ကြပ် စံမိုး၊ “တပ်ထဲမှာ ကျနော် မကြာခဏ အချုပ်ထဲရောက်ပါတယ်၊ အင်ပင်စခန်းမှာဆို ကျနော့်ကို အမြဲထိုးလိုက်၊ ကြိတ်လိုက်နဲ့”

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ တပ်တွင်းအနိုင်ကျင့်ဖိနှိပ်မှုတွေကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ကြပ် ၁ယောက်ကို သွားရောက်ကယ်ဆယ်ရင်းလိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေကြောင်း Burma Revolution Rangers အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

နတ်သံကွင်း၊ ကွင်းချောင်းဝဗျူဟာရှိ အကြမ်းဖက်စစ်တပ်မှ ပြည်သူ့စစ် (၈) ဦး လက်နက်မဲ့ အလင်းဝင်

ပဲခူးတိုင်းအခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ နတ်သံကွင်း၊ ကွင်းချောင်းဝဗျူဟာမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းသင်တန်းဆင်း ပြည်သူ့စစ် (၈) ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ဗျူဟာ(၂၅)ကွပ်ကဲမှုအောက်ရှိ ပဲခူးခရိုင် တပ်ရင်း ၂ က မနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ချင်းညီနောင်ထိန်းချုပ်ထားသည့် ချင်းတောင်ပိုင်းရှိ မြို့နယ်များအား ယောဒေသမှတဆင့် စစ်အုပ်စု အင်အားအလုံးအရင်းသုံး ချဥ်းကပ်လာနေ

အကြမ်းဖက် စစ်ကော်မရှင်တပ်တွေဟာ မကွေးတိုင်း ယောဒေသကတဆင့် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ကြိုးစားလာနေတာကြောင့် မကွေးတိုင်းထဲကနေ ကန်ပက်လက်မြို့နယ်အတွင်း ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေကို ယာယီပိတ်ထားကြောင်း CDF - Kanpetlet တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ကရင်နီပြည်နယ်အတွင်း အရပ်သားများကို ပစ်မှတ်ထားသော မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများအပေါ် အရေးပေါ်တုံ့ပြန်မှုများ လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ရေဦးမှာ ပြည်သူပိုင်နေအိမ်တွေ မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း (ရေဦးPDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံတွင်  စစ်အုပ်စု အထိုင်ဂိတ် ပြောက်ကျားတိုက်ခိုက်ခံရပြီး ၄ ယောက် သေ

မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်က စစ်ကောင်စီအထိုင်ဂိတ်ကို ပြောက်ကျားပုံစံ ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၄ယောက်သေဆုံးခဲ့ကြောင်း Myimgyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကိုပြောပါတယ်။