မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ထနောင်းကုန်းရွာက ပျူစောထီးအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တစ်ယောက်သေဆုံးကာ လက်နက်တစ်လက်လည်း ချန်ခဲ့တယ်လို့ တောင်သာပကဖထံက သိရပါတယ်။

ဇွန်လ ၁၉ ရက် မနက် ၈ နာရီကျော်လောက်မှာ ထနောင်းကုန်းရွာက ပျူစောထီး ထူးအောင် ဦးဆောင်တဲ့အဖွဲ့ဟာ အဲဒီရွာနဲ့ အနီးနားကျေးရွာတစ်ခုကို ဝင်ရောက်မွှေနှောက်နေချိန် အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ပျူတစ်ယောက် သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့ ဝင်မွှေတဲ့ ကျေးရွာကိုတော့ ထုတ်မပြောချင်ဘူးဗျ။ မပြောချင်တာက အဲဒီကျေးရွာတွေက ပျူတွေနေတဲ့ နေရာနဲ့ မနီးမဝေးမှာရှိနေလို့ အချိန်မရွေး သူတို့နှိပ်စက်မှုဒဏ်ကို ခံရနိုင်တယ်ဗျ၊ သူတို့အချင်းချင်း နှိပ်စက်ပြီးတော့ ပစ်သတ်သွားတာဗျ” လို့ တောင်သာ ပကဖ တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။

ပစ်သတ်ခံရသည့် ပျူစောထီး

တောင်သာ ပကဖဟာ ထနောင်းကုန်းရွာ ပျူစောထီးတွေ ကျေးရွာတစ်ရွာကို လုယက်နေတယ်လို့ သတင်းကြားတဲ့အတွက် ခပ်လှမ်းလှမ်း တောစပ်တစ်နေရာမှာ ကင်းပုန်းဝပ်ပြီး စောင့်နေချိန် သေနတ်သံတွေ ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါ ပျူစောထီးတွေ ထွက်သွားချိန် တောင်သာပကဖက ကျေးရွာထဲ နယ်မြေရှင်းလင်းရေးလုပ်ချိန်မှာ သူတို့အချင်းချင်း ပစ်သတ်ခဲ့တဲ့ ပျူအလောင်းတစ်လောင်းနဲ့အတူ ကာဘိုင်အမျိုးအစား သေနတ်တစ်လက်၊ ကျည် ၂၃ဝ တောင့်၊ ကျည်ဘောက် ၂ ခုတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော် ထင်တာကတော့ သူတို့ လက်နက်ချန်သွားတာက သူတို့ ပျူရဲ့ လက်နက်ကို ယူသွားလို့ရှိရင် သူတို့က ပစ်သတ်ပြီး လက်နက်ယူလာတယ်လို့ ထင်မှာစိုးလို့ လက်နက်ပါ တစ်ခါတည်း ထားခဲ့ပုံပေါက်ပါတယ်” လို့ တောင်သာ ပကဖ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ကျေးရွာထဲက ပစ္စည်းတွေ ယူဆောင်ပြီးတဲ့နောက် ပျူစောထီး ထူးအောင် ဦးဆောင်တဲ့အဖွဲ့ဟာ ထနောင်းကုန်းရွာထဲကို ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။ အဆိုပါ ထနောင်းကုန်းရွာထဲမှာ ပျူစောထီး အဖွဲ့ဝင် ၄၀ နီးပါး ရှိတယ်လို့လည်း သိရပါတယ်။

တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ဇွန်လ ၁၇ ရက်နေ့ကလည်း လမ်းပိုင်းစစ်ဆေးရေး လုပ်ဆောင်နေချိန် ပဲခူးတိုင်း သာဂရ တပ်မတော်အကြီးစားစက်ရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ကြပ်ကြီး ဖြိုးအောင်ကို မြန်မာ့စီးပွားရေးဘဏ်စာအုပ်၊ မှတ်ပုံတင်၊ ယာဥ်မောင်းလိုင်စင်၊ ရွှေလက်စွပ်တစ်ကွင်းနဲ့အတူ ဖမ်းဆီးရမိခဲ့ပါသေးတယ်။

ချန်ထားခဲ့သည့် လက်နက်ခဲယမ်းအချို့

 

0 Shares:
You May Also Like
Read More

တော်လှန်ရေးတပ်များအား လာရောက်ထောက်လှမ်းသည့် ပျူစောထီးကို ပစ်ခတ်ရှင်းလင်းခဲ့ဟု ဆို

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ စက်တိုင်ရပ်ကွက်မှာ နေထိုင်တဲ့ ပျူစောထီးဖြစ်သူ အေးမျိုးအောင်ကို စစ်ဆေးနေစဉ် ခုခံထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

CDF – KKG တပ်ရင်း (၂) ရဲ့ အပတ်စဉ် ( ၅ ) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ 

Chinland Defense Force, Kalay - Kabaw - Gangaw (CDF - KKG) တပ်ရင်း (၂) က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက် မနေ့က နေ့လယ်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖေဖော်ဝါရီလအတွင်း ရန်ကုန်မှာ လူငယ် ၂၃၀ ကျော် ဖမ်းဆီးခံရ

ပြီးခဲ့တဲ့ ၂၀၂၅  ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့ပေါ်မှာ လူငယ်လူရွယ် ၂၃၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း  Rangoon Scout Network (RSN) က ထုတ်ပြန်လိုက်ပါတယ်။
Read More

မွန်ပြည်နယ်တွင် ရွေးကောက်ပွဲဥပဒေကြောင့် ဖမ်းဆီးခံရသူ အပါအဝင် နိုဝင်ဘာလအတွင်း အယောက် ၅၀ ထက်မနည်း ဖမ်းဆီးခံရ

မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ရွေးကောက်ပွဲဥပဒေကြောင့် ဖမ်းဆီးခံရသူ ၁ယောက် အပါအဝင် အယောက် ၅၀ ထက်မနည်း ဖမ်းဆီးခဲ့ရတယ်လို့ လဂွန်းအိမ်စာစဉ်ရဲ့ မွန်ဒေသတွင်း လူ့အခွင့်အရေးချိူးဖောက်မှု အစီရင်ခံစာအရ သိရပါတယ်။ နိုဝင်ဘာလအတွင်း ရေးမြို့နယ်နဲ့ သထုံမြို့နယ်တို့မှာ တိုက်ခိုက်မှု (၇) ကြိမ်ဖြစ်ပွားခဲ့ပြီး ရေးမြို့နယ်မှာ အများဆုံးဖြစ်ပွားခဲ့ရာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေ၊ ခြုံခိုတိုက်ခိုက်မှုတွေကြောင့် စစ်အုပ်စုဘက်က သေဆုံးသူ (၁၄) ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ (၅) ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ရှေ့တန်းတွင် ကျဆုံး

မကွေးတိုင်းအနောက်ခြမ်းရှိ အရှိုချင်းဒေသက အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) တပ်ဖွဲ့ဝင် ရဲဘော် ၂ ယောက် ရှေ့တန်းတစ်နေရာမှာ ကျဆုံးသွားတယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဝန်းသိုတွင် ကျေးရွာမီးရှို့ပြီး ပြန်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၃ ဦး သေ၊ ၃ ဦး ဒဏ်ရာရကာ အရှင်ဖမ်းခံရသူများလည်း ရှိ

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်မှာ ကျေးရွာတွေ မီးရှို့ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ က ထုတ်ပြန်ထားပါတယ်။