ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ အမှတ် ၃၂ ရဲတပ်ရင်းရဲ့ အဓိက ကာကင်းစခန်းတစ်ခုကို AA က သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့တယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ပြိုင်းစေ့ကေရွာမှာရှိတဲ့ အဆိုပါ ကာကင်းစခန်းမှာ စစ်ကောင်စီတပ်သား ၈၀ ဝန်းကျင်ရှိပြီး အဆိုပါ စခန်းကို AA က ဇွန်လအတွင်း စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စခန်းသိမ်းတိုက်ပွဲမှာ စစ်အုပ်စုဘက်က သေဆုံးသူ အယောက် ၅၀ ထက်မနည်းရှိပြီး အရှင်ဖမ်းမိသူတွေလည်း အများအပြား ရှိခဲ့တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က သူ့ရဲ့လူမှုကွန်ရက်မှာ ဆိုထားပါတယ်။

“ပြိုင်းစေ့ကေရွာကို ဒီလထဲမှာတော့ တိုက်တာပဲ ရက်အတိအကျတော့ မမှတ်မိဘူး။ စစ်ကောင်စီဘက်က ဒါဇင်ချီသေဆုံးတယ်လို့ ကြားတယ်။ အရှင်ဖမ်းဆီးမိသူတွေလည်း ရှိတယ်။ အရေအတွက် အတည်ပြုလို့ မရသေးဘူး။ AA ဘက်လည်း ထိခိုက်သေဆုံးမှုတွေ ရှိမှာပါ” လို့ CDM ဗိုလ်ကြီး ဇင်ယော်က မောင်းကို ဒီနေ့မနက်ပိုင်းမှာ ပြောခဲ့ပါတယ်။

ကျောက်ဖြူမြို့ အမှတ် ၃၂ ရဲတပ်ရင်းရဲ့ ကာကင်းစခန်းဖြစ်တဲ့ ပြိုင်းစေ့ကေရွာရှိ စစ်တပ်စခန်းကို AA က သိမ်းပိုက်ပြီးတဲ့နောက် အမှတ် ၃၂ ရဲတပ်ရင်းကိုလည်း ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ကာ ပိတ်ဆို့တိုက်ခိုက်လျက် ရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ရာသီဥတုအခြေအနေကြောင့် စစ်အုပ်စုဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ရောက်လာတာမျိုး မရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် ရဲတပ်ရင်း (၃၂) ကို သိမ်းပိုက်ပြီးတဲ့နောက် နောက်ထပ်ကျန်ရှိနေသေးတဲ့ ကျောက်ဖြူလေဆိပ်၊ အဲ့ကနေတစ်ဆင့် ခလရ (၃၄)၊ အကျဥ်းထောင် စတာတွေကို သိမ်းပိုက်နိုင်သွားရင်တော့ အာရက္ခတပ်တော်အနေနဲ့ ကျောက်ဖြူမြို့ နေရာအတော်များများကို ထိန်းချုပ်ထားနိုင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အာရက္ခတပ်တော် AA အနေနဲ့ ရခိုင်မှာ မြို့နယ် ၁၄ ခုနဲ့ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားပြီး ကျောက်ဖြူ၊ မာန်အောင်၊ စစ်တွေတို့ကို သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။

အာရက္ခတပ်တော် AA အနေနဲ့ စစ်ကောင်စီရဲ့ နှမ်းဖဲတောင်တပ်စခန်း၊ မင်းတပ်တောင် တပ်စခန်းနဲ့ လိပ်ခမော်တပ်စခန်းတို့ကို သိမ်းပိုက်ထားပြီး၊ ကျန်ကျောက်ဖြူမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကိုလည်း တစ်ခုနဲ့တစ်ခု စစ်ကူမပို့ပေးနိုင်အောင် အာရက္ခတပ်တော် AA က ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားကာ၊ မကြာခင် အမှတ် ၃၂ ရဲတပ်ရင်း၊ ပြီးရင် လေဆိပ်၊ ခလရ ၃၄ နဲ့ ကျောက်ဖြူထောင် အဲ့ကတဆင့် ကျောက်ဖြူမြို့သိမ်းတိုက်ပွဲကို အပြီးသတ်ဆင်နွှဲလိမ့်မယ်လို့ ထင်မြင်ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ရေဦးမြို့တွင် တရားမဝင်ရွေးကောက်ပွဲ ပြုလုပ်နေစဉ် စာသင်ကျောင်းနှင့် ဆေးရုံများကို အကြမ်းဖက်စစ်တပ်မှ ဗုံးကြဲ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်တရားမဝင် ရွေးကောက်ပွဲ ပြုလုပ်နေတဲ့အချိန်မှာပဲ အနီးပတ်ဝန်းကျင် ကျေးရွာတွေက စစ်ရေးပစ်မှတ် မဟုတ်တဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ တိုက်နယ်ဆေးရုံတွေကို  အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စမ်းချောင်းမြို့နယ်ရှိ မဟာမြိုင်ရဲဝန်း လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်က မဟာမြိုင်ရဲဝန်း လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခံရပြီး ထိခိုက်မှုတွေရှိကြောင်း မစ်ရှင်လုပ်ဆောင်ခဲ့တဲ့ Freeland Attack Force (FLA) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

လုံခြုံရေး စစ်ဆေးမှုလုပ်ဆောင်နေသည့် တော်ဝင်ဒေါင်းတပ်ရင်း အမျိုးသမီးစစ်သည်များ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ တော်ဝင်ဒေါင်းတပ်ရင်းက အမျိုးသမီးစစ်သည်တချို့ရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါ စစ်ကြောင်းက ထုတ်ပြန်ဖော်ပြလာပါတယ်။
Read More

တော်လှန်ရေး ကြာမြင့်လာသည်နှင့်အမျှ လုပ်ဆောင်မှုတိုင်းက ချက်ချင်းမြင်သာသည့် အကျိုးရလဒ်များ ဖော်ပြနိုင်ရန် လိုအပ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ် ပြော

အကြမ်းဖက်စစ်အာဏာရှင်ကို တော်လှန်နေတဲ့ နွေဦးတော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှ လုပ်ဆောင်မှုတိုင်းဟာ ချက်ချင်း မြင်သာတဲ့ အကျိုးရလဒ်တွေ ဖော်ပြနိုင်ဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။
Read More

NLD အစိုးရလက်ထက် စစ်တပ်ခန့် ဒုသမ္မတ ဦးမြင့်ဆွေ ဆုံးပြီဟု သတင်းများထွက်ပေါ်ခဲ့

အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) မှာ ယာယီသမ္မတရာထူး ယူထားတဲ့ ဦးမြင့်ဆွေဟာ အမှတ်(၂) စစ်ဆေးရုံ ခုတင် (၁၀၀၀)မှာ သေဆုံးသွားပြီလို့ သူနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။